စားချင်စဖွယ် ဂျပန်အစားအစာ

>> Monday, April 9, 2007

ဂျပန်လူမျိုးတွေဟာ အစားအစာကို အမြင်အာရုံမှာစွဲမက်ဖွယ် စားချင်စဖွယ်ဖြစ်အောင် လှလှပပ ပြင်ဆင်တတ်ကြပါတယ်။ ထမင်းဆုပ်ကိုရေညှိပတ်ပြီး ပင်လယ်စာ၊ အသီးအရွက်၊ မှို၊ ကြက်ဥ၊ အသား တစ်မျိုးမျိုးကို အပေါ်မှာ topping အနေနဲ့၊ ဒါမှမဟုတ် အတွင်းမှ filling အနေနဲ့ ထဲ့ထားတဲ့ စုရှိ (sushi)ဟာ အရသာတော်တော်ကောင်းပါတယ်။(ကိုချစ် တစ်ခါကြီးတောင် စားဘူးလို့ပြောတာပါ)။

နောက် စိတ်ဝင်စားစရာကောင်းတာက ငါးအစိမ်းကို ပါးပါးလွာထားတဲ့ စာရှိမိ(sashimi)ပါ။ စာရှိမိကို ပဲငံပြာရည်၊ ၀ါဆားဘိလို့ခေါ်တဲ့ ပူပူစပ်စပ် paste တို့နဲ့ တို့စားကြပါ တယ်။ စားချင်စဖွယ်ကောင်းတဲ့ နောက်ဟင်းလျာတစ်မျိုးကတော့ အမဲသားဆီပူထိုးပါ။ အာလူးကြော်ထားတဲ့ style ကလည်း French fries ပုံစံ မဟုတ်ပဲ အာလူးကိုအစိတ်ခပ်ကြီးကြီးစိတ်ပြီး ကြော်ထားပါတယ်။ ကဲ... သောက်စရာ တစ်ခုခုပဲ လိုပါတော့တယ်။ ကိုချစ်တို့ကတော့ အစားကောင်းကောင်းမြင်ရင် အသောက်ကလေးကို သတိရနေကြပါ။

0 comments:

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP