ဝမ်းနည်းမှတ်တမ်းနဲ့ တောင်ရောက်မြောက်ရောက်စကားလုံးများ

>> Monday, March 31, 2008


ဝမ်းနည်းမှတ်တမ်းနဲ့ တောင်ရောက်မြောက်ရောက်စကားလုံးများ

ပြောစရာတွေကတော့ အများကြီးပဲ၊ တောင်ရောက်မြောက်ရောက်ပေါ့ဗျာ။ ဝမ်းနည်းမှတ်တမ်းကစရင်ကောင်းမလားပဲ။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဖေဖေါ်ဝါရီမှတ်တမ်းတော့ မဟုတ်ဘူးပေါ့။ ၀မ်းနည်းမှတ်တမ်းလို့ရေးတာက ကျွန်တော်ဘကြီးဆုံးသွားလို့ပါ။ အဆုတ်ကင်ဆာနဲ့တဲ့။ အသက်က ၇၅နှစ်ရှိနေပါပြီ။ ၀မ်းနည်းရပါတယ်။ ၂၆ ရက် ၃ လပိုင်း ၂၀၀၈ မှာဆုံးသွားတာပါ။ ဘကြီးကိုက ချစ်ပါတယ်။ ချစ်ရတာကတော့ သဘောကောင်း၊အလိုလိုက်တတ်တဲ့သူမို့ပါ။ သူ့ညီမ ကျနော်အမေက သူ့အကိုကြီးဆုံးလို့ ငိုရှာသေးသတဲ့။ ချစ်ရှာတာကိုး။ ကျနော်ကတော့ မျက်ရည်တော့ မကျပေမယ့် စိတ်တော့ အတော်မကောင်းဖြစ်ရပါတယ်။


ဖေါက်သည်ချတယ်ပဲပြောပြော နောက်ထပ်ပြောချင်တာကဒီလိုဗျ…
သူငယ်ချင်းတစ်ယောက်က ပြောပြတာကိုပါ။ သူ့အလုပ်သမားတစ်ယောက် မသောက်မစား အလုပ်ကိုကုန်းရုံးလုပ်နေတာကို ထမင်းနပ်မှန်အောင် မစားနိုင်ဘူးကွာတဲ့။ ကျောပေါ်က အင်္ကျီစုတ်သွားလို့လည်း အသစ်မ၀ယ်နိုင်တဲ့။ ဒီလောက်ကြိုးစားတဲ့လူ ပိုပြီး အဆင်ပြေပြေလုပ်ကိုင်စားပါစေဆိုပြီး ထော်လာဂျီတစ်စင်း ထောင်ပေးတယ်တဲ့။ ထော်လာဂျီမောင်းလည်း အဆင်ကမပြေရှာပါဘူးတဲ့။ သူပြောတာက ဒီလောက်ကြိုးစားလုပ်တာတောင် မွဲနေတော့ ခေတ်ကတော့ အတော့်ကို မကောင်းပါဘူးကွာတဲ့။

အတွေးတွေက ဟိုရောက်ဒီရောက်နဲ့ လိုက်ဖမ်းနေတုန်း တွေးမိတာက ဆရာဆရာမတွေ အကြောင်းပါ။
အခုခေတ်မှာ စားဝတ်နေရေးတွေ အဆင်မပြေဖြစ်တော့ ဆရာဆရာမတွေ ကျူရှင်တွေ သင်ကြတယ်။ မသင်ရဆိုပြီး ကျူရှင်သင်တာတွေကို ပိတ်တတ်ပါတယ်။ ကျနော်တို့တွေ ငယ်ငယ်ကတည်းက “တပည့်မရှား တစ်ပြားမရှိ၊ ပီတိကို စားအားရှိ၏။”-ဆိုတာကို လူတိုင်းကြားဖူးကြပါတယ်။ ငယ်တုန်းကတော့ မတွေးမိပါဘူး။ အရွယ်ရောက်လာမှ အတော့်ကို လက်တွေ့မကျတဲ့ စကားလုံးလို့ မြင်လာပါတယ်။ ဆရာဆရာမတွေကို မှိုင်းသွင်းတဲ့စကားလုံးလားပေါ့-ဆိုပြီးတွေးမိပါတယ်။ အလုပ်ကို ပုံမှန်လုပ်တယ်၊ တာဝန်ကျေတယ်ဆိုရင် စာရေးသောက်ရေး၊ကျန်းမာရေး အာမခံချက်ရှိရမှာပေါ့။ အခုတော့ စားမလောက၊် သောက်မလောက်ဖြစ်လို့ အပိုဝင်ငွေရအောင် ကျူရှင်သင်တာတွေကို တားမြစ်တယ်ဆိုတော့ကာ၊ ဆရာဝန်တွေ အပြင်ဆေးခန်းဖွင့်တာတွေကျ ဘာကိစ္စမပိတ်ကြသလဲပေါ့၊ ဆရာလည်း သူလုပ်တတ်တဲ့ စာသင်တာကို သူ့ကိုယ်ပိုင် အချိန်ပိုမှာ ကျေနပ်လို့လာသင်ရင် ခွင့်ပြုသင့်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။

နောက်ဆုံးတော့လည်း မဟုတ်တာတွေကြီးစိုးနေမှတော့ မဖြစ်သင့်တာတွေ၊ မဟုတ်တာတွေပဲ ဖြစ်လာတော့မှာပေါ့လို့ တွေးမိနေပါတော့တယ်။

ပြောချင်တာတွေကတော့အများသား။ ကိုဇနိက ဟေ့ကိုဖြူပြောကွာလို့ လက်တို့လိုက်တော့ ရေငတ်တုန်းရေတွင်းထဲကျ၊ ဘလော့ပေါ်ပဲတက်ပြောတော့မယ်။ လက်တော့နည်းနည်းညောင်းတာပေါ့ဗျာ။ ဒါပေမယ့် တတ်နိုင်ဘူးလေ၊ လက်လှုပ်မှ ဘလော့လှုပ်တော့မှာကိုး။ (ဘလော့က ငြိမ်နေတာအတော်ကြာပြီ)

စချင်တာက အဲဒီကိုဇနိရဲ့ဘကြီးကိစ္စ။ သူ့ဘကြီးနဲ့တော့ တိုက်ရိုက်မပတ်သက်ပါဘူး။ ဘကြီးဆိုတဲ့ စကားလုံးကိုပဲပြောချင်တာ။ ကျွန်တော်တို့အရပ်မှာ (ကျွန်တော်တို့တစ်မြို့လုံးတော့ ဟုတ်ချင်မှဟုတ်မယ်) ဘကြီးဆိုတာက အဖေ့ရဲ့အဖေ၊ ဒါမှမဟုတ် အမေ့ရဲ့အဖေကိုခေါ်တာ။ အဘဆိုတာနဲ့တူတယ်လို့ပြောရမှာပေါ့။ အခု ကိုဇနိပြောတဲ့ ဘကြီးက သူ့အမေအစ်ကို။ ကိုဇနိပြောတဲ့ ဘကြီးကို ကျွန်တော်တို့အရပ်ကခေါ်တာက ဗဂျီးလို့ခေါ်တာ။ (ဒီခေတ်ကြီးထဲမှာ သွေးမတော်သားမစပ် အဘ၊ အဘနဲ့ခေါ်နေရတာတွေကလဲရှိသေးတယ်၊ ဘာလို့အဲလိုခေါ်ကြတယ်ဆိုတာတော့ မောင်ဖြူလဲရှင်းတတ်တော့ဘူး) အခေါ်အဝေါ်ကလဲ အခက်သား။ အထအနကောက်တဲ့လူနဲ့ဆို အတော်ဒုက္ခရောက်တယ်။ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေအကုန်လုံးက၊ ကျွန်တော့်အဖေကို အဖေကြီးလို့ခေါ်တာ။ ကျွန်တော်ငယ်ငယ်က အဖေ့အတွက်ဆိုပြီး အိမ်နားကဈေးဆိုင်မှာ ပစ္စည်းတစ်ခုသွားဝယ်တော့ ဈေးရောင်းတဲ့ အဒေါ်ကြီးက ဘယ်သူ့အတွက်လဲလို့မေးတယ်။ ကျွန်တော်က အဖေကြီးအတွက်လို့ဆိုတော့ သူက အဖေလေးအတွက်ရောမပါဘူးလားတဲ့၊ ကဲကောင်းရော။

ကိုဇနိပြောတဲ့ ထော်လာဂျီသမားအကြောင်းဖတ်ရတော့၊ လက်လုပ်လက်စားဆိုတဲ့ စကားလုံးကို သွားသတိရတယ်။ တစ်နေ့လုပ်မှတစ်နေ့စားရတယ်ပြောပြော၊ လက်လှုပ်မှပါးစပ်လှုပ်ရတယ်ပြောပြော၊ အဲဒီလူတန်းစားအတွက် သတ်မှတ်ထားတဲ့ ယေဘုယျစကားလုံးက လက်လုပ်လက်စားတဲ့။ ဒီနေ့ရတဲ့ပိုက်ဆံက ဒီနေ့အတွက်စားဖို့ပေါ့။ အင်္ကျီဝယ်ဖို့တို့၊ ကျန်းမာရေးစောင့်ရှောက်မှုစရိတ်တို့၊ အလှူအတန်းတို့၊ လူမှုရေးတို့က သူတို့နဲ့လားလားမှမဆိုင်။ ဒါဆိုရင် အဲဒီ လက်လုပ်လက်စားလို့ ခေါင်းစဉ်တပ်မခံရတဲ့လူတွေကရော စားဖို့အပြင် အဝတ်အထည်၊ ကျန်းမာရေး၊ လူမှုရေးစတဲ့ တခြားဟာတွေအတွက် လုံလောက်တဲ့ ငွေကြေးရကြရဲ့လားဆိုတာ မေးစရာဖြစ်လာတယ်။ မနိုင်ဝန်ကိုထမ်းထားရတဲ့ ဝန်ထမ်းတွေအတွက် စကားလုံးလှလှလေးတစ်လုံးရှိတယ်။ အဲဒါက လခစားတဲ့။ (ကုမ္ပဏီလခစားနှင့်တကွ အစိုးရလခစားများကိုပါ ရည်ညွှန်းပါတယ်။) အမှန်က အဲဒီ လခစားဆိုတဲ့စကားလုံးက လက်လုပ်လက်စားဆိုတာနဲ့ သိပ်တော့မကွာဘူး။ လက်လုပ်လက်စားက တစ်နေ့လုပ်တစ်နေ့စားတယ်။ လခစားက တစ်လလုံးလုပ်ပြီး၊ တစ်လစားတယ်။ တစ်နည်းအားဖြင့် လလုပ်လစားပေါ့။ အဲဒီတော့ လ္ဘက်ရည်ဆိုင်တွေ၊ ဘီယာစတေးရှင်တွေမှာ စတစ်ကော်လာအဖြူနဲ့ လက်လုပ်လက်စားတွေအကြောင်း သနားကမားပြောနေလေ့ရှိကြတဲ့ လခစားတွေကလဲ၊ လလုပ်လစားတွေပါပဲ။ တစ်ခုပဲကွာတယ်။ လက်လုပ်လက်စားက ဒီနေ့လုပ်တယ်၊ ဒီနေ့စားဖို့ရတယ်။ လလုပ်လစားကတော့၊ ဒီနေ့လုပ်ပြီး ဒီနေ့စားလို့မရသေးဘူး၊ လကုန်မှရတာ။ လခဆိုတာမျိုးကကြိုပေးထားတာမဟုတ်လေတော့၊ တစ်လလုံးလုပ်ပြီးမှ တစ်လလုံးစုရှင်းတာ။ လက်လုပ်လက်စားနဲ့ယှဉ်ရင်၊ လလုပ်လစားက အတိုးရှူံးတယ်ပေါ့ဗျာ။ သူက အတိုးမရဘဲ ကိုယ့်အင်အားတွေကို တစ်လလုံးရင်းထားရတာကိုး။ (လလုပ်လစားဆိုတဲ့နေရမှာ၊ ဗိုက်ရွှဲရွှဲ၊ မျက်နှာအဆီဝင်းဝင်း၊ နှုတ်ခမ်းထူထူ၊ အဆီအစ်တဲ့မျက်လုံးတွေနဲ့ လလုပ်လစားတွေကတော့ ချွင်းချက်ပေါ့ဗျာ။)

Read more...

ချက်ဟော့(ဗ်) ပြောခဲ့သော စကားအချို့

>> Friday, March 28, 2008


အန်တွန် ပါဗလိုဗိ(ခ်ျ) ချက်ဟော့(ဗ်) ပြောခဲ့တဲ့ စကားအချို့ပါ။

Никому не следует читать своих вещей до напечатания. Никогда не следует слушать ничьих советов. Ошибся, соврал - пусть и ошибка будет принадлежать только тебе. В работе надо быть смелым...

ကိုယ်ရေးထားတာတွေကို စာအုပ်အနေနဲ့ မထုတ်ရသေးရင် ဘယ်သူကိုမှ ဖတ်မပြနဲ့။ တခြားလူတွေ အကြံပေးတာတွေကို ဘယ်တော့မှလည်း နားမထောင်နဲ့။ မှားပလေ့စေ၊ လိမ်ထားတာတွေပါပစေ၊ အဲဒီအမှားတွေက မင်းနဲ့သာ ဆိုင်ပလေ့စေ။ အလုပ်လုပ်ရာမှာ သတ္တိရှိဖို့လိုတယ်။

Садиться писать нужно только тогда, когда чувствуешь себя холодным, как лёд.

ရေခဲတုံးအေးသလို စိတ်အေးလက်အေးဖြစ်နေပြီဆိုမှ စာကိုရေးရမယ်။

Писатель должен быть нищим, должен быть в таком положении, чтобы он знал, что помрёт с голоду, если будет потакать своей лени.

စာရေးဆရာဆိုတာ သူတောင်းစားဖြစ်နေရမယ်၊ အဲသလိုအခြေနေဖြစ်နေမှ သူ့ရဲ့အပျင်းစိတ်ကို အလိုလိုက်လိုက်ရင် ငတ်ပြီးသေသွားနိုင်တယ်ဆိုတာကို သဘောပေါက်အောင်လို့။

Писатель должен быть баснословно богат, так богат, чтобы он мог в любую минуту отправиться в путешествие вокруг света на собственной яхте, снарядить экспедицию к истокам Нила, к Южному полюсу, в Тибет и Аравию, купить себе весь Кавказ и Гималаи...

စာရေးဆရာဆိုတာ အလွန့်ကိုချမ်းသာတဲ့သူဖြစ်ရမယ်၊ ဒီလိုချမ်းသာမှ သူသွားချင်တဲ့အချိန်မှာ ကိုယ်ပိုင်သင်္ဘောနဲ့ ကမ္ဘာကိုပတ် ခရီးထွက်နိုင်မှာပေါ့၊ နိုင်းမြစ်ဖျားခံရာကို လေ့လာရေးသွားနိုင်မယ်၊ တောင်ဝန်ရိုးစွန်းကို လေ့လာရေးသွားနိုင်မယ်၊ တိဘက်၊ အာရေးဗီးယားကို သွားနိုင်မယ်၊ ကော့ကေးဆပ်တောင်တန်းတွေနဲ့ ဟိမ၀န္တာတောင်တန်းတွေကို ၀ယ်နိုင်မယ်လေ။

Толстой говорил, что человеку нужно всего три аршина земли. Вздор – три аршина земли нужно мёртвому, а живому нужен весь земной шар. И особенно – писателю.

လူတစ်ကိုယ်အတွက် မြေက ၇-ပေလောက်ပဲလိုတာပါလို့ - တော်(လ်)စတွိုင်းက ပြောခဲ့တာကို၊ ချက်ကော့(ဗ်)က - အဓိပ္ပါယ်မရှိပါဘူး၊ ၇-ပေလောက်မြေဆိုတာက အသက်မရှိတဲ့လူအတွက်တော့ ဟုတ်တာပေါ့၊ အသက်ရှင်နေတဲ့လူအတွက်က ကမ္ဘာတစ်ခုလုံးလိုအပ်တယ်၊ အထူးသဖြင့် စာရေးဆရာအတွက်ပေါ့။

Read more...

တောင်ရောက်မြောက်ရောက် အလွမ်းစာ

>> Monday, March 24, 2008


တောင်ရောက်မြောက်ရောက် အလွမ်းစာ

အရင်ရက်ကတင်ထားတဲ့ တရားစာကိုကြည့်ပြီး အင်း ငါတော့ခက်နေပြီလို့။ ကိုယ့်စိတ်ကို စစ်လားဆေးလားကို နောက်မှပဲလုပ်တော့မယ်။ အခုလောလောဆယ်တော့ စိတ်ထဲရှိတာတော့ မှားမှားမှန်မှန် ရေးဦးမှဆိုပြီး ရေးတော့တာပဲ။ ဒီလိုပါ၊ ကျနော် အနေရခက်နေတာပါ။ အကြောင်းကတော့ မဇနိနဲ့ မတွေ့ရလို့ပါ။ ဘာလို့ မတွေ့ရသလဲဆိုတဲ့အကြောင်းတော့ မပြောတော့ပါဘူး။ စိတ်ထဲ ရောက်လာတာတွေကိုပဲ ပြောတော့မှာပါ။



ကျနော် အိမ်နဲ့ဖုန်းဆက်ရင်တောင် ကြာလွန်းလို့၊ မင်းတို့အိမ်မှာ ကြောင်ဘယ်နှကောင်မွေးတာလဲ၊ အဖြူလေးက ဘယ်နှကောင်လဲ၊ အမဲလေးကရော ဘယ်နှကောင်လဲ၊ စပ်ကြားလေးကရော ဘယ်နှကောင်လဲ- လို့မေးပြီး ဖုန်းပြောကြာတတ်တာကို သူငယ်ချင်း ကိုဖြူက စတတ်ပါတယ်။ အင်း ပြောရရင် ကျနော်ကလည်း အမေချစ်ကို။ အဝေးသွားကျောင်းတွေတက်လို့ ဖုန်းဆက်ဖြစ်ရင် အမေနဲ့ပဲ ပြောဖြစ်တာ။ အဖေက အေးလည်းအေးတော့ စကားကို အဖေနဲ့က သိပ်မပြောဖြစ်ဘူး။ အမေနဲ့ကတော့ ဖုန်းလာကိုင်လို့ အမေနေကောင်းလား လို့မေးလိုက်မိတယ်ဆိုရင်ပဲ၊ အမေက အေး - သားရဲ့၊ အမေက နေလို့ကောင်းတယ်၊ မင်းအဖေကတော့ ဘယ်လို၊ ဘာညာဆိုပြီးတော့ကို ကျန်းမာရေးအကြောင်း၊ အိမ်ကိစ္စအကြောင်း၊ ညီအကိုအရင်းတွေအကြောင်း၊ ဘယ်သူကတော့ ဘယ်မှာ၊ ဘယ်သူကတော့ ဘာလုပ်နေတယ်၊ အေး ရာသီဥတုကဘယ်လို၊ ပြီးတော့ကာ ဆွေမျိုးသားချင်းတွေ အကြောင်းပြောတော့တာပါပဲ။ ကျွန်တော်က ငြိမ်ပြီးတော့ နားထောင်နေယုံပါပဲ။ အင်း၊ အော် ၊ အဲသလိုလား၊ ဒါပေါ့ အမေရဲ့၊ ဟုတ်ကဲ့အမေ၊ စိတ်ချပါအမေ၊ဟုတ်။ ဒါတွေကတော့ ကျနော်က ပြန်ပြောရတာတွေပါ။ ပြီးမှ မင်းပညာရေးပြောပါဦးဆိုမှ အဆင်ပြေကြောင်း၊ နေကောင်းပါကြောင်းလောက် ပြောဖြစ်တာပါ။ အမြဲတမ်း အမေနဲ့ အဲသလို ပြောနေလို့ ဆိုပြီး၊ နောက်တခေါက်ပြန်ပြောရင်လည်း ပျင်းရိမသွားပါဘူး။ အမေကလည်း ပြောစရာ အမြဲရှိနေတာပါ။ ကျနော်တို့က အမေနဲ့ပဲ ဖုန်းပြောဖြစ်တာများတော့ သိပ်ပြီး အနေအေးဆေးတဲ့ အဖေကတောင် မင်းတို့က အဖေမပါ မွေးလာတာ ကျလို့ကွာလို့ ပြောတတ်ပါတယ်။

တခါက အမေ့အကိုကြီးက အမေ့ကို စဖူးပါသတဲ့။ နင်ကတော့ သားသမီးတွေမွေးထားပြီး ချစ်လိုက်တာ၊ အခုကျတော့လည်း နင့်ကို တစ်ယောက်ပြီးတစ်ယောက်ခွဲခွဲပြီး ထွက်သွားကြတာပဲ- လို့ပြောတော့ အမေက မျက်ရည်ကျပါသတဲ့။ အင်း သူပြုစုပျိုးထောင်လာတဲ့ သားသမီးတွေက အချိန်အခါကျလာတော့ တစ်နယ်တစ်ကျေး စာသင်သွားကြရတာကိုး။ ပြီး အလုပ်ခွင်ထဲရောက်တော့လည်း အိမ်ကို ခဏချင်းတွေ ပြန်မှ မရောက်ကြတော့တာ။ ကျနော်တို့ အိမ်မှာ အရင်က ကြောင်တွေမွေးလေ့မွေးထ မရှိပါဘူး။ အဖေရော အမေရောက ကြောင်မွေးရတာကို ၀ါသနာမပါကြဘူးထင်ပါတယ်။ ကျနော်ဆို ကြောင်တွေ့ရင်လည်း မကိုင်တတ်(မပွေ့ချီတတ်)၊ အဆိုးဆုံးကတော့ ကြောင်မွှေးတွေလက်မှာ ကပ်ကျန်ခဲ့မှာကို မကြိုက်တာပါ။ ပြောချင်တာက အိမ်မှာ ကြောင်မွေးတာ အလေ့အကျင့်မရှိလို့ ကြောင်ဆို မကိုင်တတ်၊ မတွယ်တတ်နဲ့ မချစ်တတ်တာကို ပြောချင်တာပါ။ ကျနော် အိမ်ကို ဖုန်းမဆက်တာကြာပြီး တစ်ခါဆက်တုန်းက အိမ်မှာ ကြောင်တွေမွေးထားတယ်လို့ ပြောပါလေရော။ နာမည်တွေကိုလည်း ကျနော်တို့ မောင်နှမတွေနာမည်တွေပေးထားပါသတဲ့။ သားရယ် သူတို့လေးတွေက မင်းတို့လေးတွေအတိုင်းပဲတဲ့။ ကျနော်နာမည်ရထားတဲ့ ကြောင်လေးက ၀၀လေးဖြစ်နေမှာပေါ့။ ညီလေကြောင်ဆိုရင် ခပ်ဆိုးဆိုးလေးနေမယ်။ ကျနော်မှာ စိတ်ထဲမကောင်းဖြစ်ရပါတယ်။ အော် ငါ့ခမြာ ပျော်ရာမှ မနေရ၊ တော်ရာမှာနေရ ဆိုတဲ့စကားအတိုင်း ရောက်ချင်တဲ့အရပ် အဝေးတွေရောက်ပြီးနေလိုက်တာ။ ဘ၀ဆိုတာအဲသလိုကြီးလည်း ဟုတ်သေးပါဘူး၊ ပျော်ရာမှာ ကိုယ်ချစ်တဲ့သူတွေနဲ့လည်း နေလို့ရအောင်ဖန်တီးရမှာပေါ့လို့လည်း စိတ်ကူးမိပါတယ်။ အခုထိတော့ မတတ်နိုင်သေးပါဘူး။

ဒီတော့ကာ မဇနိနဲ့မတွေ့ရတာနဲ့ ဘာကိစ္စ အမေကိစ္စက အရင်ပြောရတာလဲ- လို့ ပြောစရာရှိလာပါတယ်။ ဒီလိုပါ၊ မဇနိဆိုတာကလည်း ကျနော့်အမေနီးနီးပါပဲ။ ဘာတွေနီးနီးလဲဆိုတော့ကာ နှစ်ယောက်သား တွေ့လိုက်ရင် တောက်တောက်..တောက်တောက်နဲ့ ပြောစရာရှိတာတွေကို အကုန်ပြော၊ ချွဲစရာရှိတာတွေကို အကုန်ချွဲတတ်တာက သူပါ။ ညအိပ်ရင်တောင် သူ့အသံတွေ နားတွေထဲကြားနေတတ်ပါသေးတယ်။ သူက သူငယ်ချင်းဆိုလည်းဟုတ်၊ အမကြီးဆိုလည်းမှန်၊ ညီမလေးဆိုလည်းမမှား ဖြစ်နေတော့တာကိုး။ သူမရှိရင်ကို ကျနော်လည်း မနေတတ်မထိုင်တတ် ဖြစ်နေရတာပါ။ သူလည်းကျနော်လို မနေတတ်၊ မထိုင်တတ်ဖြစ်နေရှာမှာပါ။ သနားသော်လည်း ဘာကိုမှ မတတ်နိုင်သေးတဲ့ကာလမို့ ဒီတိုင်းကြီးသာနေနေရပါတယ်။ အကိုကြီးတစ်ယောက်ကပြောတဲ့ - ဟေ့ကောင် ကိန္နရီ၊ကိန္နရာ တစ်ရက်ဝေးတာ ရက်ပေါင်း ၇၀၀ ငိုရတယ်ဆိုတာ ဟုတ်လောက်သဟ၊ ငါတော့ တစ်ရက်ဝေးနေရတာ ဘယ်လိုနေရမှန်းမသိပါဘူးကွာ- လို့ပြောတာကလည်း တစ်ကယ့်ကို လက်ခံရတော့မလိုလို ဖြစ်နေပါရောလား။

ကဲ စာကတော့ ဒီလောက်ပါပဲ။ မင်းစာကြီးကလည်းကွယ် တောင်ရောက်၊ မြောက်ရောက် ဘယ်လိုကြီးလဲဟ ဆိုရင်- အင်း ဟုတ်ပါတယ် ဘယ်လိုကြီးမှန်းမသိပါဘူး။ စိတ်ထဲပေါ်လာတာတွေရေးတာပါ။ စိတ်ထဲပေါ်တာတွေရေးမှတော့လည်း တောင်စဉ်ရေမရ၊ တောင်ရောက်မြောက်ရောက်၊ မျောက်သစ်ကိုင်းကူးပေါ့။ ဒါတောင် ဆုံးသွားတာကြာပြီဖြစ်တဲ့ အဘွားကို လွမ်းတဲ့အကြောင်းတွေ မရေးသေးပါဘူး။ အဆုံးထိရောက်အောင် ဖတ်သွားတယ်ဆိုရင်လည်း ကျေးဇူးတင်ပါတယ်။

Read more...

ကိုယ့်စိတ်ကိုယ်စစ်


ဝဉ္စနာတရား (၃၇)ပါး အကျဉ်းချုပ်ခေါင်းစဉ်
အရှင်ဆန္ဒာဓိက၊ ကိုယ့်စိတ်ကိုယ်စစ် စာအုပ်မှ


ကိုယ့်စိတ်ကို ကိုယ်က “စိတ်ကောင်း” ထင်နေပေမယ့် တကယ်တမ်းကျတော့ “စိတ်ဆိုး”ဖြစ်နေတာမျိုး လုံးဝမဖြစ်စေဖို့အတွက် စိတ်ကိုလှည့်ပတ်တတ်တဲ့ ၀ဉ္စနာတရားတွေကို သေသေချာချာ သိထားသင့်ပါတယ်။



(၁) ချစ်ခင်နှစ်သက်ခြင်း၊ တပ်မက်စွဲလမ်းခြင်းဆိုတဲ့ “ရာဂ”က မေတ္တာယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။ သံယောဇဉ်နဲ့ချစ်တာကို မေတ္တာနဲ့ချစ်တယ်လို့ထင်တာမျိုး၊ တဏှာနဲ့ပွတ်သပ်ပိုက်ထွေးတာကို မေတ္တာနဲ့ကြင်နာယုယတယ်လို့ ထင်တာမျိုးပေါ့။

(၂) စိတ်ပူခြင်း၊ စိုးရိမ်ခြင်း၊ ၀မ်းနည်းပူဆွေးခြင်းဆိုတဲ့ “သောက”က ကရုဏာယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ ကိုယ်ချစ်ရတဲ့သူတွေ ဆင်းရဲဒုက္ခရောက်နေတာကိုကြည့်ပြီး စိတ်မချမ်းမသာဖြစ်နေတာကို သနားတတ်တယ်၊ စာနာတတ်တယ်လို့ ထင်နေတာမျိုးပေါ့။

(၃) ပျော်ရွှင်မြူးထူးခြင်းဆိုတဲ့ “ပဟာသ”က မုဒိတာယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ သူတစ်ပါးရဲ့အောင်မြင်မှု တစ်ခုခုကို အကြောင်းပြုပြီး အူမြူးခုန်ပေါက်နေတာ၊ ရယ်မောအော်ဟစ်နေတာ၊ ပျော်ပွဲနွှဲပြီးကဲနေတာ၊ အပျော်ကြူးပြီး မူးနေတာကို သူတစ်ပါးရဲ့ အောင်မြင်မှုအတွက် နှစ်သက်ဝမ်းမြောက်တတ်တယ်၊ မုဒိတာပွားတတ်တယ်လို့ ထင်နေတာမျိုးပေါ့။

(၄) ကုသိုလ်အလုပ်အားထုတ်မှု မပြုတော့ခြင်းဆိုတဲ့ “နိက္ခိတ္တဓုရ”က ဥပေက္ခာယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါသည်။ ကုသိုလ်ကိစ္စကြောင့်ကြ မစိုက်ချင်တော့တာ။ တာဝန်ယူချင်စိတ် မရှိတော့တာကို “ကံအတိုင်းပဲ၊ မတတ်နိုင်ဘူး” လို့ ကံကိုလွှဲချပြီး အပျင်းထူနေတာမျိုးပေါ့။

(၅) စိတ်ပူလောင်ခြင်း၊ စိတ်ဆင်းရဲခြင်းဆိုတဲ့ “စိတ္တသန္တာပ”က သံဝေဂယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ ရတာမလို၊ လိုတာမရလို့၊ အလုပ်အကိုင် အဆင်မပြေလို့၊ စိတ်ညစ်စရာပြဿနာတွေနဲ့ ကြုံတွေ့ရလို့ စိတ်ပူလောင်နေတာ၊ စိတ်ဆင်းရဲနေတာ၊ လောကကြီး အပေါ် မကျေမနပ်ဖြစ်နေတာကို ဘ၀ကြီးကို ငြီးငွေ့နေပြီ၊ သံသရာကြီးကို ထိတ်လန့်နေပြီလို့ ထင်နေတာမျိုးပေါ့။

(၆) သူတစ်ပါးအပေါ် မယုံမကြည်ဖြစ်နေခြင်းတိုတဲ့ “အသဒ္ဓိယ”က ပညာလို့ခေါ်တဲ့ ၀ီမံသယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ ဟိုလူ့ကိုမယုံ၊ ဒီလူ့ကိုမယုံ၊ ဟိုဟာမယုံ၊ ဒီဟာမယုံနဲ့နေရာတကာ ယုံမှားသံသယဖြစ်နေတာ၊ သဒ္ဓါတရားခေါင်းပါးနေတာကိုပဲ စူးစမ်းဆင်ခြင်းတတ်တယ်၊ ဝေဖန်ပိုင်းခြားတတ်တယ်၊ ၀ိဘဇ္ဇဉာဏ်ရှိတယ်လို့ အသားလွတ် အထင်ကြီးနေတာမျိုးပေါ့။

(၇) ပုဂ္ဂိုလ်ရေး ဝေဖန်ပုတ်ခတ်ခြင်းဆိုတဲ့ “ပုဂ္ဂလဂရဟိတာ”က မကောင်းမှုကို ကဲ့ရဲ့ခြင်းဆိုတဲ့ “ပါပရဟိတာ”ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ ကောင်းစေချင်လို့ပြောတာပါ၊ သာသနာ့မျက်နှာကိုကြည့်ပြီး သာသနာစိတ်နဲ့ ရေးတာပါလို့ အသံကောင်းဟစ်နေပေမယ့် တကယ်တမ်းကျတော့ ဆရာကြီးလုပ်လိုစိတ်၊ မနာလိုစိတ်၊ နာကျည်းစိတ်တွေနဲ့ အပြစ်မရှိ အပြစ်ရှာပြီး ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာထိခိုက်အောင် ပြစ်တင်ဝေဖန် ကဲ့ရဲ့ရှုတ်ချ ပုတ်ခတ်စော်ကားတာမျိုးပေါ့။

(၈) စကားကြမ်း၊ စကားရိုင်း ပြောဆိုခြင်းဆိုတဲ့ “ဖရုသ၀ါစာ”က အပြစ်ကို နှိပ်ကွပ်ပြီး ဆုံးမခြင်းဆိုတဲ့ “နိဂ္ဂယှဝါဒိတာ” ယောင်ဆောင်ပြီး စိတ်ကို လှည့်ပတ်တတ်ပါတယ်။ အပြစ်ရှိသူကို နှိမ်ချပြီး ရိုင်းရိုင်းစိုင်းစိုင်း ကြမ်းကြမ်းတမ်းတမ်းမာမာကြောကြော ပြောဆိုတာကိုပဲ ကောင်းစေချင်လို့ ဆုံးမတာ၊ မခံချင်စိတ်ဖြစ်အောင်လို့ နှိုးဆွတာလို့ လှည့်စားတာမျိုးပေါ့။

(၉) ဒကာဒကာမတွေအပေါ် အောက်ကျို့ပြောဆိုခြင်းဆိုတဲ့ “စာဋ္ဋုကမျတာ”က ချစ်ဖွယ်စကားပြောဆိုခြင်းဆိုတဲ့ “ပိယ၀ါဒိတာ”ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ လာဘ်လာဘကို ငဲ့ပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်နှိမ့်ချချနဲ့ ခယဆက်ဆံတာကိုပဲ ဒကာဒကာမတွေအပေါ် စကားပြောချိုသာတယ်၊ သဘောကောင်းတယ်လို့ ထင်နေတာမျိုးပေါ့။

(၁၀) မိမိပိုင်ပစ္စည်းဥစ္စာတွေကို သူတစ်ပါးနဲ့ ခွဲဝေမသုံးစွဲခြင်းဆိုတဲ့ “အသံဝိဘာဂသီလတာ”က အသက်မွေးစင်ကြည်ခြင်းဆိုတဲ့ “အာဇီဝပါရိသုဒ္ဓိ” ယောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါတယ်။ ကိုယ့်ပစ္စည်း သူများမပေးချင်လို့ နှမြောတွန့်တိုနေတာကိုပဲ သီလမစင်ကြယ်သူကို လှူရင် အဆိပ်ပင်ရေလောင်းရာရောက်မှာစိုးလို့လို့ အကြောင်းပြတာမျိုးပေါ့။

နောက်မှပဲ ကျန်တာတွေကို ဆက်ကူးရေးပါဦးမယ်။
သဘောကျလို့ မှတ်ထား၊ ဝေမျှတာပါ။

Read more...

Лаванда (Lavanda)

>> Sunday, March 23, 2008






София Ротару и Николай Басков - Лаванда (Lavanda in Russian)
Композитор (Музыка): Владимир Матецкий
Music: Vladimir Matetskii
Автор текста (слов): Шабров М.
Text (Lyrics): Shabrov

Лаванда
လာဗန်းဒါး

В нашей жизни все бывает.
И под солнцем лед не тает,
И теплом зима встречает,
Дождь идет в декабре.
Любим или нет, не знаем.
Мы порой в любовь играем,
А когда ее теряем
Не судьба, говорим.

တို့ဘ၀တွေမှာ အကုန်ဖြစ်တတ်ပါတယ်။
နေရောင်ခြည်အောက်မှာလည်း ရေခဲတွေအရည်မပျော်တတ်ဘူး။
ဆောင်းရာသီမှာ နွေးရင်လည်းနွေးနေတတ်တာလေ။
ဒီဇင်ဘာမှာလည်း မိုးကရွာရင်ရွာတတ်တယ်။
တို့တွေ ချစ်ကြသလား၊ မချစ်ကြဘူးလား မသိကြဘူးနော်။
တို့နှစ်ယောက်ကတော့ အချစ်ကိုကစားကြတယ်။
အချစ်တွေ ပျောက်ဆုံးသွားတဲ့အခါမှာလည်း
ကံကိုပုံချကြဘူးနော်။

Лаванда, горная лаванда,
Наших встреч с тобой синие цветы.
Лаванда, горная лаванда,
Сколько лет прошло, но помним я и ты.

လာဗန်းဒါး၊ တောင်ပေါ်ပန်းလေး လာဗန်းဒါး၊
တို့နှစ်ယောက်တွေ့ဆုံမှု အပြာရောင်ပန်းလေးတွေ။
လာဗန်းဒါး၊ တောင်ပေါ်ပန်းလေးလာဗန်းဒါး၊
နှစ်တွေဘယ်လောက်ကြာကြာ၊ မင်းရယ်ငါရယ်ကတော့ သတိရနေကြမယ်။

Лето нам тепло дарило,
Чайка над волной парила.
Только нам луна светила,
Нам двоим на земле.
Но куда ушло все это.
Не было и нет ответа.
И теперь как две планеты
Мы с тобой далеки.

နွေရာသီက တို့ကို အနွေးဓာတ်ကိုပေးတယ်လေ၊
ဇင်ယော်လေးက လှိုင်းလုံးတွေစီးလို့။
ငွေလမင်းကပဲ တို့အပေါ်အလင်းတွေဖြာပေး၊
ကမ္ဘာပေါ်က တို့နှစ်ယောက်အပေါ်ကိုလေ။
ပြီး ဘယ်ပျောက်ကုန်တာလဲ၊
အဖြေက ရှိလည်းမရှိခဲ့ဘူး၊ သိလည်းမသိဘူး။
အခုတော့လည်း တို့နှစ်ယောက်က
ဂြိုလ်နှစ်ခုလို အဝေးကြီးမှာလေ။

Read more...

Telegram (Konstantin Paustovsky)

>> Monday, March 17, 2008


Konstantin Paustovsky (Константи́н Гео́ргиевич Паусто́вский) ကွန်စတန်တင် ပါအူစတော့(ဗ်)စကီး (1892 — 1968) က ရုရှားစာရေးဆရာပါ။ သူ့ဝတ္ထုအတို ကြေးနန်းစာကို ဘာသာပြန်လိုက်ပါတယ်။ သူ့ဝတ္ထုတို အရှည်ကိုပြန်တာမဟုတ်ပါဘူး။ အတိုချုံ့ကို ပြန်တာပါ။ ဖတ်ကြည့်ပါဦး။

ကြေးနန်းစာ

အောက်တိုဘာလ၊ သိပ်ကိုအေးလွန်းပြီး မိုးကလည်းတစိုစိုနဲ့ပါ။ သစ်သားအိမ်ခေါင်မိုးတွေလည်း အနက်ရောင်ကို ပြောင်းနေပြီ။ ရှုပ်ယှတ်ခတ်နေတဲ့ မြက်တွေလည်း ပန်းခြံထဲမှာ မြေကြီးပေါ်ကိုလဲနေကြပါပြီ။ ပန်းတွေအားလုံးလည်း ပွင့်ချိန်ကကုန်ပါပြီ၊ ခြံစည်းရိုးနားက နေကြာပန်းတစ်ပွင့်ပဲ ကျန်နေပြီး ပွင့်ရွက်တွေလည်းကြွေနေပါပြီ။ မြစ်ကမ်းစပ်ကနေစပြီး ယိမ်းထိုးနေတဲ့ တောရိုင်းပင်တွေအပေါ်မှာ အုံ့မှိုင်းနေတဲ့တိမ်တွေက လေထဲလှုပ်ရမ်းနေတဲ့အပင်ကိုင်းတွေကို ပွေ့ဖက်ထားသလိုပဲ။ ပြီး မိုးတွေကလည်း သည်းသည်းမဲမဲရွာလိုက်တာ။





ကာကျယ်ရီနာ ပျယ်သရိုဗနာ မနက်ခင်းဆို အိပ်ရာထရာတာ ပိုခက်လာပြီး၊ မျက်စိတွေကလည်း ပိုမှုန်လာပါတယ်။ အခန်းထဲမှာက မီးထည့်မထားတဲ့ မီးဖိုးကြီးက ထွက်တဲ့အလွန်ဆိုးတဲ့ အနံ့အသက်တွေရယ်၊ ဖုန်တွေတင်နေတဲ့ သတင်းစာဟောင်းတစ်စောင်ရယ်၊ စားပွဲပေါ်မှာ အ၀ါရောင်သန်းနေပြီဖြစ်တဲ့ ဖန်ခွက်တွေရယ်၊ မဆေးကြောတာကြာပြီဖြစ်တဲ့ ရေနွေးအိုးကြီးရယ်၊ နံရံပေါ်က ပန်းချီကားတွေပဲရှိတာပါ။ အင်း အခန်းထဲမှာက မှောင်မည်းပြီးနေလို့လား၊ အချိန်တွေကြာလာလို့လားမသိပါဘူး၊ ပန်းချီကားတွေကလည်း အရောင်တွေမှိန်နေပြီးတော့ကာ ဘာပန်းချီကားတွေလည်းဆိုတာ မခွဲခြားနိုင်ပါဘူး။ ကာကျယ်ရီနာ ပျယ်သရိုဗနာကတော့ မှတ်မိနေတော့ကာ သိပါတယ်၊ ဒါကတော့ အဖေ့ရဲ့ပုံတူ၊ ဒါက ကရင်းစကီးကပေးထားတဲ့ လက်ဆောင်ပန်းချီကားဆိုတာကိုပေါ့။ ကာကျယ်ရီနာ ပျယ်သရိုဗနာက အလွန်ကျော်ကြားတဲ့ သူ့အဖေပန်းချီဆရာကြီးဆောက်ပေးထားတဲ့ ဒီအိမ်အိုကြီးထဲမှာ သူ့ဘ၀တစ်လျောက်နေသပေါ့လေ။

ဇာဘိုရယ် - ဆိုတဲ့ရွာကြီးမှာက ပန်းချီကားတွေအကြောင်းပြောဖို့ရာ၊ ပီကျဲ(ရ်)ဘု(ဂ်)မှာနေခဲ့ရတဲ့ ဘ၀အကြောင်းပြောဖို့ရာ အဖော်မရှိပါဘူး။ အော် အိမ်နီးနား ဖိနပ်ပြင်ဆရာရဲ့သမီး မာညုရှကာ-ကတော့နေ့တိုင်းလာပါတယ်၊ ရေတွင်းကနေရေခပ်ပေးတယ်၊ ကြမ်းတိုက်ပေးတယ်၊ ရေနွေးအိုးထဲရေဖြည့်ပေးပါတယ်။ ကာကျယ်ရီနာ ပျယ်သရိုဗနာ-က ရိတိတိဖြစ်နေတဲ့ လက်အိတ်တွေ၊ အမည်းရောင် ဦးထုပ်မှာ တပ်တဲ့ သစ်ကုလားအုတ်ငှက်မွှေးတွေကို လုပ်အားခသဘောပေးပါတယ်။

- အင်း ဒါတွေ ငါကဘာလုပ်ရမှာလဲ၊ အပေါင်ဆိုင်ကိုပဲ သွားပို့တော့မယ်ဆိုပြီး၊ ပေးတာတွေယူပြီး မာညုရှကာ-ထွက်သွားတာပါပဲ။

တစ်ခါတစ်ရံမှာတော့ ပိန်ပိန်ပါးပါး ဆံပင်နီကျင်ကျင်နဲ့ အဖိုးကြီး ကျိဟွန်-လာတတ်ပါတယ်။ ကာကျယ်ရီနာ ပျယ်သရိုဗနာ-ရဲ့အဖေ ပိကျဲ(ရ်)ဘု-ကနေရောက်လာတာ၊ ပြီး ဒီအိမ်ကြီးကို ဆောက်တာတွေကို သူကတော့မှတ်မိနေပါသေးတယ်။ အဲဒီတုန်းက ကျိဟွန်-က ကလေးပဲရှိသေးတာဆိုပေမယ့် အဲဒီပန်းချီဆရာကြီးကိုလေးစားတာကတော့ တစ်ဘ၀လုံးပါ။

နာစကျာ- ဆိုတာက ကာကျယ်ရီနာ ပျယ်သရိုဗနာ-ရဲ့သမီးပါ။ အမျိုးရင်းဆိုလို့ တစ်ယောက်တည်းရှိတော့တဲ့ သမီးပါ။ သူကတော့ အတော်အတန်ဝေးတဲ့ လီနင်ဂရက်မြို့မှာနေပါတယ်။ လွန်ခဲ့တဲ့နှစ်ကပဲ ဒီရွာကို နောက်ဆုံးအခေါက်ရောက်တာပါ။ ကာကျယ်ရီနာ ပျယ်သရိုဗနာ-က သူ့သမီး အခုအချိန်မှာ သူ့အတွက် အချိန်မပေးနိုင်တာ သိပါတယ်။ လူငယ်တွေဆိုတာက ကိုယ့်အလုပ်တွေနဲ့ကိုယ်၊ ပြီးတော့ နားမလည်နိုင်လောက်တဲ့ စိတ်ဝင်းစားမှုတွေနဲ့ပါ။ မနှောက်ယှက်တာပဲ ကောင်းပါတယ်။ ကာကျယ်ရီနာ ပျယ်သရိုဗနာ-က အဲဒါကြောင့် သူ့သမီးအကြောင်းကို နေ့တိုင်းတွေးမိပေမယ့် စာကို ရေးခဲပါတယ်။ ချိုင့်ဝင်နေတဲ့ အိပ်ရာကုတင်အဖျားနားမှာ သူ တိတ်တိတ်ကလေးထိုင်နေတာများ၊ တိတ်ဆိတ်လွန်းလို့ ကြွက်တွေဆို မီးဖိုကနေဆောင်ထွက်ပြေးကြပါလေရော။

နာစကျာဆီက စာဆိုတာကလည်း မလာပါဘူး၊ နှစ်လသုံးလရှိရင် တစ်ခါလောက်တော့ စာပို့သမားလေး ဗာစီလိ-က ကာကျယ်ရီနာ ပျယ်သရိုဗနာ-ဆီကို သူ့သမီးလွှဲပေးတဲ့ ရူဘယ် နှစ်ရာလောက်ကို လာပို့ပေးတတ်ပါတယ်။ ဗာစီလိ ပြန်သွားရင် မှိုင်မှိုင်တွေတွေနဲ့ ပိုက်ဆံတွေကို လက်ထဲမှာ ကိုင်ပြီး ထိုင်နေတတ်ပါတယ်။

အောက်တိုဘာ လကုန်လောက် ညတစ်ညမှာ သံရိုက်ပြီးတော့ပိတ်တာကြာပြီဖြစ်တဲ့ ခြံထဲက တံခါးကို တစ်ယောက်ယောက်တံခါးလောက်ခေါက်ပါတယ်။ ကာကျယ်ရီနာ ပျယ်သရိုဗနာ-လည်း စိတ်တွေ ကယောက်ခြောက်ခြားဖြစ်ပြီး၊ အဲဒီနှစ်မှာပထမဆုံး အိမ်ထဲကထွက်လာခဲ့တယ်။ ဖြေးဖြေးချင်း တစမ်းစမ်းနဲ့သွားရတာပါ။ တံခါးနားရောက်တော့ကာ တိုးတိုးလေးနဲ့ - ဘယ်သူလဲ။ ဆိုပြီးမေးပါတယ်။

တံခါးနောက်ကွယ်ကနေပြီး ဘယ်သူမှ မဖြေပါဘူး။ စိတ်ထဲကထင်လို့နေမှာပါဆိုပြီး နောင်ပြန်လှည့်လာလိုက်တယ်။ - ဒီဆောင်းတော့ အမေ မကျော်နိုင်လောက်တော့ဘူးကွယ်။ တစ်ရက်လောက်ဖြစ်ဖြစ်သမီးလာခဲ့ပါဦး။ - ဆိုပြီး အဲဒီညပဲ နာစကျာဆီကိုစာရေးပါတယ်။

နာစကြာက ပန်းချီပညာရှင်များအသင်းမှာ အတွင်းရေးမှုးလုပ်တာပါ။ အမေ့ဆီကလာတဲ့စာကို ဖတ်မကြည့်ဘဲ - စာရေးတယ်ဆိုတော့ အသက်ရှင်နေသေးသပေါ့ - ဆိုပြီး လက်ကိုင်အိတ်ထဲကို ထိုးထည့်လိုက်ပါတယ်။

အလုပ်ပြီးတော့လည်း ပန်းချီဆရာလေး တိမိုဖျယ်ရယ်(ဗ်)ရဲ့ ပန်းချီအလုပ်ခန်းကို သွားပါတယ်။ ပြီး ပန်းချီပြခန်းအတွက် ပန်းချီကားတွေနဲ့ နှစ်ပတ်လောက် အလုပ်ရှုပ်နေတော့တာပါပဲ။ ပြခန်းဖွင့်ပွဲအပြီး၊ ဆွေးနွေးပွဲတွေလုပ်နေတုန်းမှာ တံခါးနောက်ကွယ်မှာ အမြန်စာပို့သမားလေးက ကြေးနန်းစာပေးပါတယ်။
- ကားကျာ* ဆုံးကာနီးပြီး။
- ကျိဟွန်။ -
ဘယ်က ကားကျာ-ပါလိမ့်။ စဉ်းစားရင်းနဲ့ ပြန်ပို့ရမယ့်လိပ်စာကို ဖတ်ကြည့်တော့ - ဇာဘိုရယ်-တဲ့။
*ကားကျာ- ဆိုတာက ကာကျယ်ရီနာ ပျယ်သရိုဗနာ -ကို ခင်မင်သူတွေကခေါ်တဲ့နာမည်ပါ။

%%%%% ဒီလိုနဲ့ ကျိဟွန် စာတိုက်ကိုရောက်တော့၊ ကြေးနန်းစာရွက်အလွတ်တစ်ရွက်ကို ယူပြီး မညီမညာလက်ရေးကြီးနဲ့ စာတချို့ရေးပါတယ်။ ပြီး သူ့ဟာသူရေးထားတဲ့ ကြေးနန်းစာရွက်ကို ခေါက်ပြီး၊ ဦးထုပ်ထဲကိုထည့် လေးတိလေးကန်နဲ့ ကာကျယ်ရီနာ ပျယ်သရိုဗနာ ဆီကိုထွက်လာပါတယ်။

-ရော့ ဒီမှာ - ဆိုပြီး ကျိဟွန်က သူ့ကိုယ်တိုင်ရေးထားတဲ့ ကြေးနန်းစာကိုထုတ်ပြီး ကာကျယ်ရီနာ ပျယ်သရိုဗနာ-ကိုပေးပါလေရော။ ကာကျယ်ရီနာ ပျယ်သရိုဗနာ-ဆိုတာက အိပ်ရာထဲလဲနေတာ ဆယ်ရက်လောက်ရှိပြီ။ ဒါပေမယ့် ကာကျယ်ရီနာ ပျယ်သရိုဗနာ-က ကြေးနန်းစာကိုမယူပါဘူး။

- ဖတ်ပြလိုက်ပါ။ သူက မျက်လုံးကကောင်းတာမှ မဟုတ်တာ။- လို့ မာညုရှကာက ကျိဟွန်းကိုပြောပါတယ်။ ကျိဟွန်းက ကြောက်လန့်စွာနဲ့ တချက်ကြည့်ပြီး၊ ခြောက်ကပ်ကပ် မရဲမရင့်လေသံနဲ့ ဖတ်ပါရော။
- နေပါဦးအမေရယ်၊ သမီးထွက်လာပါပြီ။
- အမြဲချစ်နေတဲ့ မေမေ့ရဲ့ သမီး နာစကျာ။ -

- မလိုပါဘူး ကျိဟွန်ရယ်၊ ကျေးဇူးတင်ပါတယ်။ - တိုးတိုးလေးနဲ့ ဖြေးဖြေးလေးပြောပြီး ကာကျယ်ရီနာ ပျယ်သရိုဗနာ နံရံဖက်ကို လှည့်သွားပါတယ်။ တကယ့်ကို ဖြူဖတ်ဖြူရော်နဲ့ သေးသေးကွေးကွေးခန္ဓာကိုယ်လေးက မလှုပ်မယှက်နဲ့ အိပ်ပျော်နေသည့်အလားဖြစ်နေပါတော့တယ်။

Read more...

နှုတ်ခွန်းဆက်စကား

>> Saturday, March 15, 2008

နှုတ်ခွန်းဆက်စကား

တစ်နေ့တုန်းက သူငယ်ချင်းကိုဖြူနဲ့ နှုတ်ခွန်းဆက်စကားတွေအကြောင်း ပြောဖြစ်တယ်။ တို့မြန်မာတွေ တစ်ယောက်နဲ့တစ်ယောက်တွေ့ရင် နှုတ်ခွန်းဆက်စကားဆိုဖို့ရာ စကားလုံးကောင်းကောင်းမရှိဘူးလို့။ နှုတ်ခွန်းဆက်စကား "မင်္ဂလာပါ" ဆိုတာကြတော့လည်း သူငယ်ချင်းတွေ သာမန်တွေ့ဆုံတဲ့အခါမှာ မသုံးပြန်ဘူး။ လေးလေးစားစားပြောဆိုမှသာ သုံးကြတာပါ။ ဒီတော့ တစ်ယောက်နဲ့တစ်ယောက်တွေ့ရင် ပြုံးပြနှုတ်ဆက်၊ နောက် ပြောဖြစ်ရင် "ဘယ်သွားမလို့လဲ" နောက်တစ်လုံးက "စားပြီးပြီလား"။ သူငယ်ချင်းကိုဖြူက တက္ကသိုလ်အဆောင်တစ်ခုမှာနေတာ၊ ပြီး သူတို့က ဘုံအိမ်သာ၊ ဘုံမျက်နှာသစ်ခန်းကိုသုံးရတာပါ။ သူပြောပြတာပါ - "စားပြီးပြီလား"ကို မျက်နှာသစ်သွားလဲ မေးတာပဲကွ၊ အဆိုးဆုံးကတော့ အိမ်သာကကိစ္စပြီးလို့ပြန်လာတာကိုပဲ "စားပြီးပြီလား" မေးတာပဲ။ ငါမှာ ဘာပြန်ဖြေရမှန်းကို မသိပါဘူးတဲ့။ တစ်ခါက သရုပ်ဆောင်ထင်ပေါ်က ဇာတ်ကားတစ်ခုထဲမှာ လမ်းဘေးက ခုံတန်းမှာ ကောင်မလေးတွေ၊ ယောက်ျားလေးတွေ ၀ိုင်းဖွဲ့ထိုင်နေတဲ့နားကိုရောက်တော့ ကောင်လေးတစ်ယောက်က သူ့ကိုနှုတ်ဆက်တာ "ဘယ်သွားမလို့လဲ"တဲ့။ ထင်ပေါ်ကလည်း ကြောင်ကြောင်တောင်ဖြစ်သွားတယ်၊ သူဘယ်သွားမယ်ဆိုတာ ရေရေရာရာရှိပုံမပေါ်ဘူး။ ထင်ပေါ်က ပြန်မေးတယ် "ငါဘယ်ကလာတာလဲ"တဲ့။ ကောင်လေးတစ်ယောက်က "မင်းဒီဘက်ကလာတာလေ" ဆိုကာမှပဲ "အော်..ဒါဆို ငါ ဒီဘက်ကိုသွားမှာ" ဆိုပြီး ဟိုတစ်ယောက်ပြောတဲ့အရပ်နဲ့ ဆန့်ကျင်ဘက်အရပ်ကိုညွှန်ပြီးပြောပါတယ်။ ထင်ပေါ်သရုပ်ဆောင်တာကိုကြည့်ပြီးတော့လည်း ရီရပါတယ်။ စိတ်ထဲမှာလည်း အော် တို့မြန်မာစကားဆိုတာကလည်း နှုတ်ခွန်းဆက်စကားမရှိရှာဘူးလို့လည်း တပြိုင်တည်းတွေးမိသွားပါသေးတယ်။
ကျွန်တော်အခုရောက်နေတဲ့ ရုရှားမှာဆို လမ်းလျှောက်တတ်စ၊ စကားပြောတတ်စ ကလေးလေးကတောင် သူ့အရွယ်ကလေးလေးတွေ့ရင် Privet (ပရီးဗျတ်) လို့ပြောပြီး နှုတ်ခွန်းဆက်စကားဆိုတာပါ။ ရုရှားဘာသာသင်ဆရာမက ကျွန်တော်တို့ကိုမေးပါတယ်၊ သူုမြန်မာပြည်ကို ခဏအလည်မသွားခင်တုန်းကပါ။ ဟိုရောက်ရင် မြန်မာလို ဘယ်လိုနှုတ်ဆက်ရသလဲ၊ လမ်းခွဲနှုတ်ဆက်စကားကရော ဘယ်လိုလဲမေးပါတယ်။ စတွေ့တွေ့ချင်းဆိုရင်တော့ "မင်္ဂလာပါ"၊ ပြန်တော့မယ်ဆိုရင်တော့ "ပြန်ပါဦးမယ်" ပါလို့ သင်ပေးရတာပေါ့။ မင်္ဂလာပါက အဆင်ပြေပါတယ်၊ ပြန်ပါဦးမယ် ကတော့ အဆင်မပြေပါဘူး။ ကိုယ်ကပြန်မယ်ဆိုရင်တော့ ပြောရတာအဆင်ပြေပေမယ့်၊ ကိုယ့်ဆီလာပြီး ပြန်မယ့်သူကို လမ်းခွဲနှုတ်ဆက်စကား "ပြန်ပါဦးမယ်" ပြောရတာကြတော့ ဘယ်လို့မှ အဆင်မပြေပါဘူး။ "တာ့တာ" ဆိုပြီး သင်ပေးပြန်ရင်ကြလည်း သိပ်ပြီး မယဉ်ကျေးသလိုခံစားရပါတယ်။ မြန်မာလူမျိုးတွေက အပြုံးတွေဝေနေတာပဲ၊ တွေ့လိုက်ရင်လည်း ပြုံးနေတာပဲ လို့ပြောတတ်ကြပါတယ်။ အင်း နှုတ်ခွန်းဆက်စကားနည်းလို့၊ ဘာပြောရမှန်းမသိလို့ ပြုံးပြုံးပြရင်းကနေ အကျင့်ပါသွားတာဖြစ်မယ်လို့လည်း ကောက်ချဆွဲမိနေပါသေးတယ်။
လမ်းခွဲနှုတ်ဆက်စကားပြောတာမှာ ရီစရာလေးတစ်ခုလည်းရှိပါသေးတယ်။ ကလေးကို သင်ပေးထားတာ တစ်ယောက်ယောက် ပြန်တော့မယ်ဆိုရင် "တာ့တာ" လို့နှုတ်ဆက်ရတယ်။ ကလေးကလည်း အိမ်ကိုလာပြီး ပြန်မယ့်သူဆိုရင် "တာ့တာ"ပဲ။ အိမ်ကိုဆွမ်းခံကြွလာတဲ့ ဘုန်းကြီးက ဆွမ်းကွမ်းအလှူခံပြီးလို့ ပြန်အကြွ ကလေးက "တာ့တာ" လို့ နှုတ်ဆက်တော့လည်း ကမောက်ကမောက်ဖြစ်ပြီး ရီရပါသေးတယ်။
ကျွန်တော်တို့တွေ ကလေးကတည်းက နှုတ်ခွန်းဆက်စကားပြောတတ်အောင် ကျင့်ပေးထားသင့်တယ်။ ၀တ္ထုထဲတွေ၊ ဇာတ်လမ်းတွေ၊ ပုံပြင်တွေ ကနေတဆင့် သင့်တင့်မယ့်စကားလုံးလေးအသုံးပြုပြီး အလေ့အကျင့် လုပ်ပေးရင်ကောင်းမလား၊ တစ်နည်းနည်းနဲ့ ပုံသေနှုတ်ဆက်စကားတွေနဲ့ နှုတ်ခွန်းဆက်တတ်တဲ့ အလေ့အကျင့်လေးရနေရင် ကောင်းမယ်လို့တွေးနေမိပါတယ်။

တခြားလူမျိုးတွေ ဘယ်လိုနှုတ်ဆက်စကားဆိုကြလည်းဆိုတာ ၀ီကီကနေ ကူးယူထားပါတယ်။ စိတ်ဝင်စားရင် ဖတ်ကြည့်နိုင်အောင် ကူးပြီးတင်ထားပါတယ်။


Spoken greetings are customary or ritualised words or phrases used to introduce oneself or to greet someone. In English, some common verbal greetings are:
"Hello" — the most common verbal greeting in English-speaking countries.
"Hi", and "hey" — less formal greetings. According to the Oxford English Dictionary, the first citation of "hey" is found as early as 1225, and is defined as "a call to attract attention . . . an exclamation to express exultation . . . or surprise." The English language's other monosyllabic greeting, "Hi", is actually much newer, having become popular in the 1920s. Many languages use the word as a greeting, though a variety of spellings exist, including "hei" and "hej".
"Good morning", "Good afternoon", "Good evening" — More formal verbal greetings used at the appropriate time of day. Note that the similar "Good night" and "Good day" are more commonly used as phrases of parting rather than greeting.
"Hey, Hey!" Less formal, common among the youth.
"How do you do?", along with variations such as "Howrya" (Ireland) and "Hiya"
"Howdy" — Informal greeting. Derived from "How do you do," it is common in the rural regions of the United States. This is also the official greeting of the Texas A&M Aggies of Texas A&M University in College Station, Texas.
"Whadarya at?", "How's she cutting?", "What's on the go?", "What're you saying?" — Newfoundland, Canada.
"What about ye?" — Northern Ireland (primarily Belfast)
"How'sa goin'?", "How's she cutting?", "How's tricks?", "What's the craic?" — Ireland.
"What's up?", "Whassup", "Sup?", "How's it going?", "Yo", and "What's happenin?" — United States.
"Alright?" — England.
"Ayup" — Northern England.
"Ryte?", and "Aw'Right" — Scotland.
"Oioi" Derived from punk culture, now used as a generic greeting.
"G'day" Informal greeting. Derived from "Good day" — Australia.

# Afrikaans: "Hallo" (Hello), "Goeiedag" (Good day), "Goeiemôre" (Good morning), "Goeiemiddag" (Good afternoon), ""Goeienaand" (Good evening) [1]
#Albanian "tungjatjeta" (hello), "allo" (hello), "Ju falem nderit" (Thank you), "faleminderit shumë" (Thank you [very much]), "Mirë upafshim" (Good bye), Si jeni? (How are you?), "Mirëmëngjes" (Good morning), "Mirëdita" (Good afternoon), "Mirëmbrëma" (Good evening), "Po" (Yes)
#Amharic language: "tenestalling" (hello), "endemin eh/esh" (how are you? - male/female)
#Arabic: "As-salaam Alaikum" (Peace unto you), "Marhaba" (Marhaban in Modern Standard Arabic), "Sabah #El-Kheir" (Good morning), "Massa'a El-Kheir" (Good evening)
#Aramaic: "Shlama lekhon" (Peace unto you), the response is "p-shena wo beshlama", "Dekhi-wot" (How are you?) ,"Sapra breekha" (Good morning), "ramsha breekha" (Good evening)
#Armenian: "Barev" (Hello), "Bari louys" (Good morning), "Bari or" (Good afternoon), "Bari yereko" (Good evening)
#Bangla (Bengali): "Salaamualaikum" (Peace unto you), "Kemon achen" (How are you), "Ki khobor" (Whats up)
#Bulgarian: "Здравей" (Hello, pron. Zdravèi), "Здрасти" (Hi, pron. Zdràsti), "Добро утро" (Good Morning, pron. Dobrò ùtro), "Добър ден" (Good Afternoon, pron. Dòbar den), "Добър вечер" (Good Evening, pron. Dòbar Vècher), "Довиждане" (Goodbye, pron. Dovìzhdane), "Лека нощ" (Good night, pron. Lèka nòsht)
#Catalan: "Hola!" (Hello), "Salut!"; "Bon dia" (Good morning), "Bona tarda/Bona vesprada" (Good afternoon), "Bona nit" (Good evening and Good night)
#Chichewa: "Takulandilani" (Welcome)
#Chinese (Cantonese): "Jo San" (早晨)("Good morning"), "Sik Jo Fan Mei" (食咗飯未) (literally, have you eaten yet ? ), "Ha Lo" (哈佬) ("Hello")
#Chinese (Mandarin): "Ni Hao"(你好) (Ni is you, Hao is good),"Zao An"(早安)or "Zao Shang Hao"(早上好)("Good Morning"),"Wan An"(晚安)("Good night")
#Czech: "Ahoj" or "Čau" (informal, Hello or Goodbye), "Dobrý den" (Good day) = universal formal greeting
Eventually: "Dobré ráno" (Good morning), "Dobré odpoledne" (Good afternoon) "Dobrý večer" (Good evening), "Dobrou noc" (Good night)
#Croatian: "Bok" or "Bog" (informal, Hello or Goodbye), "Dobar dan" (Good day) = universal formal greeting
Eventually: "Dobro jutro" (Good morning), "Dobra večer" (Good evening), "Laku noć" (Good night)
#Danish: "Hej" (informal), "Goddag" (very common - means good day), "God morgen", "God eftermiddag", "God aften" (Good morning, Good afternoon, Good evening), "Hallo" (mostly used on the telephone)
#Dutch: "Hoi", "Hé" (informal), "Hallo" (standard), "goedemorgen" (good morning), "goedemiddag" (good afternoon), "goedenavond" (good evening)(formal, literally "greetings"),
#Fiji: "Bula" (literally "Life," or "Health"); heard constantly'
#Finnish: "Hei" (Hello), "Huomenta" (Good morning), "Päivää" (Good day), "Iltaa" (Good evening), "Hyvää yötä" (Good night)
#French: "Bonjour" (Hello and Good morning, Good afternoon), "Salut" (Hello and Goodbye, informal), "Bonsoir" (Good evening) or "Bonne soirée" (Have a good evening); also "Au revoir" ("Goodbye"), "A bientôt" ("See you soon" or "See you again"), "A plus tard" ("See you later"), or more commonly (very informal): "Ciao" ("Bye", "See you later")
#German: "Hallo" (cognate with Hello), "Guten Morgen" (Good, with a time of day appended to the phrase), "Wie geht's?" (cognate with How is it going?), "Was geht?" (cognate with What's up)
#Greek: "Γεια" ("Gheia", pron. "ya", "hello" and "goodbye", literally "Health", quite informal), "Χαίρετε", ("Chairete", pron. "herete", same as "Gheia" but more formal, literally "May you be joyful"), "Καλημέρα" (pron. "kalimera", "Good morning" and "Good day"), "Καλησπέρα" (pron. "kalispera", "Good evening"), "Καληνύχτα" (pron. "kalinikhta", "good night").
#Gujarati : "Khem Cho" (How are you?)
#Hawaiian: "Aloha" (affection, love, peace, compassion, mercy, goodbye, and hello)
#Hebrew: "Shalom" "שלום" (Peace) or "Shalom Aleichem" "שלום עליכם" (Peace unto you; the response is Aleichem Shalom "unto you, peace"); less formal: "Ma Nishma" "מה נשמע" or "Ma HaInyanim" "מה העיניינים" (What's new or How are you?)
#Hindi: "Namaste" (lit., salutations) "Namaskaram" (lit., "salutations"), "Pranaam" (lit., "salutations")
#Hungarian: "Szia" (Very informal, used between friends and family), "Jó napot" (Good day), Jó napot kivánok (I wish you good day, a bit more complete than jó napot), "Üdvözlünk" (A commonly used way of saying 'welcome')"Csókolom" (only used by the young when addressing elders. Signifies a sign of respect, but is becoming less popular), "Kezét csókolom" (I kiss your hand, a polite greeting used by men when addressing women), "Szevasz" or "Szervusz" (a form of Servus, it is a casual greeting and a good-bye) "Hello" (Hello!, this greeting is becoming more popular but most often it is actually used to say good-bye)
#Icelandic: "Hæ" (Hi), "Bæ" (Bye), "Góðan dag" (Good day), "Gott kvöld" (good ewening), "Góða nótt" (Good Night) (a not very common greeting unless people are going to go to sleep). "Bless" (Goodbye) a shortening of Blessaður (which standing alone is used as a welcome greeting or a goodbye), which means Blessed, often used with the word "vertu" (Be) first (though only when the blessing is used as a goodbye), "Vertu sæll" (Be happy) is used as a goodbye, but standing alone "sæll" and in the combination "komdu sæll" (come happy ) it is used as a greeting. Sometimes these two are combined into "komdu sæll og blessaður" (Come happy and blessed) and "vertu sæll og blessaður" (Be happy and blessed) as a greeting and a goodbye respectedly. When the words are interchanged "Blessaður og sæll" (blessed and happy) they are used as a greeting. Most of the greetings are often followed with the question, "hvað segir þú?" (what do you say) or "hvernig hefurðu það?" (how do you have it? or how are you?) (the mostly expected answer is "fínt" or "bara fínt" which means fine or just fine although it is also common to start telling something of yourself) or the more litteral question "hvað er að frétta?" (what is new? or what is in news of you?). The adjective "jæja" (well) comes into the greeting and goodbye process frequently.
#Indonesian: "Apa Kabar" (How are you?), "Selamat Pagi" (Good Morning), "Selamat Siang" (Good day), "Selamat Malam" (Good Night)
#Irish Gaelic: "Dia dhuit" (God to you / God be with you), "Dia is Muire dhuit" (God and Mary to you / God and Mary be with you this the usual response to 'Dia dhuit'.), "Conas ata tu" (How are you?)
#Islamic: "Assalamu alaikum" or "Salamu Alaikum" (Peace be upon you); the response is "Wa'laikum As'salaam"
#Italian: "Ciao" (Hi and Goodbye) or "Salve" (Hello). "Buon giorno" (Good morning), "Buona sera" (Good evening], "Buona notte" (Good night]
#Japanese: "Ohayō gozaimasu" (おはようございます, Good morning?) (often abbreviated to just "Ohayō" (おはよう/おはよう, "Ohayō"?)), "Konban wa" (こんばんは, Good evening?), "Konnichi wa" (こんにちは, Hello/Good day?)
#Kannada: Language of Karnataka(State)- India: "Namaskara" / "Namaste", "Hegiddira?"("How are you?"), "Enu Samachara" ("What's up?"), "Belagina Vandanegalu"("Good Morning")
#Khmer: "chomribsur" (hello), "sursdei" (how are you?), leahaey (bye, see you next time)
#Korean: "An-nyeong haseyo" (안녕하세요? Are you in peace?)
#Lao: "Sa Bai Dee?" (How are you?)
#Latvian: "Sveiks" (Hello), "Labdien" (Good day, Good afternoon), "Labrīt" (Good morning), "Labvakar" (Good evening)
#Lithuanian: "Labas", "Sveikas" (Hello), "Laba diena" (Good day, Good afternoon), "Labas rytas" (Good morning), "Labas vakaras" (Good evening)
#Lojban: "coi" (Hello), "coi rodo" (hello everybody)
#Malayalam: "Namaskaram" (Syllables: Na-mas-ka-ram), 'Enthundu Vishesham"("How are you?")
#Malaysian: "Apa khabar" ("How are you?")
#Maltese: Formal greetings - "L-għodwa t-tajba" (Good morning); "Merħba" (Welcome); "Is-serata t-tajba" (Good evening); "Il-lejl it-tajjeb" (Good night); "Saħħa" (Goodbye - literally, Good health). Informal greetings - "Bonġu!" (Good day); "Ċaw" or "Ħello" (Hello); "Hawn [name], kif int?" (Hey [name], how are you? - used among friends, colleagues and relatives); "Ċaw" or "Ċaw-ċaw" ('Bye). Less frequently used/archaic - "Sliem għalik", or "is-sliem" (Peace be with you or Peace, and its response: "lilhek ukoll" And with you); "Benedizzjoni, [mamà/papà/zi]" - literally, Bless me, [mother/father/aunt/uncle], and its response: "Kun imbierek" / "Kun imbierka" (Blessings - usually said by an elderly person to his or her child, nephew or niece, or by a priest to a parishioner.
#Mandarin: "Ni hao ma?" (How are you?) or simply "Ni hao"
#Marathi: "Namaskar" (Hello!)
#Māori: "Kia ora" (Good health)
#Norwegian: "Hallo" (Hello), "Hei" (Hi/Bye; the latter particularly in telephone conversations), "God morgen" (Good morning, "Morn" is more informal abbreviation), "God dag"(Good Day), "God kveld" (Good evening)
#Persian: "درود" (Hello); "سلام" (Hello); "بدرود" (bye);
#Polish: "Cześć" (help·info) (Hi / Bye), "Dzień dobry" (help·info) (Good morning / Good day), "Jak się masz?" (help·info) (How are you? / How are things? / What's up?)
#Portuguese: "Olá" (Hello), "Oi" (Hi), "Bom dia" (Good Morning), "Boa tarde" (Good Afternoon), "Boa noite" (Good night)
#Punjabi greeting of Sikhism: "Sat Sri Akal" (He/She Be Blessed Who says Truth is God)
#Romani language: "Sar san?" (How are you?), "Sar dživen?" (How do you live?), "So keren?" (What are you doing?)
#Romanian language: "Salut" (Hello), "Ce mai faci ?" (How are you?), "Alo" (Hello when talking on the phone), "Bună ziua" (Good day), "Noapte bună" (Good night), "Bună seara" (Good evening), "Bună dimineaṭa" (Good morning), "La revedere" (Good bye)
#Russian: "Здравствуйте", "Здравствуй" (Hello, pron. Zdràstvuite, Zdràstvui), "Привет" (Hi, pron. Privèt), "Доброе утро" (Good Morning, pron. Dòbrае ùtro), "Добрый день" (Good Afternoon, pron. Dоbrài den), "Добрый вечер" (Good Evening, pron. Dоbrài Vècher), "До свидания" (Goodbye, pron. Do svidàniya), "пока" (Goodbye [informal], pron. pa-ka), "Спокойной ночи" (Good night, pron. Spakòinai nòchi)
#Scottish Gaelic: "Ciamar a tha thu?" (How are you?) "Dè do chor?" (informal How're you doing?)
#Serbian: "Dobro jutro" (Good morning), "Dobar dan" (Good day), "Dobro veče" (Good evening), "Doviđenja" (Goodbye), "Zdravo!" (Hi! (be well)), "Ćao!" (informal Hi!, from Italian Ciao), "Š'a ima?" (informal, Whassup?)
#Slovak language: "ahoj" (hello/bye) "ako sa máš?" (How are you?) "dobré ráno" (Good morning) "dobrý deň" (Good day) "dobrý večer" ("Good afternoon")
#Spanish: "Hola" (cognate with Hello), "Buenos Días" or "Buen Día" but "Buenas Tardes" in the late afternoon or later. Also said as "Buenas".
#Sinhala: "Ayubowan" (formal greeting - May you live long), or "Kohomada" (very informal - How are you?)
Swedish: "Hej" (Hello), "God morgon" (Good morning), "God middag" (Good afternoon), "God dag" (Good day), "God kväll"/"God afton" (Good evening).
#Swiss German: "Grüezi" (Hello, as directed to an individual), "Grüezi mitenand" (Hello, as directed to multiple persons)
#Tagalog: "Hoy" (Hey), "Ay" (Oh!) pronounced like "I", "'Musta?"(Informal) or "Kamusta ka?" (How are you?), "Mabuti" (Fine), "Mabuhay!" (Salutations)means "life", "Magandang Umaga" (Good Morning), "Magandang Hapon" (Good Afternoon), "Magandang Gabi" (Good Evening/Good Night), "Kababayan" (Formal) or "Kabayan" (Informal) means "My Fellow Country Man"
#Tamil: Language of the state of Tamil Nadu in India: "Vanakkum" (Syllables: Va-nak-kum)
#Telugu: "Namaskaramu" / "Namaste", "Ela unnavu?"("How are you?"), "Enti Sangatulu" ("What's up?")
#Thai: "สวัสดีครับ/สวัสดีค่ะ" (Sawasdee Krup/Sawasdee Ka) (male/female)
#Tibetan: "Tashi Delek" (May everything be well)
#Turkish: "Merhaba" (Hi), "Günaydın" (Good morning), "İyi günler" (Good day), "İyi akşamlar" (Good evening)
#Ukrainian language: "Привіт!" (Hi), "Здоров!" (Hello), "Як справи?" (How are you doing?), "Добрий ранок"/"Доброго ранку"(Good morning), "Добрий день"/"День добрий"/"Доброго дня" (Good day), "Добрий вечір"/"Доброго вечора"/"Вечір добрий" (Good evening)
#Urdu: 'Adab arz hai' or 'Khush Amdid'
#Vietnam: "Xin chào" (Hello), "Anh/Chị có khỏe không" (How are you; male/female)

Read more...

Mikhail Lermontov

>> Friday, March 7, 2008


မီဟိုင်း(လ်) လယ်(ရ်)မွန်တော့(ဗ်) (၁၈၁၄-၁၈၄၁) က ရုရှားရဲ့ အကျော်အမော်ကဗျာဆရာတစ်ဦးပါ။ ပုရှကင်သေဆုံးပြီးနောက်ပိုင်းခေတ်မှာ ထင်ရှားတဲ့ကဗျာဆရာပါ။ သူက နှစ်ယောက်ချင်းစိန်ခေါ်သေနတ်ပစ်လို့ သေဆုံးသွားရတာပါ။ သူသေဆုံးချိန်မှာ သူဟာ ၂၇-နှစ်သာရှိသေးပေမယ့်၊ သူ့ရဲ့ဖန်တီးမှု ကဗျာတွေ၊စာတွေကတော့ ယနေ့ခေတ်အထိ ရုရှားစာပေအပေါ်မှာ လွှမ်းမိုးမှုရှိတယ်လို့ဆိုပါတယ်။ သူ့ကဗျာတပုဒ်ကို ကြိုးစားပြီး ဘာသာပြန်ထားပါတယ်။

ပျင်းရိစွာနဲ့ဝမ်းနည်းစွာ

ပျင်းရိစွာနဲ့ဝမ်းနည်းစွာ၊ ဘယ်သူ့ကိုမှလည်း နှုတ်မဆတ်
အသည်းခိုက်လောက်အောင် ၀မ်းနည်းရတဲ့ကာလပါ။
ဆုတောင်းတွေ! အသုံးမ၀င်စွာ၊အစဉ်အမြဲပဲ ဘာ့အတွက် ဆုတွေတောင်းမှာလဲ၊
ကုန်လွန်ခဲ့တယ် နှစ်ပေါင်းများစွာ၊ အကောင်းဆုံးသောနှစ်တွေပါ။
အင်း …နောက်တစ်ယောက်ကို ချစ်ဖို့လား၊
ခဏတာချစ်ဖို့ရာ အားမထုတ်နိုင်သေးပါ၊
ထာဝရချစ်ဖို့ရာ မဖြစ်နိုင်တော့ပါ။
ကိုယ့်ဘ၀ကို ပြန်းငေးတဲ့အခါ၊ အတိတ်ရဲ့ခြေရာတွေ မကျန်တော့ပါ၊
ပျော်ရွှင်မှုများစွာ ပူဆွေးမှုများစွာ ဟိုးအဝေးမှာ မှုန်းဝါးဝါးသာ ကျန်နေခဲ့တော့တာ။
အဆောတလျင်လား၊ နောက်ကျစွာလား
ရမက်ဆိုတဲ့ ချိုမြိန်ရောဂါ၊ ကျိုးကြောင်းဆင်ခြင်ရင်းနဲ့ ကွယ်ပျောက်ဆုံး။
သွေးအေးအေးနဲ့ ဘေးပတ်ဝန်းကျင်ကို ငေးလိုက်တဲ့အခါ
ဘ၀ဆိုတာ ဒီလို ဟောင်းလောင်းဖြစ်နေတဲ့ မိုက်ရိုင်း ဟာသတစ်ခုပါ။

ရုရှားလိုလည်း ဖတ်လိုသူတွေဖတ်ရအောင်တင်လိုက်ပါဦးမယ်။

Михаил Юрьевич Лермонтов

И СКУЧНО И ГРУСТНО


И скучно и грустно, и некому руку подать
В минуту душевной невзгоды...
Желанья!., что пользы напрасно и вечно желать?..
А годы проходят -- все лучшие годы!
Любить... но кого же?., на время -- не стоит труда,
А вечно любить невозможно.
В себя ли заглянешь? -- там прошлого нет и следа:
И радость, и муки, и все там ничтожно...
Что страсти? -- ведь рано иль поздно их сладкий недуг
Исчезнет при слове рассудка;
И жизнь, как посмотришь с холодным вниманьем вокруг, --
Такая пустая и глупая шутка...

Read more...

ဆုတံဆိပ်တွေကများ...

>> Thursday, March 6, 2008

ဆုတံဆိပ်တွေကများ...

သူငယ်ချင်းကပြောပြတာပါ ဒီဟာသလေးကို၊ သူလည်း ဘယ်စာအုပ်ထဲက ဖတ်မိတယ်ဆိုတာကိုမေ့နေပါပြီတဲ့။ သဘောကျလို့ ဒီမှာရေးမှတ်ထားပါဦးမယ်။

စစ်သားတစ်ယောက်က ရင်ဘတ်မှာ ဆုတံဆိပ်သုံးခု ချိတ်ထားတယ်။
တစ်ယောက်ကမေးပါတယ်။
- ဒီဆုတံဆိပ်တွေက ဘယ်လိုတွေကြောင့်ရထားတာလဲ။
စစ်သားလေးကလည်း အသေအချာ ရှင်းပြပါတယ်။
- ဒီပထမဦးဆုံးရခဲ့တဲ့ ဆုတံဆိပ်က ကျွန်တော်မှာ ဘာဆုတံဆိပ်မှ မရှိသေးလို့ ပေးတဲ့ဆုတံဆိပ်ပါ။
ဒီဒုတိယဆုတံဆိပ်ကကျတော့ ပထမဆုတံဆိပ်ရထားတဲ့သူကိုမှ ပေးတဲ့ဆုတံဆိပ်ပါ။
ဒီတတိယဆုတံဆိပ်ကကျတော့ ပထမနဲ့ဒုတိယဆုတံဆိပ်ရထားပြီးတဲ့သူကိုမှ ချီးမြှင့်တာမိုလို့ ရထားတာပါ။

****
ပျော်ရွှင်ပါစေ။

Read more...

ဧည့်သည်တစ်ဦး၏တစ်နေ့တာခရီး

>> Wednesday, March 5, 2008

ရွေနီရဲ့တွန်သံဟာ မိုးလင်းတော့မယ်လို့ သူမကိုတိတိကျကျအသိပေးလိုက်ခြင်းပဲဖြစ်သည်။ အခါတိုင်းမှာ လင်းအားကြီးချိန်တိုင်း လေးကြိမ်မှန်မှန်တွန်တတ်တဲ့ရွှေနီက ဒီမိုးသောက်မှာတော့သုံးခါကိုပင်နောက်ဆုံး အကြိမ်ကမပီမပြင်။ သူ့သခင်မဟာ သူ့အသံကိုနောက်ဆုံးကြားရခြင်းဖြစ်သည်ကို နားလည်သည်ပဲလား..။ ခြေရင်းဖက်လုံးပေါ်က လှုပ်ရှားလို့မရတော့သောခြထောက်တွေကို လှမ်းကြည့်လိုက်သည်။ ဒီခြေထောက်တွေဟာ လမ်းမှန်ကိုသာလျှောက်ခဲ့တယ်လို့ သူမကယုံကြည်သည် (အဲဒီလမ်းမှန်ကိုကြည့်သော သူမမျက်လုံးများ အမြင်အာရုံမချွတ်ယွင်းခဲ့ရင်ပေါ့လေ) အမှောင်ကိုကြောက်လှသူမဟုတ်ပဲ မြင်ခွင့်ရချိန်ကို မက်မောစွာထွန်းညှိထားသောဖယောင်းတိုင်အလင်းနှင့် သူမဘေးမှာ နှစ်ချိုက်စွာအိပ်မောကျနေသူများကို လှမ်းကြည့်ပြီးမှ အဆုံးစွန်ဆုံးလူတိုင်းဟာသေခါနီးအချိန်မှာ မိသားစုနဲ့ ခွဲခွာနိုင်ဖို့၊ ကိုယ့်ကိုယ်ကို စွန့်လွှတ်နိုင်ဖို့ ကြိုးစားကြရတယ်။ စွန့်လွှတ်ခြင်းဟာ ... အမှန်တရားကို လက်ခံလိုက်ခြင်းပါပဲ။ ဒါဟာ ရှုံးနိမ့်ခြင်းမဟုတ်ပါဘူး ဆိုတဲ့ဆုံးမစကားတစ်ခုကိုသတိယပြီး မျက်ဝန်းအကြည့်ကိုရွှေ့လိုက်တယ်။

မပေးချင်တာကိုရယူဖို့ ဘယ်တုန်းကမှမကြိုးစားခဲ့ပဲ အမြဲတမ်းစွန့်လွှတ်ခဲ့ဖူးပါရက်..ခုမှနိမ့်ချီမြင့်ချီနှင့် အတင်းရုန်းကန်ကာရယူဖို့ကြိုးစားနေရှာသော သူမရင်ဘတ်နှင့် ဟ၍အသက်ရှုနေသောပါးစပ်ကို သတိထားမိလိုက်သည်။ သို့သော် မကြာခင်မှာ သူမဟာ တကယ်ပဲကောင်းမွန်စွာ စွန့်ထွက်နိုင်ခဲ့ပါသည်။.သူမဟာ ကုတင်ပေါ်ကသူမကို ကျေနပ်စွာလှမ်းကြည့်လိုက်သည်။ အေးချမ်းလှသောသူမမျက်နှာက သူမရဲ့နောက်ဆုံးအချိန်ကို မသိလိုက်ရ သူတို့၏နောင်တတွေနဲ့ ပူလောင်မှု့တွေကို အတန်ငယ်လျော့စေကောင်းရဲ့။ ဒါပေမဲ့ သူမဒီနေရာမှာ ကြာကြာမနေလိုပါ။ ချစ်သောသူများ၏ပူဆွေးမှု့များကိုနှစ်သိမ့်မှု့ပေးဖို့အခွင့်အရေးမရှိတော့သော ဤနေရာတွင်မနေလိုပါ။ နှစ်လနီးပါး အိပ်ယာထက်မှာလဲလျောင်းနေရစဉ်မှာကတည်းက သူမ သွားခွင့်ရရင်သွားရောက်မည့်နေရာတွေအတွက် ဒီတစ်နေ့သည် အရေးကြီးသည်။ မနက်ဖြန်သည် သူမအတွက်ရှိဦးမလားဆိုတာက သူမ မသိရသော အခြေအနေတစ်ခုသာ။ ပထမဦးဆုံးခြေလှမ်းက ဖေဖေ့ဆီ။ ရောင်နီပါးပါးအောက်မှာ ဖေဖေချစ်သောရွာကလေးကအိပ်ရေးမ၀သေးသော်လည်း သူ့ရွာသူမလေးကိုတော့ ဆီး ကြိုနေသည်။ မမှတ်မိသောခွေးများက စူးစူးဝါးဝါးအော်လိုက်ကြတော့ သူမလန့်သွား၏။ အားတင်းပြီး ရွာဘေးလမ်းကလျှောက်ခဲ့ရာ မများလှသောအုပ်ဂူလေးတွေထဲမှာမှ အရောင်အလွင်ဆုံးသော ဖေဖေ.အုပ်ဂူကိုသူမလှမ်းမြင်ရပြီ။ ဖေဖေသမီးလာခဲ့ပြီ.။ သမီးကိုချစ်တဲ့စိတ်နဲ့ပဲဆုံးသွားရှာတာလို့ လူတွေပြောကြသလိုဖေဖေယူဆရင်တော့ ဖေဖေ့ဆီကိုအစောဆုံးလိုက်လာတဲ့သမီးကို ဖေဖေခွင့်လွှတ်တော့နော်။ ဒါမှမဟုတ် ဖေဖေ့ဆန္ဒလို့ယူဆပြီး ဖေဖေနဲ့ဆန့်ကျင်ဘက်တွေကိုသာ အမြဲလုပ်တတ်တဲ့ ထုံအအသမီးကို ဖေဖေစိတ်ဆိုးဦးမလား။ ဘာပဲဖြစ်ဖြစ် ဖေဖေ့ကိုတွေ့ရင်တော့ ဘာမှပြန်မပြောပဲ ဖေဖေ့စကားတွေကို တ၀နားထောင်ပစ်လိုက်ဦးမည်။ တကယ်တမ်းကျတော့ ထိုနေ့မှာ သူမ ဖေဖေ့ကိုရှာမတွေ့ခဲ့။ သိစိတ်မှာဝမ်းနည်းမိပေမဲ့ မသိစိတ်ကကျေနပ်နေမိသည်။ လွတ်မြောက်ပါ ဖေဖေ ကျေးလက်လူထုရဲ့ဆင်းရဲမှု့တွေကို မျှဝေခံစားဖို့၊ ပူးပေါင်းရုန်းကန်ဖို့ ဖေဖေပြန်မလာနဲ့။ ဘာမှလုပ်ပိုင်ခွင့်မရသူတွေအတွက် တစ်ယောက်စာလျော့ရင် နည်းနည်းစီပိုစားရတာပေါ့လို့ သမီးကတော့ယူဆတတ်သွားပြီ။ရွာဖက်ဆီက ကြေးစည်ခတ်သံသည် ဆွမ်းခံကြွချိန်…ရှစ်နာရီထိုးပြီးပြီပေါ့။ ဖေဖေအတွက်စိတ်ချသွားတော့ ဒုတိယခြေလှမ်းမှာ ပေါ့ပါးသွက်လက်နေသည်။ သူမနေထိုင်ရာမြို့ကလေးဆီ။ သူမစာသင်ရာ ကျောင်းက မေမြို့ပန်းရောင်စုံဖူးပွင့်နေတဲ့ကျောင်းပန်းခြံနဲ့ အနီးဆုံးမူကြိုဆောင်ဆီကိုလေ။
မွန်းအိန်ဂျယ်လ်


Read more...

ဟောင်လိုက်ကြပုံများ


Woof is the conventional representation in the English language of the barking of a dog. As with other examples of onomatopoeia or imitative sounds, other cultures "hear" the dog's barks differently and represent them in their own ways. Some of the equivalents of "woof" in other European and Asian languages are as follows:
* English - woof, woof; ruff, ruff; arf, arf (large dogs and also the sound of sea lions); yap, yap (small dogs); bow-wow
* Albanian - ham, ham
* Arabic - hau, hau; how how (هو هو)
* Armenian - haf, haf
* Basque - au-au, txau-txau (small dogs), zaunk-zaunk (large dogs) and jau-jau (old dogs)
* Bulgarian - bau-bau (бау-бау); jaff, jaff (джаф-джаф)
* Catalan - bau, bau
* Chinese, Cantonese - wow, wow (汪汪)
* Chinese, Mandarin - wang, wang
* Croatian - vau, vau
* Czech - haf, haf
* Danish - vov, vov
* Dutch - waf, waf; woef, woef (phonetically equivalent to woof woof)
* Esperanto - boj, boj
* Estonian - auh, auh
* Finnish - hau, hau; vuh, vuh
* French - ouah, ouah; ouaf, ouaf
* German - wuff, wuff; wau, wau
* Greek - ghav, ghav (γαβ γαβ)
* Hebrew - hav, hav
* Hindi - bho, bho
* Hungarian - vau, vau
* Icelandic - voff, voff
* Indonesian - guk, guk
* Irish - amh-amh
* Italian - bau, bau
* Japanese - wan, wan (ワンワン)
* Korean - meong, meong (mung mung) (멍멍) [mʌŋmʌŋ]
* Latvian - vau, vau
* Lithuanian - au, au
* Norwegian - voff, voff
* Persian - vogh, vogh
* Polish - hau, hau
* Portuguese - au, au; ão-ão (nasal diphthong); béu-béu (toddler language); cain-cain (whining)
* Romanian - ham, ham or hau, hau
* Russian - gav, gav (гав-гав)
* Serbian - av, av
* Slovak - haf, haf or hau, hau
* Slovenian - hov, hov
* Spanish - guau-guau; jau, jau
* Swedish - voff, voff; vov, vov
* Tagalog - ow ow
* Thai - hoang, hoang
* Turkish - hav, hav
* Ukrainian - гав гав, hau hau; дзяв дзяв, dzyau dzyau (small dog)

မြန်မာလိုဆိုရင်တော့ ခွေးတွေက ၀ုတ်ဝုတ် လို့ဟောင်ပါတယ်ဗျ။
အပေါ်က ဟောင်သံတွေကတော့ ၀ီကီကယူထားတာပါ။

Read more...

Rooster

>> Sunday, March 2, 2008

Cocks generally tend to wail when they are distressed or in heat. The sound made by the cock is spelled onomatopœically as "cock-a-doodle-do" in English, but otherwise in some other languages, such as: Arabic kookookoo-koo, Bulgarian кукуригу (kukurigu), Catalan Co-co-ro-co, Chinese goh-geh-goh-goh, Croatian ku-ku-ri-ku Czech kykyrikí, Danish kykeliky, Dutch kukeleku, Esperanto kokeriko, Estonian kukeleegu or kikerikii, Faroese kakkulárakó, Filipino Tik-ti-la-ok, Finnish kukkokiekuu, French cocorico, German kikeriki, Greek kikiriku, Gujarati kuk-de-kuk, Hebrew ku-ku-ri-ku, Hindustani kuk-roo-koon or kuk-roo-kroon, Hungarian kukurikú, Indonesian kukuruyuk, Italian chicchirichì, Japanese ko-ke kokkoh, Korean k'ok'iyo, Lithuanian ka-ka-rie-ku, Latvian ki-ke-ri-gū, Maltese kukoriku, Norwegian kykkeliky, Persian ququliqu, Polish kukuryku, Portuguese Có có ró có, Romanian cucurigu, Russian ку-ка-ре-ку (ku-ka-rye-ku), Sanskrit काक (kāka), Serbian ku-ku-ri-ku, Slovak kikirikí,Slovene kikiriki, Spanish qui-qui-ri-qui', Swahili KokoRikoo koo, Swedish kuckeliku, Tamil ko-ka-ra-ko, Thai yeki-yeki-yek, Turkish üü-ürü-üüü, Urdu kuk roo kroon, and Vietnamese ò-ó-o-o.

မြန်မာလိုဆိုရင်တော့ ကြက်ဖကြီးက အောက်အီးအီးအွတ် လို့တွန်ပါတယ်ဗျ။
အပေါ်ကတွန်သံတွေကတော့ ၀ီကီ ကနေ ကူးယူထားတာပါ။

Read more...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP