Showing posts with label ကူးယူထားသောကဗျာများ. Show all posts
Showing posts with label ကူးယူထားသောကဗျာများ. Show all posts

ကြိုက်မိသော ကဗျာများ

>> Tuesday, December 16, 2008


မောင်မျိုးက တက်ဂ် လုပ်ထားလို့ ရေးပါတယ်။ အကြိုက်ဆုံးကဗျာ တပုဒ်အကြောင်းကို ရေးရမယ်ဆိုတော့ ဘယ်ကဗျာကို အကြိုက်ဆုံးလည်းဆိုတာ စဉ်းစားပါတယ်။ ဒါပေမယ့် ခေါင်းထဲမှာ အကြိုက်ဆုံးကဗျာဆိုတာ ပေါ်မလာပါဘူး။ ကဗျာတွေကို ကျောင်းသင်ခန်းစာအနေနဲ့ အခြေခံပညာ ကျောင်းမှာ သင်ခဲ့ရသလို တက္ကသိုလ်ရောက်တော့လည်း သင်ခဲ့ရပါတယ်။ အရင်ကတည်းကလည်း မဂ္ဂဇင်းတွေထဲက ကဗျာတွေ ဖတ်ခဲ့သလို သူငယ်ချင်းတွေ ရေးတာတွေလည်း ဖတ်ခဲ့ပါတယ်။ ဒီတော့ အကြိုက်ဆုံး ကဗျာတပုဒ်ဆိုတာကို ပြောရတာ အတော်ခက်ပါတယ်။ အခုတလော စိတ်ထဲပေါ်လာတဲ့ ကြိုက်တဲ့ ကဗျာတချို့ကို တင်လိုက်ပါတယ်။


အခု ကဗျာကတော့ တောင်ငူသားဘလော့ဂ် ဆိုက်ဒ်ဘားမှာ တင်ထားတဲ့ ကဗျာလေးပါ။ ရေးတဲ့သူက မင်းကွန်းဆရာတော်ဘုရားကြီးဆိုလို့ ကျနော် သဘောကျသွားပါတယ်။ သူငယ်ချင်းတို့လည်း ဖတ်ရအောင် ဒီမှာ ပြန်လည် ကူးယူဖော်ပြလိုက်ပါတယ်။

“တိပိဋကဓရ”
ဖြစ်ရတဲ့ အာနိသင်
သည်ကိုယ်တော် ဖတ်ဖတ်မော
ပြောမပြချင်။ ။
ကိုယ့်ကျောင်းနဲ့ ကိုယ့်ရပ်ခွင်
နေချင်လျက်မရ။ ။
ပူ အအေး ယှက်ထွေးဒဏ်ခံလို့
စုန်အဆန်မြန်တဲ့ခရီးမှာ
ကြီးတဲ့ ဒုက္ခ။ ။
မငြင်းတဲ့ မဆန်သာ
နိုင်ငံတော် သာသနာရေးပေမို့
ပြေးမလွတ်သာ။ ။
သူတကာ
ချမ်းသာဟု ထင်နေကြ။ ။
သို့ကတဲ
စိတ်ထဲသံဝေယူလို့
ကံမွေ ဟူ သည်အဖြစ်ကို
နှစ်လို့ခံရ။ ။

မင်းကွန်းဆရာတော်

အခု နောက်ကူးပြမယ့် ကဗျာတွေကတော့ သူငယ်ချင်းတစ်ယောက်က ကျနော်ဖတ်ဖို့ဆိုပြီး သူ့လက်ရေးနဲ့ ကဗျာတွေ ကူးပြီး ကျနော့်ဆီကို ပို့ပေးထားတဲ့ စာအုပ်ထဲကပါ။

အမည်မဲ့

ဖြစ်ရပုံများ
အိပ်မက်ထဲမှာတောင် အဆင်မပြေ
အလကားရတဲ့ ဖိနပ်မတော်
ကောင်းကင်က ခေါင်းနဲ့မလွတ်။
ဖြစ်ရပုံများ
ကိုယ့်လဘက်ရည်ခွက် အရောက်မှာမှ
ရုတ်တရက် မလိုင်ကုန်သွားရ။
ဖြစ်ရပုံများ ထီမပေါက်တဲ့အပြင်
ထီပေါက်စဉ်ကလည်း မှားသေး။
ဖြစ်ရပုံများ
လက်မှတ်ဝယ်ထားပြီးသား ရထားက
တစ်စီးလုံး ပျောက်သွားတယ်တဲ့။
ဖြစ်ရပုံများ
တံတွေးကို မြိုချလိုက်တာ
ကမ္ဘာတစ်လုံး ပါသွားတယ်တဲ့။
ကဲ.. ဘာလိုသေးလဲ
လက်ကပတ်ထားတဲ့ နာရီမှာ
ဓါတ်ခဲကုန်ဖို့ပဲ လိုတော့တယ်။

သစ္စာနီ

**
မောင်ချောနွယ်ရဲ့ လွဲချော်မှု

အချက်အလက်တွေ များလှတဲ့
ကမ္ဘာကြီးထဲ
အရာရာဟာ ငါတွေးထားတာတွေနဲ့
တလွဲတချော်ချည့်ပါလား။
ဘယ်အရာကိုမှ
ဘယ်လိုမှ
ပြောလို့မရတော့ပါလား။
ခွေးမွေးထားပြီး…
ကိုယ်ကိုယ်တိုင်
ထ ထ ဟောင်နေရ
လက် က လက်ပါ
ဘာဖြစ်လို့ ခြေထောင်ဖြစ်သွားရတာလဲ..။

မောင်ချောနွယ်
***

အရန်လူ

ဘယ်သူ အနာတရဖြစ်မလဲ..
ဘယ်သူ အနီကတ်တိုးမလဲ..။

ပွဲသာပြီးသွားရော
(သန့်စင်လွန်းတဲ့ အကောင်းဆုံးအသင်း)
သက်ပြင်းမောနဲ့ လေပူမှုတ်
ကျွန်ုပ်
လက်ခုပ်တီးဖို့ မေ့နေတယ်။

မောင်နီမြင့် (ပင်လယ်)
***

ဘဝ

ငါးကို ငါးနဲ့မျှားခဲ့ကြ
မျှားငါးက ကြီးပြီး
ဟပ်ငါးက သေးတော့
ဖော့ကလေး လှုပ်ရုံ
ရင်ခုန်ရုံနဲ့
တစ်နေသာ ကုန်ပါရောလား။

မောင်နေသစ်
***

ဥယျာဉ်မှုး

ဥယျာဉ်မှုး ပန်းမခူးရလို့ ဆိုကြတယ်.....ခင်
လမ်းချိုးရဲ့တကွေ့မှာ
ပန်းသူခိုးနဲ့တွေ့မှာစိုးလို့
ဥယျာဉ်မှုးပန်းခူးလိုက်ရတာပါ .....ခင်။

မောင်လှမျိုး(ချင်းချောင်းခြံ)

**

သြဂတ်စထရာ

လောကကြီးအပေါ်မှာ
ဂြိုးဂြိုးဂြိမ့်ဂြိမ့်
ဒေါသတွေ ချိမ်းပြီး
မှောင်နေ မည်းနေခဲ့တယ်။

မကြာမီ အငွေ့ပျံလို့
တေးသံတွေ ရွာချပါ့မယ်။

သုခမိန်လှိုင်

အခုကဗျာတချို့လည်း ဒီဘလော့ဂ်မှာ ကူးပြီးတင်ပြီးသားပါ။ ဘော်ဘော်တွေ ဖတ်ရတာပေါ့။
သတိတရနဲ့ တက်ဂ်တဲ့မောင်မျိုးရေ ကျေးဇူးတင်ပါတယ်။

Read more...

မျှော်သူ

>> Tuesday, April 1, 2008


မျှော်သူ

အပြစ်ရှိရင် ခွင့်လွှတ်တော်မူပါ
မိုးရည်ချိန် ကျဲပါးသော
ရာသီဥတုအလွတ်တစ်လုံးထဲတွင်
ကျွန်တော် ၀င်ပုန်းခဲ့ရဖူးပါသည်။

အပြစ်ရှိရင် ခွင့်လွှတ်တော်မူပါ
ဤပေါက်ချွန်းဖြင့် တစိုက်စိုက်တူးရင်း
ဟင်းလင်းပြင်ထဲတွင် ညပ်နေသည့် သစ်သီးတစ်လုံးကို
ကျွန်တော်ခူးခဲ့မိပါသည်။
ထိုသစ်သီးမှာ ပြာသောရနံ့ရှိပါသည်။

အပြစ်ရှိရင် ခွင့်လွှတ်တော်မူပါ
သို့တည်းမဟုတ် ... အပြစ်ယူတော်မူပါ
မည်သို့ပင်ဖြစ်စေ ...
သင်လာသောအခါတွင် တိုက်ကျွေးရန်အတွက်
အေးချမ်းတတ်သော သောက်ရေဖြူဖြူတစ်ခွက်ကို
ယခုပင်လျှင်
ဤလက်များဖြင့် ခပ်ယူခဲ့ပြီးဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေ ...
ကျွန်တော်ကတော့ မျှော်နေမည် ဖြစ်ပါသည်။

တာရာမင်းဝေ

Read more...

တိမ်ခိုးငယ်… ဝေ

>> Monday, January 14, 2008

ရှေးစာဆို ရှင်ငြိမ်းမယ် ရေးခဲ့တာကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ ကျွန်တော်ကတော့ ဒီစာသားကို သီချင်းအနေနဲ့စပြီး နားထောင်ဘူးတာပါ။ သုတရသ ပေးတဲ့ ဒီစာသားလေးတွေကို ဖတ်ကြည့်ကြပါအုံး။

တိမ်ခိုးငယ်… ဝေ

တိမ်ခိုးငယ်မှ ဝေေ၀
နှောပင်ကြီး နှောသီးကြွေ
လေပွေတိုက်လို့ (၀ဲတတ်တယ်)

ဥသျှစ်သီး မြေကြီးမှာမြှုပ်
ပြာဖုံးအုပ်လို့ မီးဖုတ်လိုက်လျှင်
သီးဖော်ရယ်မှ သီးဖက် အပင်ထက်မှာ
တက်တက်စင် မီးကင်သည့်နှယ် (ကွဲတတ်တယ်)

သနပ်ခါး ကျောက်ပြားပေါ်တွင်
သောက်ရေအေးနှင့် ရောသွေးလာလျှင်
နံ့သာပေါ် (ကျဲတတ်တယ်)


ပန်းနီနီ မပန်လေနှင့်
အမယ်မှာ နတ်ပန်းပွင့်တဲ့ အတင့်ငယ်မှ (ရဲချင်)
ပျော်လိုအားနဲ့ ခေါင်းဖျားတင် အရင်လူနဲ့
(လွဲတတ်တယ်)

Read more...

(၁) မယ့်လမ်းပါလား

>> Thursday, September 20, 2007

ပန်းနီလာ ဗေဒါ ဆင်သလို့
ယဉ်လှတယ်လေး၊
စုန်ချည် ဆန်ချည်နဲ့
ဒီချောင်းရေ ဗေဒါလမ်းမှာ
တန်းစီလို့လေး။

အို အချင်း ကျူရိုးရှင်
မဗေဒါ ပြာလဲ့လန်း၊ ကမ်း ကပ်မယ် ပြင်၊
စံပယ်လှ ပွင့်ဖြူစင်၊ ကမ်းခွင်က ငယ်ကျွမ်း၊
သူ့လိပ်ပြာ ခြံအရံနဲ့
သူစံရာ သူ ပျော်မွေ့၊ ပြေးတွေ့ချင်စမ်း တဲ့။

တွေ့ချင်တဲ့ စေတနာရယ်၊
ငယ်ကျွမ်းဆွေ ၀မ်းဝေတေး ပေမို့
အေးချိုလှတယ်။

လိပ်ပြာက ၀တ်ရည်သယ်၊ စံပယ်က မအား
ပွင့်ဖူးတဝေေ၀နဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါလား။

အို အချင်း ကျူရိုးရှင်
မဗေဒါ ပြာလဲ့လန်း၊ ကမ်းကပ်ပြန်ချင်၊
ဟိုအကွေ့မှာလ
ကိုရင်ဖေ့ ချစ်ရေစင်၊ ပျိုခင်ရဲ့အနွဲ့၊
ပျို့လက်မှာ မယ်ဗေဒါက
ပျို့မျက်နှာ ချစ်အုံ့ပုန်းကို ပြုံးကြည့်ချင်ငဲ့ တဲ့။

ကြည့်ချင်တဲ့ စေတနာရယ်၊
သနားဖွယ် ချစ်ဖွယ်တေးပေမို့
အေးချိုလှတယ်၊
ချစ်စနိုးရယ်နဲ့
မြစ်ရိုးက အပြာခြယ်ကို
ပျိုနှယ် လိုက်လေမလား၊
ပွင့်ဖူးတဝေေ၀နဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါလား။

အို အချင်း ကျူရိုးရှင်
မဗေဒါ ပြာလဲ့လန်း၊ ကမ်းကပ်ပြန်ချင်၊
ထီးတော်က တချွင်ချွင်၊ ကွင်းပြင်က ဘုရား၊
နေမင်းချိုချိန်တန်ပေါ့
နိဗ္ဗန်ကို စိတ်ကြံကူး၊ ဖူးလျင်လျက်သား တဲ့။

ဖူးချင်တဲ့ စေတနာရယ်၊
နိဗ္ဗိန္ဒာ ဂီတာတေးပေမို့၊ အေးချိုလှတယ်၊
ကျွတ်ဆုကို ရွယ်၊ လွယ်ပါတော့ အရ၊
ပွင့်ဖူးတဝေေ၀နဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်း သာပါ့။

ချောင်းရေက ဖောင်၊ တောင်လေက သွေး၊
ရွက်လင်းယဉ် မြိုင်မြိုင်နဲ့
ပန်းတိုင်ကို ပန်းခိုင် ဆိုက်အောင်
အားစိုက်ပါလေး။

ဇော်ဂျီ

Read more...

ကြားနေကျသတင်း

>> Wednesday, September 12, 2007


ကြားနေကျသတင်း
သစ္စာနီ

အက်ႌတစ္ထည္ထဲမွာ
ကျွန်ုပ်နဲ့သင် ပါတယ်
ဘက်တီးရီးယားပိုး ပါတယ်
လိင်ဆွဲဆောင်မှု ပါတယ်
၃၁-ဘုံ ခရီးသွားလက်မှတ်လဲ ပါတယ်။

နာရီတစ်လုံးထဲမှာ သံပတ်ပါတယ်
မစားရသေးတဲ့ ပန်းသီး ပါတယ်
သမိုင်းဝင်စစ်ပွဲတွေ ပါတယ်
ခြတောင်ပို့လဲ ပါတယ်။

ရေခဲမုန့်တစ်ခွက်ထဲမှာ
မလိုင် ပါတယ်
နို့မ၀တဲ့ကလေးရဲ့ မျက်ရည် ပါတယ်
ရွှေရောင်တိမ်တိုက် ပါတယ်။

ဆေးထိုးအပ်တစ်ခုထဲမှာ မိုးရေ ပါတယ်
ငွေလုပ်တဲ့စက် ပါတယ်
သေမင်းရဲ့ မျက်လုံး ပါတယ်။

ခေါင်းထဲမှာ ဘာမှ မပါပါဘူး။ ။

Read more...

သိဟ်ရာသီ ၀တ်ရုံ

>> Monday, September 10, 2007

အမုံအဖူးတွေ ဖြစ်ခဲ့ပြီးမှတော့
အပွင့်ဆက်ဖြစ်ရတော့မှာပေါ့
ဒါပေမယ့်
အဲဒီနေ့ကို ကျွန်တော့်ရဲ့သစ်ပင်ကလေးတွေ
ပြန်ရောက်မလာကြတော့ဘူး။

မျက်နှာပေါ် ဖိနပ်မချွတ်ဘဲ တက်လာတဲ့အပြုံးကို
'မုန်းတယ်'
သုည၀င်စားသလိုလိုနဲ့ ကိုယ်ကပဲ ကွေ့လျားဝိုင်းစက်
ပြီးဆုံးသည်ထိတိုင်အောင် အိမ်ထရံမှီပြီး
ရှက်ရတယ်။

ခုတော့လည်း မဆင်မခြင် လိမ္မာလိုက်ပါပြီ
ဂီတတွေကို ပိုပိုလိုလို တီးမှုတ်ယူမသွားတော့ဘူး
မုယောအပွင့်ကလေးကိုလည်း မြေပြင်ဆီ
ပြန်ပစ်ပေးလိုက်ပြီ။

၁၈း၀၀ နာရီ
ရထားဟာ လှလှပပကြီး တံခါးဖွင့်ဝင်ရောက်လာပါရဲ့
ဒါပေမယ့်
အဲဒီအိမ်ကလေးမှာ ဘူတာက သေဆုံးသွားခဲ့ပြီးတာ
ကြာပြီ။ ။
တာရာမင်းဝေ

Read more...

ဟဲလို! စက်တင်ဘာ (၁၁)

>> Saturday, September 8, 2007


'မျှော်လင့်ချက်ပျောက်တယ်' ဆိုတာ
ချောင်းဆိုးတဲ့ ရောဂါတစ်မျိုးပါပဲ ...
ကိုယ်တိုင်လည်း နာကျင်တယ် ...
(ကံဆိုးတဲ့) တခြားလူတွေကိုလည်း ကူးစက်နိုင်တယ် ...။

လူသားရာဇ၀င်ကိုမှ မာတိကာရေးချင်သူတို့ရေ ...
... ထောင်းလမောင်းထအောင် ကြေကွဲကြ၊
... ဘာမှန်း မသိတာတွေကို သီချင်းလုပ်ဆိုကြ၊
(ခုနောက်ဆုံးတော့) မျက်ရည်လက်တစ်ခုပ်စာနဲ့
... ကမ္ဘာကြီးကို ဆေးကြောဖို့ ကြိုးစားကြပေရော့ ...။

ဘယ်သူက ထင်ရက်မှာတဲ့လဲ!!!

ငါတို့ကို ပြုစားသွားခဲ့ရက်တဲ့ ... 'ရွာသူ'ရယ် ...
တို့ အိပ်မက်ရဲ့ ၅၀%ရာခိုင်နှုန်းကိုတော့
(ကိုယ်ဖာသာကိုယ်) မက်ခွင့်ရှိတယ်လို့ အောက်မေ့ခဲ့မိတာပါ ...။

သိပ်ကို သေချာသွားပြီ ...။ ငါတို့ရဲ့ ဘ၀ဟာ
ကောက်ရိုးနဲ့လုပ်ထားတဲ့ ပုံပြင်တစ်ပုဒ်ကို
... မီးရှို့ခဲ့တယ် ဆိုတာပေါ့ ...

မင်းခိုက်စိုးစန်
၂၀၀၁

Read more...

ပုခက်

>> Tuesday, September 4, 2007


ဆေးပြန်သုတ်ရုံနဲ့ပဲ သစ်လွင်ခဲ့တယ်
ဒီကလေးအတွက် ဒီသားချော့တေးပါပဲ
ဆီမထိုးတဲ့ လှည်းဝင်ရိုးသံလို
ခြေကားလက်ကား ငိုကြောရှည် တအီအီနေ့ခင်း
လွှဲသိပ်တဲ့စမ်းရေကလည်း ပျင်းလေးတွဲ့ရိ
ဒါဟာ ပထမဆုံး မဟုတ်တော့ဘူး
မိတ္ထီလာကန်အောက် ကောက်ခဲ့သောဖားတို့
အကြိမ်ကြိမ် ကြောင်ညိုပေမှေး
ငါ့အဖေအိပ်ခဲ့တဲ့ ပုခက်ထဲ
အိပ်နေတဲ့ ငါ့ကလေး။ ။

မျိုးဇော်

Read more...

၂-မှတ်

>> Friday, August 31, 2007


လမ်းလျှောက်ရင်း ငါသေဆုံးခဲ့တာ နှစ်တွေကြာပေါ့
အခက်အခဲတွေက ငါ့အပေါ်တစ်ရွက်ချင်း ကြွေကျနိုင်လွန်းတယ် ... ။
ဝဋ်ဒုက္ခဆိုတာ ၀ပ်နေတဲ့ဒုက္ခ မဟုတ်ဘူး
ဖေဖေက မေ့မေ့ကို ပြောနေတာ
(ငါ့ကိုမမွေးခင်ကတည်းက) နားစွန်နားဖျားတော့ ကြားမိသား။

ခွေးတွေပြေးသလို ယုန်လည်းပြေးတတ်ပါရဲ့
ဒါပေမယ့်
ခြေလေးချောင်းချင်းအတူတူ သူတို့က "အူ"လို့ရတယ်လေ
ကဲ ...
ငါကောက်ရထားတဲ့ ရွှေခါးပတ်နဲ့ ဘယ်သူ့ကို စိမ်ခေါ်ရင်ကောင်းမလဲ
ဖြစ်နိုင်မယ်ဆိုရင် မနက်ဖြန်နည်းနည်းလိုချင်တယ်။ ။


တာရာမင်းဝေ

Read more...

ရုပ်ရှင်ကြည့်ခြင်း

>> Sunday, August 26, 2007



ချစ်သူနဲ့ ကိုယ့်ကြားမှာ
လက်တန်းမပါတာကလွဲလို့
ဘ၀လေးက အပျော်ဖတ်ရုပ်ရှင်ဖြစ်တယ်
ရှင်သန်ခြင်းဟာ အသံထွက်ညံ့တဲ့
ဒိုင်ယာလော့ဖြစ်လိုဖြစ်
မျှော်လင့်ခြင်းက ပိတ်ကားပေါ်မှာ
ပြဇာတ်ဆန်ဆန်သိမ်းလို့သိမ်း
ဒီလိုနဲ့
ဆုံးရှုံးခြင်းဟာ သမားရိုးကျအဖွဲ့အနွဲ့မှာ ဇာတ်နာခဲ့။


လက်မှတ်မလိုဘဲ ရောက်ခဲ့ရတဲ့နေရာလေးမှာ
မကြာမကြာ ဗိုက်ဆာတတ်တာကလွဲရင်
ကံကြမ္မာဟာ ကြမ်းပိုးတစ်ကောင်လို
နာကျင်စေမယ်လို့
ဘယ်တုန်းကမှ ကြိုပြီး စာတမ်းမထိုးခဲ့ဘူး။


လူကြမ်းတစ်ယောက်လို ၀ိုင်းဝန်းကျိန်ဆဲကြ ဘ၀ကို
မကြည့်တတ်တော့ အပြစ်တွေက တသီတတန်းကြီး
မျက်ရည်တွေ ခိုးခိုးသုတ်ကြတဲ့ အခန်းတွေပေါ
ချစ်သူကို လက်တို့ပြီးရယ်မောရ။
တော်ပါပြီ
ဘယ်သူကများ ဇာတ်ကြောင်းကို ကြိုပြောထားပါလိမ့်
တို့တွေ တစ်နေ့နေ့သေရမယ်လို့ ...။ ။




သစ္စာပိုင်စိုး

Read more...

လေတိုက်ချိန်

>> Saturday, August 25, 2007



ရေဒီယိုက
ခေတ်ဟောင်းတေးတစ်ပုဒ်ဆိုနေတယ်
ညနေခင်းဟာ စိတ်အပြောင်းအလဲမြန်တယ်၊
ကောင်းကင်မှာ
အေးအေးလူလူ ကျက်စားနေတဲ့ တိမ်တစ်အုပ်
အရောင်ရင့်ချိန်
အုန်းပင်တို့ ခေါင်းခါပြပုံက ခါးခါးသီးသီး
အိမ်ခေါင်မိုးပေါ်
တမာပွင့်ခြောက်တွေ ထင်ရာစိုင်းနေပုံကလည်း
ခါးခါးသီးသီး
ပန်းပွင့်တစ်ချို့ဟာ
အလှတရားကြောင်းမှ ကောင်းကောင်းသိမသွားခင်
ကြွေနှင့်ပြီ
လေဟာ
ပြတင်းတံခါးကို အသံမြည်အောင် ဆောက်ပိတ်
လွင့်နေတဲ့စိတ်
ကိုယ်ထည်ပေါ် ပြုတ်ကျလာပုံက
အလန့်တကြား။ ။



မင်းထက်ညိမ်း

Read more...

ပယောဂ


မှော်အတတ်နဲ့ လ ကိုဖျောက်
အမှောင်တွေ တပေါက်ပေါက် ရွာချခိုင်းတော့



လရောင်မက်တဲ့
ငှက်တစ်သိုက်
သစ်ရွက်ကြို သစ်ရွက်ကြားမှာ
ငိုက်နေလေရဲ့။

ချမ်းမင်းအိမ်

Read more...

နမော်နမဲ့



ဘာသိဘာသာနေတတ်တဲ့ ငါ့အပေါ်
သာမိတဲ့ 'လ' လည်း
နောင်တတွေ ထမ်းပိုးပြီး
တိမ်မည်းတွေဆီ လမ်းကြုံဝင်သွားလေရဲ့။


ဓါတ်သိပတ်သိ လေပြည်ညှင်းကတော့
ငါ့ရင်ဘတ်နဲ့ပျိုးတဲ့
ပွင့်တူရွက်တူကို
ရနံ့မယူတော့ဘူးတဲ့။


ကြီးကြီးကျယ်ကျယ် အခမ်းအနားချဲ့တတ်တဲ့
ဧည့်ခံစကားလုံးတွေ
စိမ်းစိုအောင် မပျိုးတတ်ကတည်းက
ငါ့ဆီမှာ
ဖိတ်စာတွေ ရောက်မလာကြတော့ဘူး။




မိုးသျှန်း

Read more...

ပဉ္စလက်



မနက်ခင်းကလည်း
ချက်နို့ဆီနဲ့ အရောတ၀င်ဖြစ်လို့
အီကြာကွေးသေးသေးလေးနဲ့ စစ်ပြေငြိမ်းလို့
သတင်းစာနဲ့ လက်မထပ်ဘဲ အတူနေလို့။

နေ့ခင်းကတော့
ရေလိုက်ငါးလိုက်ဝါဒကို မျက်မှန်တပ်လို့
အစာအိမ်ကို ဗြူတီဆလွန်းပို့ရ
မျှော်လင့်ချက်နဲ့ စစ်တုရင်ထိုးရနဲ့
(သူပဲ ပွဲတိုင်းရှုံးလေ့ရှိတယ်။)

ညကျရင်
ဂျနီဖာလိုပက်ကို
အိပ်မက် မက်ပစ်မယ်။



သစ္စာနီ

Read more...

ရာဇ၀င်ထဲကအရောင်များ

>> Monday, July 16, 2007

ရာဇ၀င်ထဲကအရောင်များ
ရာဇ၀င်တဲ့
သမိုင်းတဲ့
အတိတ်ရဲ့အရိပ်တွေကို
စကားလုံးတွေနဲ့ဘာသာပြန်တဲ့
အရောင်ထင်ဟပ်မှုတွေပါ။
အဲဒီအရောင်တွေပေါ့
ကျွန်တော်တို့ဆီကို
ဒေါင်လိုက်လဲရိုက်ရဲ့
စွေစောင်းလဲရိုက်ရဲ့။
နာကျင်လှပါပြီ
သမိုင်းရဲ့ရောင်ပြန်တွေ
ကျွန်တော်တို့အရေပြားတွေဆီ
တစ်ချက်စီကျနေကြတယ်။
အနာဂတ်ရဲ့သွေးစက်တွေမှာလဲ
ဒီရာဇ၀င်ရောင်တွေရောယှက်နေလေရဲ့၊
အရှိုးရာတွေထပ်နေပေမယ့်
အပြုံးမပျက်ခဲ့ပါဘူး၊
ရာဇ၀င်အရှိုးရာတွေနဲ့ပြည့်နှက်နေတဲ့
အရေပြားအိုကြီးတွေကပြောကြတယ်လေ
ရာဇ၀င်မှာ အတုယူစရာတွေရှိတယ်ဆိုတာကိုး။
ဟိုးပြူတင်းပေါက်လေးမှာပေါ့
ကလေးတစ်ယောက်
ဟစ်တလာရဲ့ရက်စက်ကြမ်းကြုတ်မှုဆိုင်ရာ
သမိုင်းတစ်ပုဒ်ကျက်နေလေရဲ့၊
နက်ဖြန်လိုနေ့မျိုးအတွက်
အလွတ်ဆိုပြဖို့သက်သက်ပါ။
ဂျာမဏီသာစစ်နိုင်ခဲ့ရင်
ဒီကလေးလေးအတွက်
နှစ်ဆယ်ရာစုရဲ့သူရဲကောင်း
ဂျာမန်စစ်ဗိုလ်ချုပ်ကြီးအကြောင်း
ကျက်ဖြစ်နေမလားပဲ။
ဖျက်မပစ်ကြပါနဲ့
ဒီအရှိုးရာတွေနဲ့ပဲ
ကျွန်တော်တို့အသားကျနေကြပါပြီ
အရိုက်ခံရတဲ့ဒဏ်ရာထက်
အဖျက်ခံရတာက ပိုအခံရခက်နိုင်တယ်လေ၊
အဖျက်ခံဒဏ်ရာပေါ်မှာ
ဝါဒသစ်ရိုက်ချက်တွေ ထပ်ဆင့်ကြဦးမယ်ဆိုရင်တော့
စုတ်ပြတ်နေတဲ့အရေပြားတစ်စုံနဲ့
အရောင်စုံလောကကြီးကနေ
အပြီးတိုင်ထွက်ခွာဖို့ပဲရှိပါတော့တယ်။ ။

မောင်ဖြူ


Read more...

ဒေါင်လိုက်သီအိုရီ

>> Sunday, June 24, 2007

တချို့ကပြောကြတယ်
ဘ၀ဆိုတာမြင်းကျားလိုပဲတဲ့
ပျော်ရွှင်ကြည်နူးမှုအဖြူရောင်အစင်းကြောင်းတွေနဲ့
ဝမ်းနည်းပူဆွေးကြေကွဲမှု အနက်ရောင်အစင်းကြောင်းတွေ
အချိုးမညီစွာပေါင်းစပ်ထားတာ ဘ၀တစ်ခုပေါ့တဲ့။
တကယ်တော့
ဘ၀ဆိုတာ အဖြူအနက်
ဟန်ချက်ညီညီရောယှက်ထားတဲ့
လောကဇာတ်ခုံပေါ်က
ကစားစရာ ကျားကွက်တစ်ခုလိုပါပဲ။
ကံကြမ္မာဆိုးရဲ့ ၀ါးမျိုမှုအောက်
အလူးအလဲရောက်မသွားဖို့ကတော့
စားဖို့ချည်းမြင်ပြီး အကွက်ရွှေ့မမှားကြဖို့ပါပဲ။
သူငယ်ချင်းရေ
မင်းဘ၀ရှေ့လျှောက်
အဖြူရောင်ကွက်တွေသာ
ဒေါင်လိုက်တက်လို့
ဟိုမှာဘက်ဘ၀ကျားခုံရဲ့အဆုံးသတ်မှာ
ဘုရင် သို့မဟုတ်
ဘုရင်မတစ်ယောက်ဖြစ်နိုင်ပါစေလို့။ ။
မောင်ဖြူ

Read more...

ဥယျာဉ်မှုး

ဥယျာဉ်မှုး ပန်းမခူးရလို့ ဆိုကြတယ်.....ခင်
လမ်းချိုးရဲ့တကွေ့မှာ
ပန်းသူခိုးနဲ့တွေ့မှာစိုးလို့
ဥယျာဉ်မှုးပန်းခူးလိုက်ရတာပါ .....ခင်။
မောင်လှမျိုး(ချင်းချောင်းခြံ)

Read more...

သတိရခြင်းများ

>> Monday, May 28, 2007

သတိရခြင်းများ
တဒေါက်ဒေါက်နဲ့ လျောက်သွားကြတဲ့
အနောက်တိုင်းသူတွေရဲ့ ဒေါက်ဖိနပ်မြင့်မြင့်တွေမြင်တိုင်း
ကတီပါဖိနပ်ပါးလေးတွေစီးတတ်တဲ့
ကျွန်တော့်ချစ်သူကိုသတိရတယ်။
ဈေးကြီးပြီး အမွှေးလွန်ရနံ့တွေ
ကျွန်တော့်ဂန္ဓာရုံကို ၀င်ရောက်ကျူးကျော်ကြတိုင်း
ကံ့ကော်ပန်းခြောက်နံ့တွေရောနေတဲ့
ကျွန်တော့်ချစ်သူရဲ့ သနပ်ခါးနံ့လေးကို သတိရတယ်။
အလှတရားတွေ တန်ဆာဆင်ထားပေမယ့်
အသုံးမတည့်လှတဲ့ နှင်းပွင့်တွေ အဆုပ်လိုက်ကျတိုင်း
စပါးပင်လေးတွေကို မြတ်နိုးတတ်တဲ့
ကျွန်တော့်မြေက မိုးမင်းလေးကို သတိရတယ်။
ခြင်လုံသံဇကာတွေရဲ့ လှောင်ပိတ်မွန်းကြပ်မှုတွေ ခံစားရတိုင်း
ကျောင်းရှေ့ရေမြောင်းဘောင်ပေါ်မှာ အတူထိုင်ရင်း
ခြင်ကိုက်အတူခံခဲ့ဖူးတဲ့
ကျွန်တော့်သူငယ်ချင်းတွေကို သတိရတယ်။
ပိန်လှီလှီထင်းရှူးပင်တွေအောက်
လမ်းလျောက်ထွက်မိတိုင်း
တမာမြေရဲ့ လေရိုင်းလေးကို သတိရတယ်။
ပြင်းရှရှယမကာချိုတွေကို
ဟန်ဆောင်ပြုံးနေသူတွေကြား
မြိုချပြမိတိုင်း
ရန်ကင်းတောင်အခြေရဲ့
နေညိုချိန် ထန်းရည်တောလေးကို သတိရတယ်။
ဟန်ဆောင်မျက်နှာဖုံးတွေကင်းကွာ
သဘာဝတရားတွေနဲ့ပဲ တန်ဆာဆင်တတ်တဲ့
ရွှေဝါမြေက မိပန်းဝါရေ
အက်စစ်မိုးတွေစွေ
နြူကလီးယားဆောင်းတွေဝေနေတဲ့
ခရမ်းလွန်နွေဦးတွေအောက်က
အပြီးထွက်ခွာနိုင်မယ့်လမ်းက
လက်တစ်ကမ်းပဲ လိုပါတော့တယ်ကွာ။ ။
မောင်ဖြူ

Read more...

မင်းမရှိလဲနေပါ ရတယ်

>> Monday, May 14, 2007

မင်းမရှိလဲနေပါ ရတယ်
မိတ်ဆွေမရှိရင်နေပါ
မိတ်ဆွေတွေကနေဖြစ်လာတဲ့
ရန်သူမရှိရင် ကျေနပ်ပြီ။
ချစ်သူမရှိရင်နေပါ
အချစ်ကနေလာတဲ့
မုန်းသူမရှိရင် ကျေနပ်ပြီ။
ငြိမ်းချမ်းရေးမရှိရင်နေပါ
ငြိမ်းချမ်းရေးအဖြေရှာနေကြတဲ့
စစ်မက်တွေမရှိရင် ကျေနပ်ပြီ။
အောင်မြင်မှုတွေမရှိရင်နေပါ
ယှဉ်ပြိုင်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့
အရှုံးတွေမရှိရင် ကျေနပ်ပြီ။
အဖြူမရှိရင်နေပါ
ဆေးဆိုးထားတဲ့
ဖြူဖပ်ဖြူရော်အရောင်တွေမရှိရင် ကျေနပ်ပြီ။
ရှိခြင်းတွေ ရှိမနေရင်နေပါ
မရှိခြင်းတွေ ရှိမနေရင် ကျေနပ်ပြီ။
ကျေနပ်စရာတွေ မရှိခဲ့ရင်တောင်
မကျေနပ်စရာတွေ ရှိမနေဘူးဆိုရင်ဘ၀က ပျော်စရာကြီးပါ။ ။

မောင်ဖြူ
14.05.2007 13:04

Read more...

ပြုစားခဲ့တဲ့လူ


ပြုစားခဲ့တဲ့လူ

မနေ့ကမှ ကိုယ့်ကိုယ်ကို ငုံ့ကိုင်းကြည့်မိရဲ့
ကျွန်တော့်ရဲ့ ထွက်သက်ဝင်သက်ကလေးတောင် အရပ်အတော်မြင့်ခဲ့ပြီ။
လမ်းထိပ်က သွေးနွေးသတ္တ၀ါတွေအတိုင်းပါပဲ
လောကဓံ ခွန်းကြီးခွန်းငယ်တွေကြားမှာ
ကျွန်တော်ဟာလည်း ၀ူးဝူးဝါးဝါးနဲ့ လူ အဖြစ် ပွင့်ခဲ့ရတာပါ။
တကယ်ဆို ကဗျာဟာ
အချစ်ဦးမသိအောင် ရေးရတဲ့အရာပါ
ကံ့ကော်နဲ့ အဖူးရော အပွင့်ရော လွဲခဲ့ရသလိုမျိုး ဘာဘာညာညာ
အဲဒီလို မာယာအမှုကိုလည်း ကိုယ်တိုင်ကိုယ်ကျ ပြုခဲ့ဖူးပြီ။
တစ်ရံတစ်ခါ လေပူအဝေ့တွေမှာတော့
လမ်းလျှောက်သူတို့ရဲ့ ဘာသာဘာဝ တုန်ခါယိမ်းသွေ့ဖူးတယ်။
အဲဒါကလွဲရင် သူလိုကိုယ်လိုလောက်တောင် ကျွန်တော် မကွေ့ကောက်ခဲ့ပါဘူး။
ကျွန်တော်နဲ့ သိုးထိန်းတို့ ခုလိုမျိုး စကားစိမ်း ဆိုကြ
အော် တစ်ခုတော့ ရှိတယ်
ကျွန်တော် မပါဘဲနဲ့လည်း ဧရာဝတီဟာ စီးမြဲစီးနေလိမ့်မယ်
အဲဒါကို ပြောဖို့ ကျန်ခဲ့တယ်။

တာရာမင်းဝေ

Read more...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP