ကွေကွင်းရက်

>> Friday, March 27, 2009

နှုတ်ဆက်ကြစဉ်၊ ဝေ့ရွှန်းမျက်ရည်၊
အလွမ်းတွေကို၊ မောင့်ရင်ထဲထိ
မငြိစေချင်၊ မျက်ဝန်းဖယ်လွှဲ၊
မကြည့်ဘဲနေ၊ နှုတ်လဲတိတ်ဆိတ်၊
ကြိတ်မှိတ်နင့်နဲ၊ ရင်ထဲဘဲငို၊
ပြိုသွားခဲ့ရ၊ အိပ်မက်လှများ၊
သယ်ယူသွားရင်း၊ လှိုင်းနဲ့လေပြေ
ကြာတွေရနံ့၊ သင်းပျံ့ဆွတ်ကြင်၊
ကန်ရေပြင်ထိပ်၊ မှုန်မှေးမှိတ်ပေါ့၊
ဆောင်းလဆည်းဆာပုံရိပ်များ ။ ။
ခိုင်ခင်အင်ကြင်း


5 comments:

မေအောင် March 27, 2009 at 7:22 PM  

မမရေ..ဒီကဗျာလေးတင်တဲ့နေ့က
အမှတ်တရနေ့ပေါ့...
အိမ်မက်လှလှတွေ မပြိုချင်သလို
ကန်ရေပြင်ထိပ်က ဆောင်းရဲ့ပုံရိပ်တွေကိုလဲ မှုန်ဝါးမသွားစေချင်လို့လေ....

မသက်ဇင် April 5, 2009 at 4:14 AM  

ကဗျာလေးကောင်းတယ်--
ပျော်ရွှင်ပါစေ--

RePublic April 17, 2009 at 3:23 AM  

မင်္ဂလာနှစ်သစ်ပါ ၊၊ ပျော်ရွှင်ချမ်းမြေ့ပါစေ ၊၊

Welcome April 17, 2009 at 10:41 AM  

နှစ်သစ်မှာ
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့
ပြည့်စုံကြပါစေ ..


လေးစားလျက်

Anonymous April 17, 2009 at 8:27 PM  

ဟေမန္တဆည်းဆာက
လွမ်းမောဖွယ်ရာပုံရိပ်များကို
ထင်ထင်ရှားရှားတွေ့ရပါကြောင်း

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP