လွတ်ခွင့်ရည်သန်

>> Sunday, June 14, 2009

သံသရာနှောင်အတွင်းမှာလ၊
ဝပ်စင်းလို့လွမ်းစိတ်ကြွယ်၊
အားငယ်သမို့တရားတွယ်ကာ၊
ရုန်းဖယ်မယ်စိတ်ကူး။
သနစ်ထူးဖြစ်ထွေထွေကို၊
ဝဋ်တွေသာဖြေဖို့ရည်စူး။
နတ်လူသခင့်တရားရှင်တွင်၊
နေ့စဉ်ပင်မျှော်ဖူး၊
ဆွမ်းဦးနှင့်ရေချမ်းတင်၊
အေးစွဘ၀င်။
ဒုက္ခဘုံလောကီအကွေ့မှာတော့၊
ယောဂီဓလေ့ခုံမင်မည်၊
ကုသိုလ်တွေဖွေရှာပြုနေလျက်၊
ဘယ်ကံကွက်ကြေကွဲစေသည်၊
ဖြေမဆည်သေစေညွှန်းသည်သို့၊
ဘ၀င်ကျွမ်းနာကြွေ။
ပန်းဖွက်သူ့ဝင်္ကဘာဗွေနယ်၊
ရှောင်သွေဖယ်နေအုံးမည်ကွဲ့လေး။

ခိုင်ခင်အင်ကြင်း

0 comments:

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP