ပန်းမြတ်မဉ္စူ (၄)

>> Monday, June 29, 2009

နောက်စာသင်နှစ်တစ်နှစ်ပြန်စချိန်သည် အဌမတန်းဖြစ်သည်ကြောင့်ရည်မှန်းချက်တို့အောင်မြင်ဖို့ ပထမ
ခြေလှမ်းဖြစ်နေ၍ မြို့နှင့်အနီးအနားရှိအလယ်တန်းကျောင်းအောင်ကြသူများရောက်လာကာ တန်းခွဲများပြီး
ကြည်ကြည်လွင်နှင့်ထွေးထွေးအောင်တို့
မည်သည့်အတန်းများသို့ရောက်သွားကြောင်းပင်ချက်ချင်းမသိရုံမက

စာသင်နှစ်ကုန်ဆုံးချိန်တိုင်အောင်အတွေ့နည်းသွားကြစဉ် ဆရာသည်အထက်တန်းနောက်ဆုံးနှစ် ဒဿမတန်း
များ၌တာဝန်ကျနေကြောင်းလောက်သာသိရကာ
ဆရာ့အကြောင်းများကိုသယ်ဆောင်လာတတ်သူများနှင့်လည်း
ဝေးလျှက်သဇင်ဝေဆိုသည်မှာ ကျောင်းတော်ကြီးတွင်ရှိနေသည်ဟုပင်နောက်ထပ်စာသင်နှစ်တစ်နှစ်အကုန်အထိ
ဆရာမသိသေးဘဲရှိခဲ့သောကဏ္ဏဖြစ်နေခဲ့ပါသည်။
ရိပ်ကနဲတက္ကသီလာမှကံ့ကော်တောနှင့်နီးတော့မည့်စာသင်နှစ်ရောက်ခဲ့လျှင် သိပ္ပံကျောင်းကြီးဖြစ်သောကြောင့် မြို့နှင့်အနီးတ၀ိုက်သာမက ခရိုင်မြို့လေးများကတချို့ပင် ကျောင်းတော်ကြီးသို့စုရုန်းပြောင်းရွှေ့လာသူတို့ပွားများလာခြင်းကြောင့် သူငယ်ချင်းဟောင်းများလဲနည်းကုန်
သလောက် မျက်နှာစိမ်းသူငယ်ချင်းသစ်များအားအများဆုံးမြင်နေရသည့်ကြားတွင် ကြည်ကြည်လွင်နှင့်တတန်းထဲဖြစ်၍၀မ်းသာရသော်လည်း လူခံဖြစ်နေကြောင်းသိသူ၊ သူငယ်ချင်းသစ်များက
ဝိုင်းဖွဲ့စကားပြောနေကြသည်ကိုလှမ်းမြင်ရသလို၊ သဇင်ဝေကိုလဲတချို့ကနာမည်မေးပြီးမိတ်ဆက်နေကြစဉ်
အတန်းပိုင်ဆရာမဒေါ်ခင်မြင့်မြင့်မှသဇင်ဝေတို့စာသင်ခန်းရှိရာညွှန်ကြားရာ၌ "မင်းတို့ C တန်းအခန်းက အရှေ့
ဘက်အစွန်ဆုံးအပေါ်ထပ်အခန်းမှာကျတယ်။ အားလုံးသွားနှင့်ကြတော့။ တီချယ်နောက်ကမကြာခင်လာခဲ့မယ်"
ဆို၍ကြိတ်ပြီးဝမ်းသာသွားရင်း အတန်းမှမြစ်ကွေ့ရှုခင်းအားတိုက်ရိုက်မြင်ရမည့်အတွက် "အတန်းရှေ့ပိုင်းပြူတင်းပေါက်ဘေးထိုင်ခုံမှာထိုင်မယ်" ဟုဆုံးဖြတ်လိုက်ကာကြည်ကြည်လွင်ကိုခေါ်ရန်လှမ်းကြည့်လိုက်လျှင် သဇင်ဝေလိုနေရာအတွက် မစဉ်းစားသလို
သူငယ်ချင်းသစ်များနှင့်အေးအေးဆေးဆေးစကားတပြောပြောဖြစ်နေရာ မတတ်သာဘဲအရင်စလိုထွက်လာရ
တော့၏။
ထိုင်ချင်သောနေရာကိုရအောင်ထိုင်ပြီးလျှင်ပြီးခြင်း မြစ်ကွေ့ရှုခင်းအလှကိုကြည့်မိသည်တွင် အရှေ့ဘက်ကမ်းပါး၌ နေရောင်နှင့်ငွေသောင်ယံတို့တလက်လက်ဖြစ်ကာ၊ အနောက်ဘက်ကမ်းပါးမှာကျောက်
ဆောင်များနောက်တွင်စိမ်းစိမ်းစိုစိုသစ်ပင်များအပြင်၊ မြစ်ပြင်မှာလှေကလေးတချို့လှော်ခတ်နေ၍ မြစ်ယံပေါ်၌
ကျေးငှက်သာရကာတို့ပျံသန်းနေကြသည်တို့က သာယာကြည်နူးစရာမြင်ရသော်လည်း ဤနေရာကိုရွေးခဲ့ရင်း
အကြောင်းသည် သဘာဝအလှအပများအား ခုံမင်လှသကဲ့သို့ အခါအခွင့်သင့်ချိန်ကြုံပါက မြစ်ကွေ့သို့ငေးမော
တွေးတောရင်းသောကများကိုလွှတ်ထားလိုသဖြင့်ဖြစ်ပါသည်။
ကြည်ကြည်လွင်ကိုနောက်ဆုံးတန်းတွင်မြင်၍အလှမ်းဝေးနေပြီး၊ ထိုနှစ်မှာသင်ခန်းစာများ၊အိမ်စာများပိနေသကဲ့သို့ သူငယ်ချင်းသစ်များနှင့်လုံးထွေးရစ်ပတ်လျက် တယောက်နှင့်
တယောက်မဆုံဖြစ်လှဘဲရှိလေသောနှစ်ဖြစ်ခဲ့လေသည်။
အလှည့်ကျအချိန်ဇယားအရ သဇင်ဝေတို့အတန်းသို့ ဆရာရောက်လာသည့်အခါ ထွေးထွေးအောင်၊
ဝင်းဝင်းလင်း နှင့်သီတာထွန်းတို့အားသတိရလာ၍ ဆရာ့တပည့်ဖြစ်ရပြီကိုကျေနပ်ပီတိဖြစ်နေရပါ၏။
အတန်းများအားအသင်းလေးသင်းဖွဲ့ရမည့်နေ့၌ သဇင်ဝေတို့အတန်းသို့အသင်းလေးသင်းဖွဲ့ပေးရန်
တာဝန်နှင့်ဆရာရောက်လာလျက် အတန်းရှေ့မှရပ်ကာတတန်းလုံးကိုခြုံကြည့်ရင်းမှ "ဒီနေ့အတန်းမှာအသင်း
လေးသင်းဖွဲ့ရမယ်။ ကျန်စစ်သား၊ဘုရင့်နောင်၊အလောင်းဘုရားနှင့် ဗန္ဓုလအသင်းဖွဲ့ပြီးရင် အသင်းခေါင်းဆောင်
တွေလဲရွေးရမယ် " အတန်းသားများအားဆရာမှအသင်းလေသင်းဖွဲ့ရာတွင်
အမည်စာရင်းအားကြည့်ရင်းဖွဲ့ပေး
ပြီးသောအခါ အတော်အတန်စိမ်းနေကြသည်ဖြစ်ပေမယ့် အဖွဲ့ဝင်ချင်းတဦးနှင့်တဦးအသိအမှတ်ပြုခေါင်းငြိမ့်ပြ
ကြပြီးနောက် "အသင်းဖွဲ့ပြီးရင် အသင်းခေါင်းဆောင်ရွေးရလိမ့်မယ်။ကိုယ့်အသင်းကဘယ်သူ့ကိုခေါင်းဆောင်
တင်မလဲဆိုတာကြည့်ပြီးစဉ်းစားကြ" ဟုဆရာကဆက်လက်ပြောသောအခြေအနေ၌ သူငယ်ချင်းအသစ်တွေလိုချည်းဖြစ်နေ၌ အတန်းသားအားလုံးတယောက်ကိုတယောက်ကြည့်လျက်အရွေးခက်
နေပြီး ခေတ္တငြိမ်သွားရင်း သွက်လက်သည့်ကျောင်းသားတချို့အပိုင်းမှ အချင်းချင်းခေါင်းဆောင်ရွေးတင်ကြပြီး
သော် သဇင်ဝေတို့အလောင်းဘုရားအသင်းအဖွဲ့မရွေးရသေးသဖြင့် ရွေးမည့်ဟန်ဖြင့်အကဲခတ်နေကြစဉ်
"အလောင်းဘုရားအသင်းခေါင်းဆောင်ကို သဇင်ဝေ့ကိုရွေးလိုက်မယ်" ဟုဆရာကအရင်ဆုံးပြောလိုက်သော
အခါ အသင်းသားအားလုံးအနည်းငယ်အံ့အားသင့်သလိုဖြစ်သွားပြီး ဆရာရွေးသည့်အတွက်လက်ခံလိုက်ကြလေ
သည်။
သဇင်မလုပ်ချင်ဘူး လို့ဆရာ့ကိုစိတ်ထဲမှသာပြောရဲသည်ဖြစ်ကာ ငြိမ်နေရာမှအသင်းဖွဲ့ခြင်းကိစ္စပြီးဆုံး၍
ဆက်လက်ပြီးအသင်းဝင်၏တာဝန်တို့ရှိကြောင်းဆရာမှပြောကြားရာတွင် အချင်းချင်းစည်းလုံးညီညွတ်ရေး၊ တိုး
တက်ဖွဲ့ဖြိုးရေးနှင့်အစည်းအဝေးပြုလုပ်ရန်များဖြစ်ပါလိမ့်မည်။
ဖခင်ကျန်းမာရေးညံ့သောကြောင့် အိမ်ဒစီးပွားရေးတို့တနှစ်ထက်တနှစ်တရှိန်ထိုးကျဆင်းလာသည့်အတွက်
ရည်မှန်းချက်ပျောက်ဆုံးနေပြီဖြစ်သည့်သဇင်ဝေအနေနှင့် အသင်းအကြောင်းသာမကကျောင်းစာများကိုပင်
စိတ်မ၀င်စားဘဲသောကတို့၌နစ်မွမ်းနေကြောင်းကိုမူ မည်သူ့အားမှမပြောနိုင်သောဘ၀ဖြစ်သည်။ အတတ်နိုင်
ဆုံးသူငယ်ချင်းများနှင့်အတန်းကိစ္စတို့ဖြစ်သောသောက်ရေခပ်၊
သန့်ရှင်းရေးများကိုလိုက်လျောညီထွေလုပ်နေ
သော်လည်း သင်ခန်းစာများအားမကြိုးစားလှဘဲနေသည့်ကြားတွင်
ဆရာသည်တခါတခါသဇင်ဝေ့ကိုရွေးလျက်
သင်ပြပြီးသည့်သင်ခန်းစာများမေးတတ်လေ့ရှိရာ၌ ကောင်းစွာမဖြေနိုင်လျှင်ဖေးဖေးမမပြုတတ်ပြုတတ်သည့်
ပုံရိပ်တို့ပြတ်ပြတ်ထင်ထင်မြင်ယောင်ပြန်သောအခါ ရင်ထဲ၌တရှိုက်ရှိုက်ဖြစ်နေတော့၏။
ဆက်ရန်.......

ခိုင်ခင်အင်ကြင်း
့်

3 comments:

:P June 29, 2009 at 5:02 PM  

စိတ်ဝင်စားစွာ စောင့်ဖတ်နေပါတယ်။
ဝါကျတွေက အရမ်းရှည်တော့ တစ်ကြောင်းဆုံးရင် ဝါကျ အစ ပြန်ပြန်ဖတ်ရတယ်....။ အဲဒါလေးပါပဲ....။

tg.nwai June 30, 2009 at 7:09 AM  

ဖတ်သွားတယ် ခိုင်ခင်အင်ကြင်းရေ..၀တ္ထုရှည်ကြီးဖြစ်မယ်ထင်တယ်နော်..စင်စင်ပြောသလိုပါပဲ..၀ါကျလေးနဲနဲဖြတ်ပေးရင်ပိုဖတ်ရအဆင်ပြေမယ်ထင်တယ်..။
စောင့်ဖတ်နေတယ်နော်..လာဖြစ်တိုင်းကော်မန့်ရေးဖို့အဆင်မပြေလို့...။

L June 30, 2009 at 3:18 PM  

မသိင်္ဂီနဲ့စင်စင့်ကို အခုလိုပြောပြပေးတာ ကျေးဇူးတင်ပါတယ်တဲ့...မခိုင်ခင်အင်ကြင်းကပြောခိုင်းလိုက်ပါတယ်...
သူကအခုလောလောဆယ်အင်တာနက်သုံးရတာ အဆင်မပြေသေးလို့ပါတဲ့...နောက်လဲအခုလိုအကြံပေးပါဦးတဲ့...ကျေးဇူးအများကြီးတင်ပါတယ်တဲ့...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP