အချစ်ဆိုသည်မှာ

>> Tuesday, October 30, 2007

ဓာတ်ပုံဟောင်းတွေကြည့်နေရင်းနဲ့ လွမ်းစိတ်ကဖြစ်
ကလေးဘ၀ကတည်းက စသိခဲ့တာ မင့်အပေါ်ငါ့အချစ်၊
ကျောင်းသွားကျောင်းပြန် တို့နှစ်ယောက်ဟာ နေ့တိုင်းအတူ
ငယ်စဉ်ကတည်းက တို့နှစ်ယောက်ဘ၀တွေက အမြဲအတူတူ၊
ကျစ်ဆံမှီးနဲ့ မင့်ပုံရိပ်ဟာ အလွန်တရာအပြစ်ကင်း
သွားကြိုးလေးနဲ့ မင်းရဲ့အပြုံးဟာ ဖြူစင်ရိုးရှင်း၊
ကွင်းပြင်ထဲမှာ အတူတူကစားရင်း တို့တတွေပြေးလွှား
ကောင်းမလေးရေ မင်းအမြဲပြောတာ Friend Forever…
ဂျီကျတဲ့အခါ မင်းကငါ့အပေါ် ဒေါသတွေထွက်
ငါပြန်ချော့လို့ ကျေနပ်တဲ့အခါ အမြဲပြုံးနေခဲ့၊
ညစဉ် အိပ်မက် မက်နေတတ်တာ မင်းရဲ့အကြောင်း
အိပ်မက်ထဲမှာ မင်းရဲ့ပုံရိပ်တွေက လုံးဝမဟောင်း၊
ဒီလိုနဲ့ပဲ နေ့ရက်များစွာ ကျော်လွန်ဖြတ်ခဲ့
ငါ့ရင်ထဲက အချစ်တွေကလည်း ပိုပိုများခဲ့၊
မင်းနဲ့ခဏတာ ဝေးကွာရတဲ့ အချိန်ခါတိုင်း
မင်းကိုလွမ်းလို့ ငါ့ရဲ့စိတ်တွေ အမြဲယိမ်းယိုင်။


ဒီလိုနဲ့ပဲ တက္ကသိုလ်ရောက်လာ စာအတူကျက်ခါ
သူငယ်ချင်းများစွာနဲ့ အတူပျော်နေခဲ့တာ၊
မင်းကိုချစ်တဲ့အကြောင်းတွေကို ငါဖွင့်ပြောမိ
ငါ့ကိုပြန်ချစ်ပါ့မလားလို့ ငါရင်မောမိ၊
နောက်ဆုံးနှစ်ရောက်တော့ မင်းကငါ့ကို အဖြေပေးခဲ့တာ
ပို့စကဒ်ထဲမှာ မင်းရေးလိုက်တော့ I LOVE YOU FOREVER…

ငါတို့နှစ်ယောက်က အရွယ်ရောက်တော့ ရည်းစားတွေဖြစ်
မပြောင်းလဲနိုင်ဘူးထင်ထားခဲ့တာ ငါတို့နှစ်ယောက်ရဲ့အချစ်၊
မမျှော်လင့်ထားတဲ့ အဖြစ်ဆိုးတစ်ခုက ဘ၀ထဲရောက်လာ…
ပျော်စရာကောင်းတဲ့ နေ့ရက်တွေလည်း ပျက်ကာသုန်းလို့
မြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခုက မဖြစ်ပါနဲ့အုံးလို့၊
လက်တွေ့ကြတော့ ငါဆုတောင်းတိုင်း မပြည့်စုံနိုင်ပါ
တွဲသွားတွဲလာ ငါတို့နှစ်ယောက်ကအတူရှိခဲ့တာ၊
ဘာဖြစ်လို့များ နောက်တစ်ယောက်နဲ့ မင်းကတွဲသွား
ဒီမြင်ကွင်းမျိုး ငါ့မျက်လုံးက မျက်ရည်မခိုင်မာ၊
ငယ်ငယ်တုန်းက ထားရှိခဲ့တဲ့ သံယောဇဉ်များ
အခုအချိန်မှာတော့ အားလုံးဟာ ပျောက်ပျက်လို့သွား၊
ငါ့ရင်ထဲမှာ မေးနေမိတာ အကြိမ်ကြိမ်အခါခါ
လောကကြီးကို မယုံနိုင်ခဲ့ဘူး ပြောင်းလဲမှုများ၊
ဆိုးဝါးမှုတွေ များလွန်းတဲ့အခါ ငါ့ထွက်ပြေးသွား
အဝေးဆုံးရောက်မှ သတိရမိတာ အတိတ်ကအဖြစ်များ။
စချစ်ခဲ့တဲ့ နေ့ရက်တွေက MTU မှာ
2002 နှစ်ဦးအစ မမေ့နိုင်တော့ပါ၊
မင်းပြောခဲ့တဲ့ စကားလေးတစ်ခွန်းက အမြဲသူငယ်ချင်းကွာ
နှလုံးသားကို နာကြင်စေတာ ဒီစကားကြားမှ။

ပြန်စဉ်းစားရင် ဒီအကြောင်းတွေ မနေ့တစ်နေ့ကလို
စုပ်ပြတ်သွားတဲ့ နေ့တွေလည်း အသိစိတ်ကမို့၊
လောက်ကျွမ်းနေတဲ့ ရင်ခွင်တစ်ခုကို မင်းကအပြစ်ဆို
မင်းဖြတ်ခဲ့တဲ့ သစ္စာတရားက ၀ိုင်တစ်ခွက်လို၊
မင်းပေးခဲ့တဲ့ သံယောဇဉ်က မီးတောက်တစ်ခုလား…
လောက်ကျွမ်းသူ ငါပါပဲ… မင်းကိုချစ်တာ အပြစ်တစ်ခုဖြစ်မလား၊
သူကပဲ ပြောင်းလဲတဲ့စိတ်ဓာတ်ရှိတာ မင်းရဲ့အပြစ်လား
ဒါမှမဟုတ်… ကိုယ်တို့နှစ်ယောက်အတူချစ်ခဲ့ကြတာ အပြစ်တစ်ခုဖြစ်မလား။
ပီတာမောင်လုံး

0 comments:

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP