OVER CONFIDENCE
>> Thursday, May 14, 2009
တွေးတတ်တဲ့ ဦးနှောက်မှာ
ဖျောက်မရသရွေ့...
မေ့ မတတ်နိုင် ။
လွမ်းတတ်တဲ့ နှလုံသားမှာ
ချန်ထားခဲ့သရွေ့...
မေ့ မတတ်နိုင် ။
တွယ်တာတဲ့ အချစ်
အမြစ်မပြတ်သရွေ့...
မေ့ မတတ်နိုင် ။
တွေးတတ်တဲ့ ဦးနှောက်
လွမ်းတတ်တဲ့ နှလုံသား
တွယ်တာတဲ့ အချစ်
ဒီသုံးရစ်နဲ့(လွန်ပူတစ်ချောင်း.... လို)
ကို့ နှလုံးသားအတွင်း
အရင်းထိလှိုက်စားပစ်မယ်။
မေအောင်
3 comments:
မမေအောင်ရဲ့ကဗျာလေးတွေပြန်ဖတ်ရလို့ဝမ်းသာမိတယ်..
အချစ်...အချစ်....အချစ်....
ဒါ အချစ်တဲ့လားကွယ်....
မေအောင့် ကဗျာလေး လာဖတ်သွားပါတယ်..။
ဘာတွေကို လှိုက်စားမှာလဲ .... ကြောက်စရာကြီး
Post a Comment