ရုရှနိုင်ငံက ယဲ(လ်)ဆင်

>> Friday, April 27, 2007

တင့်ကားပေါ်ကနေ စစ်တပ်ကိုရင်ဆိုင်နေတဲ့ ယဲ(လ်)ဆင်
၂၀၀၇ခုနှစ်ဧပြီလ ၂၃ရက်မှာ ခေတ်သစ် ရုရှဖက်ဒရေးရှင်းနိုင်ငံရဲ့ ပထမဆုံး သမ္မတဖြစ်ခဲ့သူ ဘာရစ်(စ်) နီကိုလိုင်ယဲဗစ်(ခ်ျ) ယဲ(လ်)ဆင် ကွယ်လွန်သွားခဲ့ပါပြီ။ ဘာရစ်(စ်) နီကိုလိုင်ယဲဗစ်(ခ်ျ) ဟာ ရုရှနိုင်ငံမှာ ကွန်မြူနစ်စံနစ်ကို အဆုံးသတ်ပြီး ဒီမိုကရေစီ စီမံအုပ်ချုပ်ရေး စံနစ်ကို ပုံဖေါ်ပေးခဲ့သူ အဖြစ် ထင်ရှားကျော်ကြားသူပါ။ ၁၉၉၁ခုနှစ် သြဂုတ်လမှာ ဗလာဒီမီ ကရုချကော့ဗ် ဦးဆောင်တဲ့ ကွန်မြူနစ်တွေ အာဏာသိမ်းရန် လုပ်ဆောင်ခဲ့စဉ်က ယဲ(လ်)ဆင်ဟာ အစိုးရအိမ်ဖြူကို ၀န်းရံပိတ်ဆို့ထားတဲ့ တပ်တွေထဲက တင့်ကားတစင်းပေါ်တက်ပြီး အာဏာသိမ်းဖို့လာတဲ့တပ်တွေကို ရင်ဆိုင် စကားပြောခဲ့ပါတယ်။
အဲဒီ အချိန်ကစလို့ ယဲ(လ်)ဆင်ကိုကမ္ဘာတ၀ှမ်းက လူတွေ သတိထားမိလာကြပြီး ထောက်ခံခဲ့ကြပါတယ်။ ၁၉၉၁ခုနှစ် ဒီဇင်ဘာလမှာ ယဲ(လ်)ဆင်ဟာ ယူကရိန်းသမတ လီယိုနစ်(ဒ်) ကရာ့(ဗ်)ချု(က်) ဘယ်လာရု(စ်)သမတ စတန်နီစလာဗ် ရှုကဲဗစ်(ခ်ျ) တို့နဲ့တွေ့ဆုံပြီး ဆိုဗီယက်ပြည်ထောင်စုကိုဖျက်သိမ်းပြီး လွတ်လပ်တဲ့နိုင်ငံများ ဓနသဟာရကို ထူထောင်ကြောင်း ကြေငြာခဲ့ပါတယ်။ ၁၉၉၉ခု ဒီဇင်ဘာ ၃၁ ရက်မှာတော့ သူဟာ ရာထူးမှ ရုတ်တရက် နှုတ်ထွက်ခဲ့ပါတယ်။ နှုတ်ထွက်တဲ့နေ့မှာ သူအုပ်ချုပ်ခဲ့စဉ်ကာလအတွင်းက အမှားတွေအတွက် ခွင့်လွှတ်ဖို့တောင်းပန်ခဲ့ပြီး၊ ရာစုအသစ်မှာ ရုရှားနိုင်ငံအတွက် ခေါင်းဆောင်သစ် လိုအပ်နေပါပြီလို့ ပြောဆိုခဲ့ပါတယ်။ ရုရှားပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို မဖြည့်ဆီးပေးနိုင်ခဲ့တာကို ခွင့်လွှတ်ဖို့၊ သူ့ရဲ့ ရည်မှန်းချက်တွေ ပြီးဆုံးအောင် မလုပ်ပေးနိုင်ခဲ့တာတွေ အတွက် ခွင့်လွှတ်ဖို့ တောင်းပန်ခဲ့ပါတယ်။ ရုရှပြည်သူတွေရဲ့ အကျိုးကိုအပြည့်အ၀ မသယ်ပိုးနိုင်တော့ဘူးလို့ မိမိကိုယ်မြင်လာတဲ့ အချိန်မှာ နှုတ်ထွက်ခဲ့သူ ဖြစ်ပါတယ်။
သူ့ကိုဆန့်ကျင်တဲ့ လူတွေကို ကြမ်းကြမ်းတမ်းတမ်းရင်ဆိုင်ခဲ့တာ၊ လူမြင်ကွင်းမှာ အရက်မူးတတ်တာ၊ ချေချင်းခွဲထွက်ရေးကိစ္စကို ကိုင်တွယ်ပုံတွေမှာ ပြောစရာတွေ ရှိခဲ့ပေမယ့် ရုရှားပြည်သူတွေရဲ့ ချစ်ခင်မှုကို ရရှိခဲ့တဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ သူ့ကို သဂြုင်္ိလ် တဲ့ ဧပြီလ၂၅ရက်နေ့မှာ မော်စကိုမြို့သူမြို့သားတွေဟာ အနက်ရောင်ဝတ်စုံတွေဝတ်ပြီး ၀မ်းနည်းမှုကို ပြသခဲ့ကြပါတယ်။

0 comments:

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP