ရယ်စရာ

>> Thursday, October 11, 2007

ရုရှားဟာသတစ်ချို့ကို ဘာသာပြန်လိုက်ပါတယ်။ ပြုံးရယ်နိုင်ကြပါစေ။


***************************************
အခြေခံပညာကျောင်း၊ စာသင်ခန်းတစ်ခုတွင်
- ကျောင်းသူ၊ကျောင်းသားတို့ လျှပ်စစ်ဘယ်ကနေ ရသလဲ သိကြသလား။
ကျောင်းသားတစ်ယောက်ကဖြေသည်။
- ကျွန်တော်သိတယ်။ တောအုပ်ထဲက။
- မင်းကဘာလို့ အဲဒီလိုထင်တာလဲ။
- ဒီနေ့မနက်ခင်းမှာ အဖေမုတ်ဆိတ်မွေးရိတ်ခါနီး ပြောတယ်
"ဒီမျောက်ကောင်တွေ လျှပ်စစ်ကိုဖြတ်လိုက်ပြန်ပြီ။"
***************************************
သားကအဖေကိုပြောသည်။
- အဖေ ကျွန်တော့်ကို ပိုက်ဆံတစ်ရာလောက်ပေးပါဦး။
- သား၊ မင်းအရွယ်က ဒီလောက်အသေးအမွှားကို အဖေဆီမှာတောင်းရမယ့်အရွယ်မဟုတ်တော့ဘူးကွ။
- အဖေမှန်တယ်။ တစ်ထောင်ပေး။
***************************************
-ဒေါက်တာ၊ ကျွန်တော် စိတ်ကျရောဂါရှိနေလို့။
- အကောင်းဆုံးဆေးကတော့ - အလုပ်ထဲမှာ ခေါင်းနှစ်ထားဖို့ပဲ။
- ဒေါက်တာ၊ ကျွန်တော်က ကွန်ကရစ်ဖျော်တဲ့သူပါ။
***************************************
- အမေရိကန်နိုင်ငံလုပ် စွမ်းအားပြင်း ဓာတုဗေဒလက်နက်ကို ဘယ်လိုခေါ်ပါသလဲ။
- မက်ဒေါ်နယ်။
***************************************
- ဘောက်ဆင်ထိုးတယ်ဆိုတာ အတော်ကြီးကျယ်တဲ့ အားကစားဗျ။ ကျွန်တော်အဲဒါနဲ့လုပ်စားတာ။
- ခင်ဗျားက နာမည်ကြီးဘောက်ဆင်သမား ထင်တယ်နော်။
- ဟုတ်ဘူးဗျ။ ကျွန်တော်က သွားဆရာဝန်။
***************************************
ဆရာ - ကလေးတို့ အလွန်ထူးဆန်းတဲ့ တိုက်ဆိုင်မှုတစ်ခုများ ဥပမာပေးနိုင်မလား။
ကျောင်းသား - ကျွန်တော့် အဖေနဲ့ အမေရဲ့ မင်္ဂလာဆောင်က တစ်ခုတည်းပြီးတော့ တစ်ရက်တည်း။
***************************************
စုံထောက်က မျက်မြင်သက်သေကိုပြောသည်။
- လူစိမ်းတစ်ယောက်က မင်းရဲ့ မိထွေးကို ရိုက်နေတာကို ဘာဖြစ်လို့ အကူအညီ ပေးဖို့အလျင်တလိုမလုပ်တာလဲ။
- ဘာ။ နှစ်ယောက်ပေါင်းပြီး ကျုပ်မိထွေးကိုရိုက်ရမယ်လို့ ဆိုလိုတာလား။
***************************************
သွားဆေးခန်းမှ လူနာတစ်ယောက်ခုန်ပေါက်ထွက်လာသည်။
မိန်းမ - ဘယ်လိုဖြစ်တာလဲ။
လူနာ - သွားနှစ်ချောင်းနှုတ်ခဲ့လို့။
မိန်းမ - နောက်တစ်ချောင်းထပ်နာလို့လား။
လူနာ - ဟုတ်ဘူး။ သူတို့ဆီမှာ ပိုက်ဆံပြန်အမ်းစရာမရှိလို့။
***************************************
ref: http://planeta.rambler.ru/users/rolling-star/25980387.html

1 comments:

tmn October 11, 2007 at 8:23 PM  

ကိုဇနိ…ဟာသလေးတွေက ကောင်းတယ်ဗျာ… ဆက်ရေးအုံးနော… အားပေးနေမယ်…

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP