မူရက်၏ ကိုယ်ဝန်ဆောင်အမျိုးသမီး

>> Wednesday, April 18, 2007



မူရက်၏ ကိုယ်ဝန်ဆောင်အမျိုးသမီးသည် ၂၀၀၂ ခုနှစ်တွင်ဖန်မျှင်များ၊ထင်ရှုးဆီ၊ဆီလီကွန် တို့ဖြင့်ပြုလုပ်ထားသည်။ ယင်းရုပ်ထုကို National Gallery of Australia က၀ယ်ယူခဲ့ပြီး ပြခန်း၏ လူကြည့်အများဆုံးစာရင်းတွင်ပါဝင်သည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးသည် ခေတ်သစ်လက်ရာဖြစ်ပြီး မိခင်ထုကို ကိုယ်စားပြု၍ လူသားအားလုံးကို ကိုယ်စားပြုသော သန္ဓေတည်ခြင်း၊ မွေးဖွားခြင်းတို့ကို ရည်ညွှန်းသည်။
၎င်းအထင်ကရကြီးမားသော၊ခွန်အားပါသောရုပ်ထုသည်လည်းကောင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ အားနွဲ့ခြင်း၊ စိတ်ခံစားမှုအရောင်များသည်လည်းကောင်း ကြည့်ရှုခံစားသူနှင့် မူရက်၏ ရုပ်ထုကြားတွင်ဆက်နွယ်လျက်ရှိသည်။
မူရက်၏ လုပ်ပုံကိုင်ပုံအဆင့်ဆင့်နှင့်နည်းပညာသည် သူ၏ရုပ်ထုများကိုစွဲလမ်းစေသော အဓိကကြောင်းရင်းဖြစ်သည်။
အဓိကအားဖြင့် သူစေ့စပ်သေချာစွာလေ့လာ၍ ဖန်တီးထားသော လူ၏အရေပြားပေါ်ရှိ အပေါက်အသေးလေးများ၊ ဆံပင်၊ မှဲ့၊ ခြေသည်း၏မာကျောမှု၊ အရေးပြားအောက်ရှိသွေးကြောများသည် ကြည့်ရှုခံစားသူများအား ယင်းရုပ်ထုကို သက်ရှိကိုယ်ဝန်ဆောင်တစ်ယောက်အဖြစ် ထင်မိစေသည်။

0 comments:

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP