မုန်လာဥနီသုပ်
>> Friday, December 12, 2008
မုန်လာဥနီကို အခွံနွှာ၊ ရေဆေးပြီး ခြစ်လိုက်တယ်။
ကြက်သွန်ဖြူဆီချက်၊ မြေပဲဆံထောင်း၊ နှမ်းထောင်း၊ ပုဇွန်ခြောက်၊ ငံပြာရည်၊ မန်ကျည်းမှည့်၊ ငရုပ်သီးစိမ်းအားလုံးထည့်ပြီး မုန်လာဥနီသုပ်တာပါ။
မြန်မာပြည်တုန်းကတော့ သံပုရာသီးနဲ့ သုပ်တာ။ အခုသံပုရာသီးဈေးကြီးလာလို့ ချွေတာတဲ့အနေနဲ့ မန်ကျည်းမှည့်အနှစ်လုပ် သုပ်တော့လည်း စားကောင်းပါတယ်။
ဒီလိုအသုပ်လေးနဲ့ ကြက်ဥကြော်လောက်ဆိုရင် မဇနိက ထမင်းစားမြိန်ပေမယ့် ကိုဇနိဆို ပန်းကန်နဲ့ဇွန်းနဲ့ သေချာခေါက်မယ်ဆိုတာ သိပါ့။
ရေနွေးနဲ့ အပျင်းပြေစားလည်းကောင်းပါတယ်။
မုန်လာဥနီကို ကြော်စားရင် မကြိုက်တဲ့ ကျွန်မအတွက် ဒီလိုသုပ်စားရတာ ပိုအဆင်ပြေပါတယ်။
မဇနိ
16 comments:
မုန်လာဥနီကတော့ တော်တော်ကြိုက်တယ်ဗျ။ ဒီအတိုင်းတောင် ကိုက်စားတယ်။
ဦးဦးDB နဲ့ပြောင်းပြန် မုန်လာဥနီ မကြိုက် သုတ်စားလို့ရမှန်းခုမှသိတယ် :D
အသီးအရွက်သုပ်ဆို ကြိုက်ပြီးသားပဲ၊ ငန်းသွားတယ်.
http://winzaw-mdy.blogspot.com
အမြဲသွားရေကျနေသူကတော့ သားသားပါး(
အညာသူတွေ ဟင်းချက်ကောင်းမှာ ဆုံးဖြတ်လိုက်ပြီး အညာသူမ မဲမဲတူးတူးလေးတစ်ယောက်တော့ ရအောင်ပိုးမယ်ဗျး) ပြီးရင် အစားသောက်ကြီးပဲ လုပ်ကျွေးခိုင်းမယ် ကောင်းလား မမနိ ....ကိုနိ ထောက်ခွလား :P
အမ အမေကတော့ မုန်လာဥနီကို ကြိုက်လို့ ဒီအတိုင်း ကိုက်စားနေတာ.. အမကတော့ သိပ်မကြိုက်ဘူး.. အရောင်လေး နီနေရင်သာ လှလို့ ဟင်းထဲ ထည့်ချက်တာ... ဒါပေမယ့် ဒီနည်းလေးကို အမေ့ကိုပြောပြလိုက်ဦးမယ်.. :)
ဟင်းမျိုးစုံ ချက်တတ်တဲ့ ကွိကွိ ၊၊ တော်လိုက်တာဗျာ ၊၊
ကိုနိက တော့ ၀တုတ်ကြီး ဖြစ်လာမှာ မြင်ယောင်သေးဗျာ ၊၊ ဒီဟင်းက ခုမှကြားဖူးတာ ကွိကွိရ ၊၊
လုပ်စားချင်လိုက်တာ ဂျစ်မရှိတော့ ဘာနဲ. ခြစ်ရပါ့မလဲ။
ဂျစ်မရှိရင်..
ဓါးနဲ့ပါးပါးလှီးလို့ရတယ်လေ..
ပြီးရင် ပြန်စိတ်ပေရော့...
နိနိကအစားဝင်ဖြေပေးတာ..
နိနိရေ..
အခုလို မစားဖူးဘူး..
စိတ်ပါတဲ့တစ်နေ့လုပ်စားကြည့်မယ်..
ပေါက်
တို့လဲ ကိုနိလို ပန်းကန်နဲ့ဇွန်းနဲ့ သေချာခေါက်မယ်ဝေ့။
လုပ်သားကြည့်အုန်းမယ်။ ကောင်းမဲ့ပုံနော် တခါမှ မစားဘူးသေးဘူး
ခေါင်းစဉ်လေးဖတ်ပြီးတာနဲ့ ဂလုဖြစ်သွားရော
ကိုဇနိကလဲ စားပွဲထိုးကို ခဏခဏ ခေါက်ပြီး မခေါ်ပါနဲ့လေ။ ဟိုမှာ အယောင် ယောင်အမှားမှား ဖြစ်ကုန်မယ်။
တသက်လုံးက မစားဘူးက မဇနိကျွေးမှဘဲ စားဘူးတော့တယ် မဆိုးဘူးဘဲ
အစ်မရယ် /ကိုဂီရယ်/ မေမိုးရယ်က တစ်ရပ့်ကွက်ထည်းကထွက်တာ ဆိုတော့ တိုက်ဆိုင်သဗျ။ မစားဘူးကြဘူး ./ ကြည့်ရတာ ရေကျော်ဈေးထဲမှာ မုန်လာဥနီ ရှိပုံမရဘူး။ :P
တို့လဲ မုန်လာဥနီသုပ် မစားဖူးဘူး။ ဒါပေမဲ့ မုန်လာဥဆို မကြိုက်တော့ အတော်ပဲ။ ကိုယ်မကြိုက်တာချည်း နိနိ လုပ်စားပါစေ။ ဒါမှ မြင်သာမြင်ရ မကြင်ရတဲ့ဘ၀ကို ဖြေသိမ့်နိုင်မှာ။ :)
မုန်လာဥနီ မကြိုက်ဘူးဆိုရင် . ဒါဆို မိုးချိုသင်း က ယုန်မဟုတ်ဘူးပေါ့။ အမှန်ပြောရရင် တို့လဲ မကြိုက်ဘူး။ နိစားလို့သာ ကပ်စားမှာ။
နိကလေး..
တို့ လဲ တစ်ခါတစ်ခါ သုပ်စားဖြစ်တယ်...
မုန်လာဥအဖြူ ဆိုရင်တော့ ရှာလကာရည်နဲ့  တစ်မနက်လောက် စိမ်ပြီး သုပ်စားတယ်..
ဒါပေမယ့် သိပ်အများကြီး မစားနဲ့ နော်...
ရင်ပြည့်ပြီး ခေါင်းနောက်တတ်တယ်...။
Post a Comment