Examination - A. P. Chekhov

>> Thursday, April 17, 2008


မိဘအုပ်ထိန်းမှုအောက်ကနေ ကင်းလွတ်ချင်နေတဲ့ သူငယ်ချင်းများအတွက် ဘာသာပြန်လိုက်တာပါ။ ရုရှားလိုဖတ်လိုသူများ ဒီမှာဖတ်ကြပါ။
နှစ်သစ်မှာ စိတ်ရော၊ ကိုယ်ပါ ပျော်ရွှင်နိုင်ကြပါစေ။

စာမေးပွဲ
( အလွန်ထက်မြတ်သောလူနှစ်ယောက်၏ စကားဝိုင်းမှ)

တစ်နေ့တွင် ဖခင်၏အခန်းအတွင်းသို့ သားအကြီးသည် ရောက်လာပြီး ဖခင်၏ထိန်းချုပ်မှုအောက်တွင် မနေလိုတော့ဘဲ လူ့လောကထဲတွင် မိမိသဘောအတိုင်းသာ နေလိုကြောင်း ပြောလေသည်။ ယင်းသို့ထုတ်ဖော်ပြောကြားရခြင်း၏ အကြောင်းအရင်းမှာ သိပ်မကြာသေးခင်က သူသည် အသက် နှစ်ဆယ့်တစ်နှစ်ပြည့်မြောက်ခဲ့သောကြောင့်ဖြစ်ပေသည်။


အားလုံးကိုနားထောင်ပြီးသောအခါ ဖခင်မှ - ကောင်းပြီ သား၊ အဖေသဘောတူပါတယ်၊ ကိုယ့်ထိန်းချုပ်မှုနဲ့ စပြီးမနေခင်မှာ အဖေ့ဆီမှာ ဘ၀ဆိုင်ရာ စာမေးပွဲသေးသေးလေးတစ်ခုတော့ မင်းဖြေရမယ်။ ကဲ ထိုင် အခုပဲ စာမေးပွဲ စစ်လိုက်မယ်။

သားကထိုင်လိုက်သောအခါ အဖေက မျက်မှောင်တစ်ချက်ကုတ်လိုက်ပြီး စမေးလေသည်။
- ၀က်သားစားတဲ့အခါ ပါးစပ်က ဘာအနံ့ထွက်သလဲ။
- ၀က်သားဆိုင်တန်းနံ့ ထွက်ပါတယ်။
- အင်း မိန်းမတွေ ဆပ်ပြာမသုံးဘဲ ဘာတွေကို လျှော်ဖွတ်သလဲ။
- ယောက်ျားတွေရဲ့ ခေါင်းတွေကိုပါ။
- အကယ်၍ လူတွေက အထက်ကို ခြေထောက်တွေနဲ့တက်သွားရင် ဘာတွေများ ရှိနေလို့လဲ။
- အဲသလိုဆို ဦးထုပ်မှာ ငှက်မွှေးရှိနေလို့ရင် ဖြစ်ရမယ်၊ ဖိနပ်ကောင်းကောင်းစီးထားလို့ရင်လည်း ဖြစ်ရမယ်။
- သိပ်မှန်တယ်၊ ပင်လယ်ရေ ဘာကြောင့် ငန်သလဲ။
- ပင်လယ်ထဲမှာ ပင်လယ်ငါးတွေ ရေကူးကြလို့ပါ။
- ရှေးရှေးက ဟာကြီးပဲ။ ကိုယ်ပိုင်စဉ်းစားပြီး ဖြေပါဦး။
- ပင်လယ်ရေငံတာက အင်း ပင်လယ်ထဲမှာ တခါတလေ ဟာသသမားတွေ ရေဆင်းကူးလို့ပါ။
- ဟုတ်ပါလိမ့်မယ်၊ နောက်တစ်ခုမမေးခင်မှာကြိုပြောမယ်၊ ငန်းတွေ ဘယ်ကစပြီးရေးကူးသလဲ ဆိုရင် တို့တွေ ကမ်းစပ်ကနေကူးတယ်လို့ ဖြေကြတယ်။ အဲ အခုမင်းဖြေတော့ ငန်းလည်တွေ ဘယ်ကနေ ရေကူးပြေးကြသလဲ။
- အကြွေးတွေ၊ စစ်မှုထမ်းတာဝန်တွေကနေပါ။
- နောက်စေ့မှာ ဘာ့ကြောင့်မျက်မှန် မတပ်သလဲ။
- ဇာတ်ပိုးအုပ်လိုက်ရင် မျက်မှန်ကွဲသွားမှာစိုးလို့ပါ။
- လူကို ဘာလို့ ၀က်လို့ မခေါ်ရတာလဲ။
- သူက ငြိမ်းချမ်းရေးဆီကို ဒရွတ်ဆွဲသွားနေလို့ပါ။
- ဘယ်လို ချီက တက္ကသိုလ်ပြီးသလဲ။ (ချီဆိုတာက ရုရှားလိုဆိုရင် (Siskin)ငှက် လို့လည်းအဓိပ္ပါယ်ရပါတယ်။)
- ဒေါက်တာ ချီ။
- ပြုတ်ကျတဲ့(မအောင်မြင်တဲ့) သတ္တ၀ါလို့ ဘယ်သူတွေကို သတ်မှတ်နိုင်သလဲ။
- မျှော်စင်ပေါ်က ပြုတ်ကျတဲ့သူကိုပါ။
- ပိုက်ဆံကို ဘယ်မှာ သွားချေးနိုင်သလဲ။
သားသည် ခေါင်းကြီးမော့ကာ စဉ်းစားလေသည်။
- မသိဘူးလားကွ သားရ။ အင်း မင်းလူ့လောကထဲ တိုးဝင်ဖို့ထိုက်တန်ပြီလား။ ငါ့အုပ်ထိန်းမှုအောက်မှာပဲ နောက်တစ်လနေပါဦးကွ။
နောက်လတွင် စာမေးပွဲအသစ်တစ်ခုရှိဦးမည်။

၁၈၈၃ ခု။
အန်တွန် ပါဗလိုဗိ(ခ်ျ) ချက်ဟော့(ဗ်)

3 comments:

မောင်ဖြူ April 17, 2008 at 1:04 PM  

ပိုက်ဆံကိုလား?
အင်း.......
အဖေ့ဆီကချေးမယ်ဗျာ။
မရရင်... ကိုဇနိဆီက ချေးမယ်။
အဟီး...
ဖတ်လို့ကောင်းတယ်ဗျို့ကိုဇနိ။

Anonymous April 17, 2008 at 1:35 PM  

ကိုဖြူကလည်း ကိုလုံးဆီကလည်း ချေးဦးလေ၊
ဒီလူကြီးတော့ ဘယ်သွားချေးမယ်မသိဘူးနော်။

ငယ်ငယ်ကတော့ ပိုက်ဆံရှာတာ လွယ်လွန်းလို့ အဖေ့အိတ်ကပ်ထဲသွားနိုက်ရတာပဲလို့ ထင်ခဲ့တာ။

tmn April 17, 2008 at 2:46 PM  

ကိုလုံးဆီမှာလဲ ရှိဘူး... ဘယ်သွားချေးမလဲဆိုတော့ ကိုလူအေးဆီကချေးမယ်...:D

ကိုဇနိ...ဖတ်လို့ကောင်းတယ်...နှစ်သစ်မှ ပို့စ်အသစ်တွေအများကြီး တင်နိုင်ပါစေဗျာ

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP