သုံးရာသီ

>> Sunday, April 20, 2008


ရင်ခွင်ဗလာဟင်းမှာ
လာပွင့်တဲ့ပန်းတစ်ပွင့်
အနမ်းခံမသင့်ပဲ
လေအဝှေ့မှာ
ရင်နင့်စွာကြွေကျခဲ့ဖူးတယ်။

ကြင်သူသက်ထား
ခွဲရက်ကြာရှည်
ဝေးကာနေတော့
နမ်းခဲ့သမျှ
လွမ်းဒဏ်သင့်ကာ
ဟိုးဝေးရာဆီ ပြေးထွက်သွားခဲ့ဖူးတယ်။

ရောက်ခဲ့ပြန်ပေါ့
နွေဦးပေါက်ရာသီလေး
ရွက်စိမ်းနုနုအချစ်ဖူးလေးတွေနဲ့အတူ
နောက်ဆုံး…..
ဆောင်းနှင်းရွက်ကြွေ
နှုတ်ဆက်နှင်းစက်တွေနဲ့
ထားခဲ့လေဦးမလား။ ။

မောင်ဖြူ

2 comments:

Anonymous April 20, 2008 at 2:32 AM  

ကိုဖြူ ဘာတွေဖြစ်နေပါလိမ့်။
ပန်းတွေလည်း ကြွေလို့
ကျောင်းက ဘာဒုက္ခတွေ ပေးလို့လဲ။
အားတင်းထား.. ဒီတစ်ခါ ဇာရှိတာ ပြီးရင် ပြီးပြီ။

Anonymous April 20, 2008 at 9:20 PM  

မောင်ဖြူရေ...
ငါကတော့ ကိုဇနိမြင်သလို မမြင်ဘူးနော်.
နွေကတစ်ယောက်.
မိုးကတစ်ယောက်.
ဆောင်းကတစ်ယောက်.
အဟ.
ဟုတ်လားဟင်..

နိုင်းနဒီ

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP