နှစ်ကူးဆုတောင်း

>> Thursday, April 10, 2008

နှစ်ကူးဆုတောင်း
အဖိုးတန်မြေ
အမွေဗုဒ္ဓ
မြတ်သီလနှင့်
သံဃာင်္ဂုဏ်ရောင်
ထွန်းရှိန်ပြောင်ဝင်း
တင့်အဆင်းနှင့်…။
အဖိုးတန်မြေ
ရွှေငွေရတနာ
မြသန္တာကျောက်
လျှံပယ်တောက်၍
ဖြိုးမောက်ပြည့်ဝန်း
ရေနံတွင်းနှင့်….။
အဖိုးတန်မြေ
သွေချင်းတွေသည်
စိတ်ရင်းဖြူလွှ
တူမျှတာဝန်
ကျေပွန်ကြိုးပမ်း
သက်စွန့်ထမ်း၍…။
အဖိုးတန်မြေ
ချစ်ခြင်းတစ်ခု
သွေးစည်းမှု့ဖြင့်
ထုဆစ်တည်ထောင်
တို့ပြည်ထောင်စု
ခေါ်တွင်ပြုရာ
ပြည်မြန်မာသို့
ဦးမာဃရောက်
ဖနောင့်ပေါက်၍
မှတ်လေခွေးသားရေ
ပုရပိုက်ရှည်တွင်……ငါလေမပါပါစေနှင့်။



1 comments:

tmn April 19, 2008 at 1:13 PM  

တောင်းတဲ့ဆုနဲ့ တလုံးတ၀ ပြည့်စေသော်....

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP