one million kiss

>> Monday, August 25, 2008

တနေ့သ၌ ကျွန်ုပ်တို့၏ ပွဲတိုင်းကျော်ဇာတ်လိုက်ကြီး ကိုဇနိနှင့်မဇနိတို့ online ပေါ်တွင် microphone နှင့်စကားပြောနေကြရာ….
မနိ။ ။ ကိုနိ ရှင် ကျွန်မကိုတကယ်ချစ်ရဲ့လား၊ ဟလိုကြားရဲ့လား။
ကိုနိ။ ။ အမ်၊ နိနိကလဲ တကယ်ချစ်တာပေါ့ကွာ။
မနိ။ ။ ဟုတ်လို့လား၊ ဟွန်း။ ကဲ ဒါဆိုပြောပါဦး ဘယ်လောက်ချစ်လဲ ကွန်မကို။
ကိုနိ။ ။ မိုးလောက်ကြီးဂျစ်၊ မြေလောက်ကြီးဂျစ်၊ ဂေါ်ဇီလာလောက်ကြီးဂျစ်၊ များကြီးများကြီးဂျစ်။
မနိ။ ။ ဟလို၊ ကိုနိကြားလား။ တဂျစ်ဂျစ်နဲ့ဘယ်လိုဖြစ်။ လိုင်းမကောင်းလို့လား။
ကိုနိ။ ။ ဟုတ်ဘူး၊ ဟုတ်ဘူး။ ဂျစ်တယ်လို့ပြောတာ။
မနိ။ ။ အော်၊ ဒါဆိုလဲပြီးရော ဟွန့်။ အနမ်းလေးတွေရောပေးချင်ရဲ့လား ပြောပါဦး။
ကိုနိ။ ။ ပေးချင်တာပေါ့၊ အရမ်းပေးချင်တယ်။
မနိ။ ။ ဒါဆို ဘယ်လောက်များများကြီး ပေးချင်လဲဟင်…။
ကိုနိ။ ။ one million လောက်ကြီးပေးချင်တာပေါ့ နိနိရယ်။
မနိ။ ။ ဒါဆို ခု phone ထဲကနေ မနားတမ်း one million kiss ပေး။
ကိုနိ။ ။ အမ်၊ ဒါ…ဒါကတော့။
မနိ။ ။ မဒါကတော့နဲ့။ ဟွန်း… ဒါတောင် :* ကို one million ရေးခိုင်းမလို့။ ရှင် copy and paste လုပ်ပြီး လူလယ်ကျမှာကျွန်မသိလို့။
နောက်ဆုံးကြားသိရသောသတင်းအတင်းများအရ၊ ကိုဇနိ၏ one million kiss mission ကြီး၊ မပြီးဆုံးသေးပဲ၊ ကစ်မြဲကစ်လျက်ရှိပါကြောင်း…

9 comments:

Anonymous August 25, 2008 at 1:23 PM  

ဟားဟား ကိုဇနိ နဲ့  မဇနိ တကယ်ကြီးလားး) အူတွေယားလိုက်တာ ကြည်နူးစရာကြီးနော့် ဂယ်ကြီးဂျစ်တာပါဆို မကျေနပ်သေးတော့ မိုးလောက်ကြီးဂျစ်ပြီး one million kiss ပေးကြတာပေါ့ တော်ပြီး လူပျိုလေးရှက်တယ် ပြန်တော့မယ် ဂျစ်ကြ ဂျစ်ကြ :)

မြရွက်ဝေ August 25, 2008 at 2:11 PM  

ဟိုက်!! ဒါတော့ ကွန့်မန့်ပွတ်ရမှာ မီးမီးချက်ချက်၊ ပြန်တော့မယ်နော်။ အဟီး :P :D

Anonymous August 25, 2008 at 2:17 PM  

ခုရောပြီးသေးဘူးထင်တယ်နော်..one million kiss ဆိုတော့... ဆက် kiss ဆက် kiss ....

ဇနိ August 25, 2008 at 2:45 PM  

ကိုဖြူကြီး လူနောက်..
း)

khin oo may August 25, 2008 at 5:19 PM  

ပွဲကြမ်းကုန်ပြီ. ဟီဟိ။ .မီးမီး ရှက် ရှက်.

khin oo may August 25, 2008 at 5:24 PM  

ကစ်ပေးရင် မျှက်မှန် ချွှတ်စရာ လိုသလားဟင်.့ ကွိကွိ.

tmn August 25, 2008 at 8:49 PM  

ကိုဇနိ က မျက်မှန်တတ်ထားသလား ချွတ်ထားသလားကို သတိထားမိမယ် မထင်ပါဘူးဗျာ.... :D

Unknown August 25, 2008 at 10:49 PM  

တကယ်ဟုတ်တယ်ဗျို့.ဟိုတနေ့က
ကိုဇနိတဂျစ်ဂျစ်နဲ့ ဗျာ..မပြောချင်ပါဘူးဗျာ.
ကြားချင်တယ်ဆို..နောက်နေ့မှထပ်ပြောပြမယ်..

RePublic August 26, 2008 at 11:19 AM  

ဟီး ..ကိုကိုနိ one million မပြည့်သေးဝူးပေါ့ ၊၊ ဘာမှ မပူနဲ့ဗျ ၊၊ သချာင်္က linearity derivation ဖော်မြုလာတစ်ခု ထုတ်လိုက်၊၊ upper /lower limit ထည့်လိုက်ရင် ခနလေးပြည့်ပီ ၊၊ မမနိ ... ကိုကိုနိ ..အမြဲပျော်ရွှင်ပါစေ....

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP