ခါဝဿန်
>> Tuesday, June 3, 2008
ခါဝဿန်
ကောင်းကင်မှာ
ရင်ကွဲနာကျနေတဲ့အသူရာက
သူတစ်ယောက်ထဲမပြီး
အစွဲကြီးသူတွေကိုဝေမျှ
မိုးမှောင်ခဏခဏချနေရဲ့။ ။
သစ်ရွက်တွေက
စိုလက်လန်းဆန်း
မိုးရေဖျန်းတော့လေ။ ။
ပွင့်ချပ်တွေကြွေ
ပွင့်ပျိုတွေကတော့
မိုးရေကိုကျိန်ဆိုသလို
ပိုးစားခံရတဲ့ပန်းပွင့်ကလည်း
နေရောင်ခြည်ကိုပဲ ကြိုလင့်နေတယ်။ ။
ထွန်ချလို့ရပြီမို့
နွားတစ်ရှဉ်းနဲ့
ယာခင်းပျော်သူတွေဟာ
သိန်းတံသီချင်းကိုဆိုညည်းရင်း
အသီးရိပ်သိမ်းချိန်ရဲ့
(ခပ်မှိန်မှိန်အနာဂတ်ကို)
မျက်ခြေဖြတ်ထားလိုက်တယ်။ ။
တရားစခန်းဆီက
ပီသတဲ့နာရီသံကလည်း
ဖြစ်ပျက်
ဖြစ်...ပျက်.လို့
မိုးရေစက်သံတွေကြား
မှန်မှန်ဖြတ်သွားနေပါတယ်။ ။။
8 comments:
~~ဂျိုး...ဂျိမ်းသံမာန်တင်းပါလို့ အသူရာ သိကြားမင်းနဲ့ စစ်ခင်းကာပြိုင်ကြသည်~~~
ဒီကဗျာလေးအရမ်းကြိုက်တယ် မမေအောင်...
ဒီမှာလဲဒီနှစ်တော့ မိုးကေင်းနေတယ်။ ခုတောင်ရွာနေတုန်းပဲ။
ခါဝဿန် မှာ ဟိုအကောင်တွေလဲ ပျော်မြူးကြတယ်... ဖားပြုတ်ကိုပြောတာ... အလွန်ကောင်းတဲ့ ကဗျာလေးပါပဲဗျာ...
မမေအောင်..
ဘာသီချင်းတုန်း...
အနာဂတ်ကို မျက်ခြေဖြတ်ဆိုပဲ..
(ဆေးကောင်းရင် သုံးရအောင် သီချင်းလေးပါ ရေးတင်လိုက်ပြီးရော။)
ဒီမှာလည်း အနာဂတ်ကို မျက်ခြေဖြတ်ချင်သူ ခပ်များများရယ်။
အခုတော့လည်း မိုးမှောင်ထဲမှာ နေသားကျနေပါပြီ။
ခပ်မှိန်မှိန်အနာဂတ်ကိုပဲ ရည်မှန်းပြီး လျှောက်လှမ်းမိတယ်။ အစွဲအလန်းကြီးသူဆိုတော
့ မျက်ခြေမဖြတ်နိုင်ဘူးအမရေ။
မိုးမှောင်မှောင်ဒီကာလမှာ ဘယ်ဆီကိုလဲတော့မသိဘူး လွမ်းတယ်အမရယ်။ အားမတန်မာန်လျှော့ပြီး အဝေးကနေပဲ မျှော်မှန်း၊ ခပ်ဖျော့ဖျော့အနာဂတ်ကို အားကိုးတကြီးလှမ်းနေအုံးမယ်။
comments တွေကကဗျာထက်ကဗျာပိုဆန်သွားလို့
ကြည်နူးမိပါတယ်။
ကဗျာလေးကကောင်းလိုက်တာဗျာ
လွှမ်းတယ် လွှမ်းတယ် ဘာကိုလွှမ်းလို့လွှမ်းမှန်းကို မသိတော့ပါဘူးဗျာ
ခုဆို ရွာမှာက သိန်းတန်တို့ ၊ ထွန်းရင်တို့ မိုနိုသမားတွေ ခေတ်မစားတော့ဘူးထင်ပ မမေအောင်ရေ ။့  စိုင်းစိုင်းတို့ ဘာဘူတို့ အသံတွေ လယ်ထဲမှာ ကြားကြားနေရ ပြီ။ ငယ်ငယ်တုံးက ကျောင်းဆင်းချိန်၊နွားကျောင်းချိန်တွေကို လွမ်းသဗျာ ။
ကျွန်မတို့ရွာမှာတော့အဲဒီ ရို့...ရို့ဆိုတာလေးတွေက
မလေးရှားကိုထွက်ဖို့ဆိုပြီးရှိတဲ့ယာတွေအနုခံ (၃နှစ်ရောင်း)ထားခဲ့တော့ကျန်ခဲ့တဲ့အဖေ၊အစ်ကိုတွေပဲသူတို့ဆိုတတ်တဲ့သီချင်းကိုဆိုရင်းကိုယ့်ယာကိုတစ်ဝက်စားနဲ့ထွန်ငှားလိုက်နေရတာ ကိုတာတူးရေ။
Post a Comment