အညောင်းပြေ

>> Wednesday, March 18, 2009


ခေါင်းငြိမ့်ရခြင်း၊
အစဉ်အလာကြောင့်၊
ပင်ပမ်းတာကြာပြီ ။
ပဝေသဏီထဲကသာ၊
ခေါင်းခါခြင်း အမူအယာအား၊
ငြင်းပါယ်ခြင်း မဟုတ်ဟု၊
သတ်မှတ်ခဲ့ပါက ။
ငါ အမြဲမကြာ...
ခေါင်းခါကာလဲ နေချင်ပါတယ်။
ခိုင်ခင်အင်ကြင်း


5 comments:

khin oo may March 18, 2009 at 5:51 PM  

ခိုင်ခင်အင်ကြင်း ဆိုတာဘယ်သူလဲ။

khin oo may March 18, 2009 at 5:52 PM  

ခါချင်လည်းခါ မခါတတ်ရင် you tube မှာ ခင်မောင်ထူး သီချင်းရှာပြီး ခါကျင့်။

တားမြစ် ထားသော... March 18, 2009 at 6:03 PM  

မလုပ်ပါနဲ့လားဗျာ။
ခါရတာက ညိမ့်ရတာထက် ပိုပင်ပန်းမယ်ထင်တယ်။
ဆက်ငြိမ့်ကြပါဆို့။
မခင်ဦးမေ ပြောထားတာလေးတွေကလည်း စိတ်ဝင်စားစရာ...

သုခမိန်(E-Journal)

မသက်ဇင် March 20, 2009 at 2:49 AM  

ကဗျာလေးကို ဖတ်တယ်--
တွေးတယ်--
ခံစားတယ်--
ကြိုက်တယ်--

နှင်းပွင့်ဖြူ March 22, 2009 at 6:07 PM  

ကဗျာလေးခံစားသွားပါတယ်

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP