ပန်းမြတ်မဉ္စူ
>> Tuesday, June 30, 2009
သူငယ်ချင်းသစ်များတချို့တွင် ခပေါင်းရွာမှကျောင်းတက်လာသူသန်းသန်းမြင့်နှင့် ထီးနီကုန်းမှလာသူချိုချိုတို့
နှင့်စကားပြောဖြစ်ချိန်တချိန်တွင် အတန်းတွင်းမှကိုတင်အောင့်အကြောင်းပြောပြသည်။ ကိုတင်အောင်မှာဘုန်း
ကြီးကျောင်းသားဖြစ်လျှက် ဗေဒင်ကောင်းစွာတွက်တတ်ကြောင်းစကားစပ်မိရာ သဇင်ဝေစိတ်ဝင်စားသွားပြီး
"သဇင်လဲဗေဒင်တွက်ချင်တယ်"
"တွက်ချင်ရင်ပြောပေးမယ်...သိပ်မှန်တာသဇင်ရဲ့"
"ဟုတ်တယ်...ချိုလဲတွက်ကြည့်ပြီးပြီ..တကယ်မှန်တယ်"
"ဒါဆိုပြောပေးထားနော်...ချက်ချင်းတော့မဟုတ်ပါဘူး"
နောင်ရေးအားပူပင်နေ၍ဗေဒင်တွက်ကြည့်ချင်သော်လည်းမတွက်ဖြစ်ခဲ့သလို အသင်းအစည်းအဝေးများကို
မတက်ဘဲကျောင်းဆင်းလျှင်ချက်ချင်းမပြောမဆိုအိမ်ပြန်သွားတတ်သည်များကို ဆရာမည်သို့ထင်မည်မသိ။
အသင်းခေါင်းဆောင်အစားထိုး ရွေးချယ်ရသည်ကိုလဲ သဇင်ဝေလျစ်လျူရှုခဲ့မိသည်အထိထင်ရာစိုင်းနေခြင်း
တွင်လဲ ဆရာသည်တစုံတရာမပြောဘဲနေ၍အေးချမ်းလှသောမေတ္တာတို့နှင့် တိတ်ဆိတ်စွာနေနိုင်လွန်းလှ
ဘိသည်။
ကုက္ကိုလ်ပွင့်ပန်းနုရောင်ကမ္ဗလာသည် အညိုရောင်ကမ္ဗလာအဖြစ်ပြောင်းလဲသွား၍ ကုက္ကိုလ်ရွက်တို့ကရွှေဝါရောင်
အဖြစ်ပြောင်းလဲဖန်ဆင်းပြီး ဝေ့ကာဝေ့ကာ ကနွဲ့ကလျကြွေသက်လျက် ကျောင်းတော်ကြီးမှအပြီးပိုင်ခွဲခွာသွား
ကြတော့မည့် ပန်းကလေးတချို့ကိုရွှေကမ္ဗလာခင်းလို့နှုတ်ဆက်နေကြတော့သည်။ တက္ကသိုလ်ဝင်တန်း
နောက်ဆုံးဖိုင်နယ် စာမေးပွဲဖြေမည့်ကျောင်းသူကျောင်းသားတို့အားသွားရောက်ဖြေဆိုရမည့် ကျောင်းအမှတ်၊
ခုံနံပါတ်တို့ချပေးပြီးဖြစ်သည့်အပြင် စာကျက်ချိန်အတွက်ကျောင်းပိတ်ပေးလိုက်သောတနေ့။ တကယ်တမ်း
ကျောင်းတော်ကြီးကိုအပြီးနှုတ်ဆက်ရမည်အဖြစ်ကိုရင်ဆိုင်ရတော့သည်၌ အမြဲအိမ်သို့အလျင်စလိုပြန်တတ်သူ
သဇင်ဝေအဖို့ တွယ်တာလွမ်းဆွတ်မှုတို့နှင့် ကျောင်းဝန်းကြီးအတွင်းတယောက်ထဲလျှောက်သွားနေမိသည်။
ချိုမြသောရေကြည်ရေစင်ကိုကမ်းလှမ်းခဲ့သည့်ရေချိုတွင်းကလေးအနား ရစ်ဝဲနေရင်းကုက္ကိုလ်ပင်စုကြီးများ
အောက် သွားရောက်မည့်ခြေဦးတည်ခိုက် မျက်နှာချင်းဆိုင်မှသဇင်ဝေကဲ့သို့လွမ်းနေကြသူများဟိုတချို့သည်
တချို့တွေ့နေရသည်။ ထိုအထဲတွင်အတန်းသားကိုတင်အောင်နှင့်မျက်နှာစိမ်းကျောင်းသား
နှစ်ဦးကိုတွေ့ရာ
"သဇင်ဝေ...နင်အိမ်မပြန်သေးဘူးလား" ဟု ကိုတင်အောင်ကမေးသဖြင့်
"မပြန်သေးဘူး...ကိုတင်အောင်ကော"
"ငါလဲမပြန်သေးဘူး"
ကျောင်းမှချက်ချင်းမပြန်သေးသူများတို့ အချင်းချင်းအလွမ်းဝေဒနာတို့ကိုမပြောဘဲနားလည်ကြ၏။
"မပြန်သေးရင်ဗေဒင်တွက်တတ်တယ်လို့ မသန်းသန်းမြင့်ကပြောတယ်။ တွက်ပေးပါလား"
"အေး...တွက်ပေးမယ်"
အနီးရှိတဲကြီးဆောင်အပြင်တွင်စားပွဲစားပွဲတလုံးနှင်းကုလားထိုင်သုံးလုံးအဆင်သင့်
တွေ့သည့်အတွက်ဝင်ထိုင်
ကာဗေဒင်တွက်ကြတော့သည်။ တွက်နေရင်းနောက်ဆုံးပြောသောအချက်တစ်ချက်တွင်
"နင်ဒီနှစ်သိပ်ညံ့တာပဲ။ ရှားမီးကိန်းကျတယ်။ ရှားမီးထွန်းရမယ်"
"ရှားမီးထွန်းတယ်ဆိုတာ ဘယ်လိုထွန်းရတာလဲ"
"ငါလဲထွန်းပေးဖို့အချိန်မရှိဘူး...ကိုယ့်ဘာသာမေးမြန်းပြီးထွန်းပေါ့"
"မထွန်းတတ်ပါဘူးဆိုမှ"
ပြော၍မဆုံးခင် မည်သည့်အချိန်ကတဲကြီးဆောင်အ၀င်ဝမလှမ်းမကမ်း၌
ရောက်နေပြီးထိုင်နေသည့်ဆရာအား
သတိပြုမိလိုက်သည်နှင့်လန့်သွားကြကာ လှုပ်လှုပ်ရှားရှားနှင့်ယောက်ျားလေးများကနှုတ်မဆက်ဘဲပြန်သွားသည်။ ထိုတပြိုင်နက် ထိုင်နေသောနေရာမှ
ဆရာသည်သဇင်ဝေ့အား "ကောင်မလေးနော်...ကောင်လေးတွေနဲ့ရောရော၊ရောရောလုပ်မနေနဲ့"
ဟု ဆူသလိုပြောသဖြင့်ကိုယ်လေးကျုံ့သွားသလိုဖြစ်၍ဆရာ့အားမရဲတရဲလှမ်းကြည့်ကာ "ဟုတ်ကဲ့" ဆိုသည့်
အသံပင်လည်ချောင်းတွင်းပျောက်ကွယ်သွားပြီးခြေလှမ်းတို့
ဖော့နင်းပြန်ခဲ့လေတော့သည်။
ဆရာ့အားလှမ်းအကြည့်ကိုပြန်လည်ပုံရိပ်ထင်သည့်အခါ ဆရာ၏မျက်ဝန်းတို့ညှိုးလျော်နေသည်အားလဲ
တစုံတရမထင်မှတ်မသိတတ်စွာကျောခိုင်းထွက်လာခဲ့သည်။ထိုနောက်ဆုံးနေ့ကို သဇင်ဝေရင်တနင့်နင့်
ပြန်လည်တသလွမ်းဆွတ်နေသည်။
ဘ၀၌မေတ္တာဆိုသည်အား ပိုင်ဆိုင်ရန်စဉ်းစားနိုင်ခွင့်ရှိခဲ့လေလျှင် ရတုမြေသူလေး၏ဘ၀င်ဝယ်အမြစ်တွယ်
နေသည့် မင်းနတ်သျှင်မှ ရာဇဓာတုတစ်ဦးတည်းအပေါ်သာမေတ္တာတော်ထားခဲ့သော.....
တစ်သက်တွင်တစ်ကြိမ်သာပေါ်ပေါက်တတ်မည့်မေတ္တာအမျိုးအစားမှာ ဆရာ့နှလုံးသား၌သာရှိနိုင်လေမည်
ဖြစ်ကြောင်းသိခွင့်ရလေသည့်တိုင်အောင်....
ဆရာကဲ့သို့ကြည်စင်လင်းလက်လွန်းအလင်းပြကြယ်တာရာ
တစ်ပွင့်ပမာထက်ပင်လွန်မြတ်၍ ခူးဆွတ်ပန်ဆင်
ခွင့်မရှိသည့် "ပန်းမြတ်မဉ္စူ" တပွင့်ဖြစ်လေသော ဆရာ၏မေတ္တာကို သဇင်ဝေဆွတ်ချူပန်ဆင်ရန်ဝံ့စားနိုင်
လိမ့်မည်မဟုတ်။ သို့ဖြစ်ရာ အတိတ်ဘ၀သံသရာမှ ဒါနအတူမပြုခဲ့ဖူးရုံမကဆုတောင်းဆုယူတို့လွဲခဲ့ကြခြင်း
ကြမ္မာအဖြစ်တသက်တာကြေကွဲနေရပါလေတော့မည်။ ။
ခိုင်ခင်အင်ကြင်း

3 comments:
၁ ယူသွားပါသည်။
အော်..
ဇာတ်သိမ်းလေးကို လာဖတ်သွားပါတယ်..။
Post a Comment