မွေးနေ့ဆုတောင်း

>> Wednesday, October 31, 2007




ဒီကနေ့ အောက်တိုဘာ(၃၁)ရက်… ကျွန်တော့်သူငယ်ချင်း မောင်ဖြူရဲ့မွေးနေ့ပေါ့ဗျာ။

မွေနေ့မှာ ဆုတောင်းပေးရမယ်ဆိုတော့... ဘာဆုတောင်းပေးရမလဲ။

အင်း… အရေးကြီးဆုံးကတော့ ကျန်းမာရေးကောင်းဖို့မဟုတ်လား။

ဒီတော့ … ယနေ့မွေးနေ့မှသည် နောင်နှစ်ပေါင်းတစ်ရာ့နှစ်ဆယ်တိုင်အောင် ဘ၀တစ်ရှောက်လုံး ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ မိမိလိုရာရည်မှန်းချက်ကို အရောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျား။

ပြီးတော့ တစ်ကိုယ်တည်း လူပျိုကြီးဘ၀ကနေ အမြန်ဆုံး ကျွတ်လွတ်ပါစေဗျား။ ဒါကတော့ ဆုတောင်းပေးလို့ရတာတော့မဟုတ်ဘူး… ကိုယ်တိုင်လုံ့လစိုက်မှဖြစ်မှာ။ အဲဒီတော့ … နောက်သီတင်းကျွတ်မတိုင်မီ မိမိချစ်သောသူနဲ့အမြန်ဆုံးတွေ့ပြီး ဘ၀တစ်လျှောက်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ လက်တွဲနိုင်ပါစေလို့ ဆုတောင်းပေးတယ်ဗျား။ သူငယ်ချင်း မောင်ဖြူ သက်ကျော်ရာကျော် ရှည်စေသော်…


ကိုလုံး






ကိုမောင်ဖြူ


နေကောင်းကျန်းမာ စိတ်ချမ်းသာ၍၊ လိုအင်ဆန္ဒ ပြည့်ကြွယ်ဝပါစေ။


ကျွန်တော်တို့နှစ်ယောက်(ဇနိနှင့်ဇနိ၏သူမ)က ကိုမောင်ဖြူရဲ့ အလိုအပ်ဆုံးတွေထဲက အလိုအပ်ဆုံးတွေ ပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ်။


ဇနိနှင့်ဇနိ၏သူမ

အချစ်ဆိုသည်မှာ

>> Tuesday, October 30, 2007

ဓာတ်ပုံဟောင်းတွေကြည့်နေရင်းနဲ့ လွမ်းစိတ်ကဖြစ်
ကလေးဘ၀ကတည်းက စသိခဲ့တာ မင့်အပေါ်ငါ့အချစ်၊
ကျောင်းသွားကျောင်းပြန် တို့နှစ်ယောက်ဟာ နေ့တိုင်းအတူ
ငယ်စဉ်ကတည်းက တို့နှစ်ယောက်ဘ၀တွေက အမြဲအတူတူ၊
ကျစ်ဆံမှီးနဲ့ မင့်ပုံရိပ်ဟာ အလွန်တရာအပြစ်ကင်း
သွားကြိုးလေးနဲ့ မင်းရဲ့အပြုံးဟာ ဖြူစင်ရိုးရှင်း၊
ကွင်းပြင်ထဲမှာ အတူတူကစားရင်း တို့တတွေပြေးလွှား
ကောင်းမလေးရေ မင်းအမြဲပြောတာ Friend Forever…
ဂျီကျတဲ့အခါ မင်းကငါ့အပေါ် ဒေါသတွေထွက်
ငါပြန်ချော့လို့ ကျေနပ်တဲ့အခါ အမြဲပြုံးနေခဲ့၊
ညစဉ် အိပ်မက် မက်နေတတ်တာ မင်းရဲ့အကြောင်း
အိပ်မက်ထဲမှာ မင်းရဲ့ပုံရိပ်တွေက လုံးဝမဟောင်း၊
ဒီလိုနဲ့ပဲ နေ့ရက်များစွာ ကျော်လွန်ဖြတ်ခဲ့
ငါ့ရင်ထဲက အချစ်တွေကလည်း ပိုပိုများခဲ့၊
မင်းနဲ့ခဏတာ ဝေးကွာရတဲ့ အချိန်ခါတိုင်း
မင်းကိုလွမ်းလို့ ငါ့ရဲ့စိတ်တွေ အမြဲယိမ်းယိုင်။

Read more...

အလွမ်းစာ

>> Saturday, October 27, 2007


ဒီတစ်သက်တာ တစ်ဘ၀စာမှာ
မင်းကိုသာလျှင် အချစ်ဆုံး။
မင်းချက်ပေးတဲ့ ခေါက်ဆွဲလေးကို
ဓာတ်ပုံလေးသာ စားရသော်လည်း
ရင်မှာကြည်နူး ရွှင်မြူးမိ၏။

ခင်မင်ယုယ မြတ်နိုးတွယ်တာ
ချစ်ဖွယ်စကား တီတာကြားကာ
ရင်မှာနှောင်ရစ် အချစ်ဖြစ်၏။

သီတင်းကျွတ်လေပြီ။

>> Friday, October 26, 2007



သီတင်းကျွတ်လေပြီ။
ကျွန်တော်၏ ဆရာဆိုလည်းဟုတ်၊ အပေါင်းအသင်းဆိုလည်း မှန်သော အကိုကြီးများသည် အခုသီတင်းကျွတ်နှင့်အတူ သူတို့၏ လူပျိုသိုးဘ၀ကြီးများကိုစွန့်လွှတ်ရန် စိတ်ထဲတွင် အစီအစဉ်များဆွဲ၍တစ်ဖုံ၊ ဟိုခန်းမ၊ဒီခန်းမကိုလူကိုယ်တိုင်သွား၍တစ်လှည့် စုံစမ်းမေးမြန်းကာ အိုမင်းရန်အတွက် အပြိုင်အဆိုင် ကြိုးစားနေလေတော့သည်။

Read more...

သီတင်းကျွတ်ပြီ

>> Thursday, October 25, 2007

ဟိုးငယ်ငယ်ဘဝ
မုန့်ဖိုးတောင်းတုန်းကပေါ့
အဖွားကပြောတယ်
သီတင်းကျွတ်ရောက်မှပေးမယ်တဲ့။
ဟိုးခပ်ရွယ်ရွယ်ဘဝ
ချစ်ဦးသူထံ
ချစ်ခွင့်ပန်တုန်းကပေါ့
ကလေးမလေးကပြောရဲ့
သီတင်းကျွတ်ကျောင်းပိတ်ရက်ထိစောင့်တဲ့။
လွန်လေပြီးသောနှစ်တစ်နှစ်
သူ့ကိုလက်ထပ်ခွင့်တောင်းတုန်းကပေါ့
ထိုအမျိုးသမီးကပြောတယ်
လာမယ့်သီတင်းကျွတ်မှတဲ့။
ခုတော့
ပိစိညှောက်တောက်
မြေးပေါက်စလေးတွေကပြောနေကြပြီ
အဖိုးရေ
သီတင်းကျွတ်ရောက်ရင်မုန့်ဖိုးပေးနော်တဲ့။
မောင်ဖြူ

သြော် အဘိုး အဘိုး

>> Wednesday, October 24, 2007

- ညက အေးလိုက်တာကွာ၊ အဘိုးအိပ်လို့တောင် မရဘူးကွာ။
- သွားတွေခိုက်ခိုက်တုန်နေတာလား။
- အဲဒါတော့ မသိဘူး၊ အဘိုးနဲ့သွားတွေက အတူတူမအိပ်ဘူး။
*****
- အဘိုး ဘာ့ကြောင့် အဖေနဲ့ စိတ်ဆိုးနေတာလဲ။
- မင့်အဖေက အဘိုးဦးထုပ်တို့၊ ဖိနပ်တို့၊ အင်္ကျီတို့ကို ယူဝတ်တာတော့ အဘိုးသည်းခံနိုင်ပါတယ်၊ဒါပေမယ့် အဘိုးသွားကိုပါ ယူတပ်ပြီး ထမင်းစားပွဲမှာ အဘိုးကို လာရယ်ပြတာကတော့ လွန်လွန်းအားကြီးတယ်။
*****
အစားကောင်းသော အဘိုးလာလည်နေစဉ် ကပ်စေးနှဲ လင်မယားနှစ်ယောက်သည် အဘိုးသရေစာ မစားနိုင်အောင်ဆိုပြီး အဘိုး၏ သွားတုတို့ကို ထမင်းစားချိန်များအတွင်း သိမ်းထားသော ဟူ၏။
*****
လေယာဉ်ပေါ်မှ ဆင်းလာသော အဘိုးအိုက လေယာဉ်မှုးအား
- ကျေးဇူးတင်ပါတယ်ကွယ်၊ အဘိုးကို လေယာဉ်နှစ်ခါစီးခွင့်ပြုတာ။
- ဘယ်နှယ့်နှစ်ခါလဲ အဘိုးရဲ့၊ အဘိုး ကျွန်တော်တို့ လေယာဉ်နဲ့ ဒီတစ်ခါပဲ စီးလာတာ။
- ဒါ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်မို့လို့ပါကွယ်။
*****
- အရွယ်အိုလာခြင်းကိုပြသည့် လက္ခဏာရေးငါးပါး။
၁- စားတော်ဆက်သွားသည့်အခါ စားပွဲထိုးသူငယ်မကို မကြည့်မီ ထမင်းဟင်းစာရင်းကို ကြည့်ခြင်း။
၂- လူရှင်းသော လှေကားမှ မတက်ဘဲ လူရှုပ်သောလှေကားမှတက်ခြင်း။
၃- (က) နှင့် (ထ) မခွဲနိုင်တော့ခြင်း။
၎- ကမ်းနား၌ ရေထဲမဆင်းဘဲ သောင်ပြင်ပေါ်တွင်ထိုင်ခြင်း။
၅- နောက်တစ်နေ့ နေသာထိုင်သာရှိအောင် ညပါတီမှ စောစောအိမ်ပြန်ခြင်း။
*****
- အဘိုးက အမြဲတမ်းအတိတ်မှာ နေနေတယ်။
ဟိုးအချိန်တုန်းက ဈေးပိုပေါလို့ပေါ့ကွယ်။
*****
အဘိုးသည် နားထဲတွင်ထည့်သည့် နားကျပ်ကလေးရသည်ကို သိပ်သဘောကျ၍ ၀ယ်သည့်ဆိုင်သို့ လာရောက်ကျေးဇူးတင်စကားဆိုသည်။
ဆိုင်ထိုင်က - အဘိုးအိမ်သားတွေလည်း ၀မ်းသာမှာပဲနော်- ဟုမေးရာအဘိုးက - အဘိုးနားကျပ်တပ်တာ သူတို့ မသိသေးဘူး၊ သိပ် ဟန်ကျနေတယ်။ အဘိုးသေတမ်းစာပြောင်းရတာ နှစ်ပတ်အတွင်း သုံးခါရှိပြီ။
*****
- အဘိုး ညာဘက်ခြေထောက်နာတာ ဘာဖြစ်လို့လဲ ဆရာ။
- အသက်ကြီးလို့ပေါ့။
- မဟုတ်နိုင်ဘူး။ ဒီလိုဆို ဘယ်ဘက်ခြေထောက်က ဘာလို့ မနာတာလဲ၊ သူလဲ အသက်အတူတူပဲ။
***

အငြိမ်းစားသံအမတ်ကြီး
ဦးသက်ထွန်း
အနောက်တိုင်းဟာသ - မှ ကူးယူသည်။

ရယ်စရာ မောစရာ

>> Saturday, October 20, 2007









ကောင်မငယ်လေး

>> Friday, October 19, 2007

ဟေး ကောင်မငယ်လေး ဘာဖြစ်နေတာလဲ
မင်းရဲ့ဝမ်းနည်းမှုတွေက မင်းကိုတုပ်နှောင်နေတယ်
မင်းရဲ့မျက်လုံးတွေထဲမှာ မနက်ဖြန်အတွက်ဆိုတဲ့ မျှော်လင့်ချက်မျှင်မျှင်လေးတောင် မတွေ့ရပါလားကွယ်
မင်းကိုငါမမြင်ချင်ဆုံးက အဲဒီလိုပုံမျိုးပဲပေါ့
ဒါကိုဆန့်ကျင်ဖို့နည်းလမ်းဆိုတာလဲ မင်းမှာမရှိဘူးလေ
မင်းသိပ်ဝမ်းနည်းနေတယ်၊ မင်းသိပ်ကိုတိတ်ဆိတ်နေတယ်ဆိုတာ ငါမြင်နေရတယ်လေ။

ဟေး ကောင်မငယ်လေး အမှန်အတိုင်းငါ့ကိုပြောပြပါကွယ်
ငါဟာ မင်းငိုဖို့အတွက် အကောင်းဆုံးပခုံးတစ်စုံပါ
ငါဟာမင်းအတွက် အကောင်းဆုံး သူငယ်ချင်း၊ မင်းမှီခိုအားထားစရာ လူတစ်ယောက်ပါ
မင်းဟာ မင်းကိုယ်မင်း အမြဲယုံကြည်နေခဲ့တာပါ
ခုတော့ ငါမြင်နေရတယ်၊ မင်းရဲ့ကျိုးပဲ့နေတဲ့ အတောင်မွေးလေးတစ်ခု
ငါတို့နှစ်ယောက်ပေါင်းပြီး အဲဒါလေးကို ပြန်ပြုပြင်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။

ဟေး ကောင်မငယ်လေး မင်းရောငါရောသိကြပါတယ်ကွယ်
အသည်းနှလုံးဒဏ်ရာတွေဘယ်လိုရလာတယ်ဆိုတာကိုပေါ့၊ သူတို့ထွက်သွားရင်တောင် အမာရွတ်တွေကျန်ခဲ့တယ်မို့လား
နောက်တစ်ကြိမ်လောက်များ မင်းကပြလိုက်စမ်းပါကွယ်၊ နာကျင်မှုတွေပြီးဆုံးသွားပါလိမ့်မယ်
မင်းမှာ ဝမ်းနည်းဖို့ဆိုတဲ့အချိန်လေးတောင် ရှိဦးမှာမဟုတ်ပါဘူး
ဟေး ကောင်မငယ်လေး မင်းနဲ့ငါငိုနေကြတယ်
ဒါပေမယ့် နေမင်းကြီးကတော့ ကောင်းကင်ထက်မှာတည်နေမြဲ ငါတို့အပေါ်မှာ တောက်ပမြဲပါပဲ
နောက်တစ်ကြိမ်လောက်များ ဟိုးအရင်ကလို သီချင်းလေးတစ်ခါလောက်ဆိုပြလှည့်စမ်းပါကွယ်
သီချင်းသစ်လေးတစ်ပုဒ်လောက်ဆိုလိုက်စမ်းပါ ကောင်မငယ်လေးရေ
အရင်ကလိုမျိုး နောက်တစ်ကြိမ်လောက်ကြိုးစားဆိုလိုက်စမ်းပါ
သီချင်းသစ်လေးတစ်ပုဒ်ဆိုလိုက်ပါဦး ကောင်မငယ်လေးရယ်။

နံရံတွေပြိုလဲလာကြလိမ့်မယ်
ပြီးတော့ မင်းရဲ့အချစ်တွေက ဖယောင်းတိုင်မီးတွေကို ငြိမ်းသတ်ကြလိမ့်မယ်
ဖြေရှင်းဖို့ခက်တဲ့ဆိုတဲ့အရာအားလုံးလဲ ပြီးဆုံးသွားကြပါပြီ
ကောင်မငယ်လေးရေ အမှန်အတိုင်းငါ့ကိုပြောပြလိုက်ပါကွယ်
ဒါကိုဆန့်ကျင်ဖို့နည်းလမ်းဆိုတာလဲ မင်းမှာမရှိဘူးလေ
မင်းသိပ်ဝမ်းနည်းနေတယ်၊ မင်းသိပ်ကိုတိတ်ဆိတ်နေတယ်ဆိုတာ ငါမြင်နေရတယ်လေ။

ဟေး ကောင်မငယ်လေး မင်းရောငါရောသိကြပါတယ်ကွယ်
အသည်းနှလုံးဒဏ်ရာတွေဘယ်လိုရလာတယ်ဆိုတာကိုပေါ့၊ သူတို့ထွက်သွားရင်တောင် အမာရွတ်တွေကျန်ခဲ့တယ်မို့လား
နောက်တစ်ကြိမ်လောက်များ မင်းကပြလိုက်စမ်းပါကွယ်၊ နာကျင်မှုတွေပြီးဆုံးသွားပါလိမ့်မယ်
မင်းမှာ ဝမ်းနည်းဖို့ဆိုတဲ့အချိန်လေးတောင် ရှိဦးမှာမဟုတ်ပါဘူး
ဟေး ကောင်မငယ်လေး မင်းနဲ့ငါငိုနေကြတယ်
ဒါပေမယ့် နေမင်းကြီးကတော့ ကောင်းကင်ထက်မှာတည်နေမြဲ ငါတို့အပေါ်မှာ တောက်ပမြဲပါပဲ
နောက်တစ်ကြိမ်လောက်များ ဟိုးအရင်ကလို သီချင်းလေးတစ်ခါလောက်ဆိုပြလှည့်စမ်းပါကွယ်
သီချင်းသစ်လေးတစ်ပုဒ်လောက်ဆိုလိုက်စမ်းပါ ကောင်မငယ်လေးရေ
အရင်ကလိုမျိုး နောက်တစ်ကြိမ်လောက်ကြိုးစားဆိုလိုက်စမ်းပါ
သီချင်းသစ်လေးတစ်ပုဒ်ဆိုလိုက်ပါဦး ကောင်မငယ်လေးရယ်။
(ABBA အဖွဲ့၏ “Chiquitita” ကို ခံစားပြန်ဆိုပါသည်။)

(သီချင်းကို blogရဲ့လက်ယာဖက်မှာတင်ပေးထားပါတယ်ခင်ဗျာ။)
မောင်ဖြူ

ရယ်စရာ မောစရာ

**********
ကျွန်တော်တို့ အသက်-၁၈ နှစ်မပြည့်ရင် စီးကရက်မရောင်းပါဘူး ခင်ဗျာ။ အဲဒါ ဥပဒေပါ၊
ဟေ့ ကလေးမ ယူပါ၊ ယူပါ။ ဒါကတော့ လက်ဆောင်ပေးတာပါ။
**********
အခြားသူတစ်ယောက်၏ မိန်းမအား ယူရန်လွယ်သည်။ ပြန်၍ပေးရန်ကားမဖြစ်နိုင်။
**********
မိုဘိုင်းဖုန်းနှင့် အမေးအများဆုံးမေးခွန်းမှာကား - မင်းဘယ်ရောက်နေပြီလဲ။
အများဆုံးအဖြေကား - ရောက်တော့မှာ။
ယင်းပေါ်တွင်အခြေခံ၍ မိုဘိုင်းဖုန်းကုမ္ပဏီများ ရပ်တည်နေကြသည်။
**********
မင်္ဂလာမဆောင်မီ

သူ - ဟေး၊ ငါ စောင့်တောင်မစောင့်နိုင်တော့ဘူး။
သူမ - ကျမကိုထွက်သွားခွင့်ပေးမှာလား။
သူ - စိတ်တောင်မကူးရဘူး။
သူမ - ချစ်ရောချစ်ရဲ့လား။
သူ - သေချာတာပေါ့။
သူမ - နောင်ကျတော့ ရှင်က ကျမအပေါ်မှာ ပြောင်းလဲသွားမှာလား။
သူ - မဟုတ်ရပါဘူး၊ ဘာလို့ ဒါတွေတွေးနေရတာလဲ။
သူမ - အနမ်းတွေရော ပေးမှာလား။
သူ - ပေးမှာပေါ့။
သူမ - စိတ်ဆင်းရဲစရာတွေရော ပေးမှာလား ဟင်။
သူ - ဘယ်အခြေအနေပဲ ဖြစ်ဖြစ် နိုးပဲ။
သူမ - ရှင့်ကို ယုံရမှာလား။

မင်္ဂလာဆောင် အပြီး - အောက်ခြေမှ အထက်သို့ အစဉ်လိုက်ဖတ်ပါ။
***********
မိမိရင်သွေးအား နေ့ကလေးထိန်းကျောင်းသို့ အနည်းဆုံး တစ်ပတ်လောက်ဖြစ်ဖြစ်ပို့ပေးသင့်ပေသည်။
သို့မှသာ ဧည့်သည်များအား ယင်းကဲ့သို့ မယဉ်ကျေးသော စကားလုံးများ ကလေးက ဘယ်နေရာမှတတ်ခဲ့သည်ဟု ရှင်းပြစရာနည်းလမ်းရပေလိမ့်မည်။
**********

တစ်ဆောင်းသစ်ပြန်ပြီ။

>> Sunday, October 14, 2007


ပြတင်းတံခါးမှာ နှင်းများလာရိုက်ခတ်.....

ဂွဒ်ဘိုင်မိရွက်ဝါ

- ”ဖြုတ်”ခနဲကြွေကျသွားပြီ

- ”ထောက်”ခနဲ ပြတ်တောက်သွားပြီ

- မြေအောက်ကို ”ခ”သွားတဲ့ရွက်ဝါလေး

- မြင်နေသေးတယ်

- နာများသွားလား…

- ဟင်း… ဝေ့ဝဲနေတာလေးကလှတာ

- အသက်ရှူသံသေးသေးလေးပဲကျန်တော့တယ်


- နောက်ဆုံးအချိန်ထိလှတယ်

- တွေ့ကြရဲ့လား… အကြောမျှင်လေးတွေ

- ဝါသွားပြီ…..

- ခြောက်သွားပြီ…

- ”ချွတ်”ခနဲ နင်းဖြတ်သွားကြပြီ

- ဟေး… ကြားလား……

- အင်း…. သွားပြီလေ…ပြန်မလာတော့ဘူးတဲ့

- နှုတ်ဆက်ခဲ့တယ်

- အေးခဲနေတဲ့မျက်ရည်တွေနဲ့ပေါ့…။ ။



မောင်ဖြူ

ခွေးကလေးတစ်ကောင်နဲ့ အမျိုးသမီး (နောက်ဆုံးပိုင်း)

>> Saturday, October 13, 2007

အပိုင်း (၄)
အန်နာ မော်စကိုမြို့သို့ သွားဖို့ပြင်ဆင်တယ်။ သူမ တစ်လကို နှစ်ကြိမ် (သို့) သုံးကြိမ် ပီတာစပတ်မြို့ကနေ မော်စကိုမြို့ကို သွားလေ့ရှိတယ်။ အဲဒီလိုထွက်သွားတိုင်း သူမပေးတဲ့အကြောင်းပြချက်က သူမရဲ့အမျိုးသမီးနဲ့ပတ်သက်တဲ့ ရောဂါအတွက် ဆရာဝန်ထံမှ အကြံဥာဏ်တောင်းဖို့လို့ ပြောလေ့ရှိပါတယ်။ ခင်ပွန်းဖြစ်သူကတော့ မယုံတစ်ဝက်ယုံတစ်ဝက်နဲ့ပေါ့။ မော်စကိုမြို့ကိုရောက်တော့ သူမ ဟော်တယ်မှာတည်းခဲ့တယ်။ ပြီးတော့ချက်ချင်း သူမရောက်ရှိနေကြောင်းကို သိရှိစေရန် အနီရောင် ကက်ဦးထုပ်လေးကို ဂုရော့ဆီကို ပို့လိုက်တယ်။ ဂုရော့ သူမရှိတဲ့နေရာကို သွားလေ့ရှိတာကိုတော့ မော်စကိုမြို့က တစ်ဦးတစ်ယောက်မျှ သတိမထားမိ မသိကြဘူး။ မနေ့က သူမဆီမှ အမှာပါးလိုက်သည့် စကားရရှိခဲ့ပေမယ့် သွားဖို့ရန်အခွင့်အရေးက မရခဲ့ဘူး။ အဲဒါကြောင့် နံနက်ခင်းမှာ သူမဆီကို သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ သူနဲ့အတူ သူ့ရဲ့သမီးပါလိုက်ပါလာတယ်။ သာအဖနှစ်ယေက် လမ်းလျှောက်ထွက်လာရာ လမ်ဘေးတစ်ဘက်တစ်ချက်မှတော့ ဆီနှင်းတွေက တောင်ပုံရာပုံဖြစ်လို့နေပြီ။ လမ်းမပေါ်မှာတော့ ဆီးနှင်းတွေအရည်ပျော်နေတဲ့အတွက် ဗွက်ပေါက်လို့နေတယ်။ လမ်းလျှောက်လာရင်း ဂုရော့က…

Read more...

ရယ်စရာ

ပျော်ရွှင်ပါစေ။


မိန်းမပျိုကလေးတစ်ယောက်သည် နံနက်ခင်း ငါးနာရီခန့်တွင် ကပွဲအပြီး ဈေးဆိုင်တစ်ခုထဲသို့ဝင်ကာ သူမ၏အမေဆီကို ဖုန်းဆက်သည်။
- မေမေ၊ တစ်ခုခုဝယ်ခဲ့ရမလား။
-အေး၊ ကိုယ်ဟာကို တိုက်ခန်းဝယ်ပြီး သီးသန့်သာနေတော့။
**************************************************
စားသောက်ဆိုင်ထဲသို့ မိသားစုတစ်စု( မေမေ၊ဖေဖေ၊သား) ၀င်လာသည်။ စားကြ၊သောက်ကြ ပြီးသောအခါ ပိုက်ဆံရှင်းလေသည်။
မေမေ - ၀ိတ်တာ! စားထားတာကျန်တာတွေကို ကျေးဇူးပြုပြီး ထုပ်ပြီးပေးပါ။ အိမ်မှာ ခွေးရှိလို့။
သား - မေမေ၊ အိမ်မှာ ခွေးမွေးမလို့လား။

ရယ်စရာ

>> Thursday, October 11, 2007

ရုရှားဟာသတစ်ချို့ကို ဘာသာပြန်လိုက်ပါတယ်။ ပြုံးရယ်နိုင်ကြပါစေ။

Read more...

Saint Basil's Cathedral

>> Tuesday, October 9, 2007


ref: http://en.wikipedia.org/wiki/Saint_Basil%27s_Cathedral

ခွေးကလေးတစ်ကောင်နဲ့ အမျိုးသမီး

>> Saturday, October 6, 2007

အပိုင်း(၃)
မော်စကို့မြို့က အိမ်အားလုံးကတော့ ဆောင်းရာသီအောက်မှာ အိပ်စက်နေကြပြီ။ နံနက်တိုင်း အအေးဓာတ်ကို အံတုနိုင်ဖို့ မီးဖိုကို မီးထိုးရတာကလည်း အမောပါပဲ။ ကလေးတွေ လက်ဖက်ရည်သောက်ပြီး အားကစားရုံသွားဖို့ ပြင်ဆင်နေတဲ့အချိန်မှာ မှောင်နေတဲ့အတွက် အိမ်ဖော်မိန်းမကြီးက မီးအိမ်ကို တခဏ မီးထွန်းညှိပေးပါတယ်။ ဆီးနှင်းတွေလည်း တဖွဲဖွဲနဲ့ အပြင်မှာတော့ ရေခဲလောက်အောင် ရာသီဥတုက အေးနေပါပြီ။ နှင်းတွေကျတဲ့ ပထမဆုံးနေ့မှာပဲ စွတ်ဖားလှည်းနဲ့ မြို့တွင်းကို လျှောက်သွားမိတဲ့အခါ အဖြူရောင်လွှမ်းနေတဲ့ မြေပြင်ကြီးရယ်၊ အဖြူရောင်တွေနဲ့ ဖုန်းအုပ်ထားတဲ့အိမ်ခေါင်မိုးတွေကို နှစ်လိုဖွယ် မြင်နေရတယ်၊ နူးညံ့တဲ့ လေပြေလေညှင်းတို့ကို ရှူရှိက်ရတာကလည်း ဘယ်လောက်ကြည်နူးဖို့ကောင်းလိုက်လဲ။ အဲဒီလိုအချိန်မျိုးမှာ ဟိုး…လူငယ်ဘ၀ကို သတိရနေမိတယ်ပေါ့။ ရွက်ဟောင်းတွေကြွေနေပြီး သစ်ပင်အိုကြီးတွေလိုဖြစ်နေတဲ့ သံပုရာပင်၊ ဘုဇပတ်ပင်၊ အဖြူရောင်ရှိတဲ့ မြူမှုံတို့ရဲ့အလှ၊ စိတ်ကိုကြည်လင်စေတဲ့ သဘာဝအလှအပတွေက ဆီးပင်၊ ဆိုက်ပရပ်(စ်)ပင်တို့ရဲ့အလှထက် လူတွေရဲ့ နှလုံးသားမှာ နေရာယူနေကြပြီ။ ဒီလိုဆောင်းရာသီရဲ့အလှအပတွေကြောင့် ပင်လယ်ကြီးအကြောင်းနှင့် တောင်းတန်တွေအကြောင်းကို မစဉ်းစားချင်ကြတော့ဘူး။ ရာသီဥတုသာရာတဲ့နေ့မှာ ဂုရော့ မော်စကိုမြို့ကို ပြန်လာခဲ့တယ်။ သားမွေးကုတ်အင်္ကျီ်၊ လက်အိတ်တွေဝတ်ပြီး ပီသရိုလမ်းမကြီးအတိုင်း လမ်းလျှေက်ရတဲ့ အခါ၊ ခရီးအသစ်တစ်ခုကို ထွက်ရတိုင်း နွေရာသီအပန်းဖြေရက်မှာ ကြည်းနူးခဲ့ရတာတွေကို မေ့ပျောက်သလို ရှိလာတယ်။ သူကတော့ တဖြည်းဖြည်းနဲ့ မော်စကိုမြို့ရဲ့လူနေမှုဘ၀ကို ပြန်လည်ခံစားလာရတယ်။ တစ်နေ့ကို သတင်းစာသုံးစောင် ဖတ်လေ့ရှိတယ်။ ဟိုတယ်၊ နိုက်ကလပ်၊ ညစာစားပွဲ၊ နှစ်ပတ်လည်အထိမ်းအမှတ်ပွဲတွေက သူ့ကို မြူဆွယ်နေကြတယ်။ သူ့အတွက်တော့ ပျော်ရွှင်စရာတွေနဲ့ ပြည့်လို့နေတယ်။ မိတ်ဆွေတွေဖြစ်တဲ့ ကျော်ကြားတဲ့ရှေ့နေ၊ အနုပညာရှင်တွေက သူ့ဆီကိုအလည်အပတ်လာကြတယ်။ သူက ဒေါက်တာကလပ်မှာလည်း ပါမောက္ခတွေနဲ့ ဖဲကစားလေ့ရှိတယ်။ ပြီးတော့ အသီးအရွက်ပေါင်းစုံနဲ့လုပ်ထားတဲ့ ဆလပ်တစ်ပန်းကန်ကိုလည်း တစ်ထိုင်တည်း စားနိုင်လာတယ်။
ဆက်ရန်

Read more...

နိဂုံး

>> Friday, October 5, 2007

ထားခဲ့ပါတော့မေ
ပြန်မဆုံကြမယ့်သဘောတရားတစ်ခုမှာ
မေနဲ့ကိုယ်တို့ သေချာတိကျစွာ
လွဲခဲ့ကြပြီပေါ့နော်၊
အလွမ်းတစ်ခုနဲ့ကိုယ်ကတော့
လွမ်းသူ့အိပ်မက်ရှည်ကြီးတွေ
ဆက်တိုက်ကြီးကို ဆက်မက်ဖြစ်နေဦးမှာပါ။
(အနမ်းတွေမပါဝင်တော့တာတော့ ကိုယ့်အိပ်မက်ရဲ့ ကံဆိုးမှုတစ်ခုပေါ့)
အတိတ်ရဲ့ရွှေရောင်လွှမ်းကာလာတစ်ခုကို
ပိုင်ဆိုင်ခွင့်ပေးခဲ့တာကိုပဲ
မင်းကို ကျိတ်ပြီးကျေးဇူးတင်နေမယ့်ကောင်ပါကွာ။
မေနဲ့ကိုယ်တို့နှစ်ယောက်
မိုးသားပြာကြီးရဲ့အောက်
ပျော်ရွှင်မှုရနံ့တွေသင်းတဲ့
ညနေခင်းလေပြေတချို့ကိုရှူရှိုက်ရင်း
မဖြုတ်တန်းလက်တွေတွဲခဲ့ကြဖူးတယ်နော်။
ထိုထိုသောကာလတွေမှာတော့
ဝေးကျန်ရစ်နိုင်မယ့်အနာဂတ်ဆိုတာလဲ
ကိုယ်တို့မတွေးဖြစ်ခဲ့ကြဘူးနော်။
အဝေးကတောင်တန်းကြီးတွေကိုငေးမောရင်း
ကိုယ်တို့နှစ်ယောက်ရဲ့ချစ်ခြင်းတွေ
သူတို့လိုခိုင်မြဲလိမ့်မယ်လို့
ကိုယ်မျှော်လင့်ခဲ့ဖူးတာတော့
မေ့ကိုပြောမပြဖြစ်ခဲ့တော့ပါဘူး။
ခဲသားရောင်ဖျော့တော့တော့နဲ့
တွယ်ရာမဲ့လွင့်မျောနေကြတဲ့
တိမ်တိုက်တွေရဲ့နောက်မှာ
ကံကြမ္မာမုန်တိုင်းမိုးပါလာလိမ့်မယ်ဆိုတာတော့
ကိုယ်မသိခဲ့ရိုးအမှန်ပါ။
ဘ၀ဆိုတာလဲလေ
နှစ်သက်ရာဆေးရောင်တွေနဲ့
ကျွမ်းကျင်တဲ့ပန်းချီဆရာတစ်ယောက်ရဲ့
ခြယ်သမှုအောက်က
ခြွင်းချက်မဲ့ပန်းချီကားတစ်ချပ်မှမဟုတ်ခဲ့တာ။
အလင်းအမှုန်မမှန်
ဆွဲချက်မသန်တာလေးတွေတော့
ရှိခဲ့ရိုးအမှန်ပါ။
ဒါပေမယ့်ကွာ
ကိုယ့်နှလုံးသားကိုခြယ်မှုန်းခဲ့တဲ့
မင်းရဲ့စုတ်ချက်ကြမ်းတွေအောက်မှာ
ကိုယ့်ဘ၀ပန်းချီကားတစ်ချပ်
ဘောင်ခတ်မသိမ်းဆည်းရခင်
ဆေးရောင်ပြယ်ကျဆုံးခဲ့တယ်ဆိုတာတော့
နှောင်းလူတို့ရဲ့ရာဇ၀င်အိုမှာ
မှတ်ထင်ကျန်ရစ်နေစေချင်ပါသေးတယ်
သမိုင်းဆရာအိုတစ်ယောက်ကရေးတဲ့
နုံချာတဲ့မှတ်စုစာအုပ်ရဲ့တစ်နေရာမှာပဲဖြစ်ဖြစ်ပေါ့၊
ဆုံဆည်းခြင်းတို့ရဲ့အဆုံးသတ်တစ်ခုဆိုတာ
ခွဲခွာခြင်းဖြစ်တယ်ဆိုတဲ့သီအိုရီကတော့
ရက်စက်လွန်းပါတယ်ကွာ။
အနန္တကိုပိုင်ဆိုးတဲ့ လောကကြီးရေ
တွယ်ရာမဲ့နှလုံးသားတစ်စုံနဲ့
ရင်ခွင်ဗလာဟင်းလူသားတစ်ယောက်ကို
သင်ဘယ်လိုအရာများနဲ့ရှင်သန်ခွင့်ပေးဦးမှာလဲ၊
ဝိုင်ချိုချိုတွေလောင်းချ
အရှင်လတ်လတ်မီးသဂြိုလ်လို့
ပြာအိုကိုတော့သိမ်းထားပေးပါ
သူ့သစ်ပင်အောက်မှာ
မြေသြဇာဖြစ်ပါရစေ….။ ။

မောင်ဖြူ

ကျွန်တော်နှင့်ကဗျာဆရာ

>> Wednesday, October 3, 2007

ညာတာပါတေး ကောင်မလေးတစ်ယောက်
ကျွန်တော်နှင့်ဝေးသွားသည်။
ညကြီးမင်းကြီးမှာ သူ့ကိုသတိရ၏။
သူကတော့ ကျွန်တော့်ကိုမေ့နေပြီထင်ပါသည်။
ထိုသို့စဉ်းစားမိတော့ ကျွန်တော်ညွတ်ပက်ညွတ်ပက်ဖြစ်လာသည်။
ညီညာဖျဖျ အော်ခေါ်ပေးကြပါဦး။
“တစ်”
“နှစ်”
“သုံး”
“ဟေး တစ်ခါတုန်းက စံပယ်ကုံး”။
ကဗျာဟာကျွန်တော်မဟုတ်သလို
ဒီစာသားတွေကလဲ သူ့ကို ကိုယ်စားမပြုဘူး။
ဒီစာဖြတ်စလေးတွေ ဖတ်ပြီးတော့လဲ
ကဗျာဆရာရဲ့ ရည်းစားဟောင်းနေရာမှာ
ကျွန်တော့်ရည်းစားဟောင်းပေါ်မလာဘူး။
လိမ်နေတာလား၊ ညာနေတာလား
မသဲကွဲဘူး။
သေချာတာတော့
အမှန်တရားဆိုတာ လူတွေနဲ့အတူမနေဘူး။
သစ္စာတရားဆိုတာ လူတွေနဲ့အတူမနေဘူး။
ကဗျာဆရာလား????
ပြောမပြဘူး။
သိချင်ရင် တာရာမင်းဝေရဲ့ “အာလာဒင်မသိလိုက်တဲ့မီးခွက်”က စာမျက်နှာ (၃၇)ကိုဖတ်။

မောင်ဖြူ

ခွေးကလေးတစ်ကောင်နဲ့ အမျိုးသမီး

>> Tuesday, October 2, 2007


အန်တွန် ပါဗလိုဗစ်(ခ်ျ) ချက်ဟော့(ဗ်)
မြန်မာပြန် - ကိုလုံး
အပိုင်း(၂)

မိတ်ဆွေဖြစ်ကြသည်မှာ ရက်သတ္တပတ်ခန့်ကြာခဲ့ပါပြီ။ အပန်းဖြေရက်တွေလည်း တဖြည်းဖြည်းကုန်လွန်ခဲ့လေပြီ….ရာသီဥတုကပူတော့ အခန်းထဲမှာလည်း ပူစပ်ပူလောင်၊ အပြင်မှာတော့ လေပူ၊ လေပွေတိုက်ခတ်နေလေသည်။ ဦးတည်ရာမဲ့ တိုက်ခတ်နေသောလေများနဲ့အတူ ဖုံမှုန့်တွေပါလာသည်။ တစ်နေ့လုံး ရေကိုပဲ သောက်ချင်နေတော့သည်။ တခြားနေရာများကို လျှောက်သွားလိုစိတ်လည်းမရှိ။ ဂုရော့ တဲလေးရှိရာသို့ တစ်ခါတစ်ရံသာ ရောက်ပြီး၊ အန်နာကို သီးစုံဖျော်ရည်သောက်ရန်၊ ရေခဲ့မုန့် စားရန် ဖိတ်ခေါ်လေ့ရှိသည်။ ညနေပိုင်းသို့ရောက်သောအခါ ရာသီဥတုသာယာလာသဖြင့် နှစ်ရောက်အတူ သင်္ဘောဆိပ်ခံတံတားရှိရာသို့ လမ်းလျှောက်ထွက်လာခဲ့သည်။ ထိုနေရာတွင် ဟိုတစ်စု ဒီတစ်စု လူအုပ်ကိုတွေ့ရပြီး တစ်ချို့မှာတော့ လက်ထဲတွင် ပန်းစည်းကိုကိုင်လျက် တစ်စုံတစ်ယောက်ကို ခရီးကြိုဆိုရန် စောင့်နေကြသည်။ လူအုပ်ကြီးထဲတွင် ဆယ်ကျော်သက်အရွယ်များလို ၀တ်ဆင်ထားသော အသက်ကြီးကြီးမိန်မတွေနဲ့ ဗိုလ်ချုပ်ကြီးတွေကို မြင်တွေ့ရသည်။

Read more...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP