ချစ်အပ်သော တို့မြေယာ

>> Tuesday, June 16, 2009

နေကြာတစ်မှုံ ၊ ဂျုံနှံတစ်အာ
ဤယာဝိုးဝင်း ၊ထိုယာတွင်း။

နေကြာဝါ၀င်း ၊ ဂျုံနံ့သင်းနှင့်
ယာခင်းသာစွ ၊မုံအာကြ။

ပြောင်းကတစ်ဖူး ၊ လူးကတစ်နှံ
မြေယံလဲ့စိမ်း ၊ပြာနွဲ့ရှိန်းသည်
လေသိမ်းလှုပ်က ၊ယိမ်းသမ။
နဘူးတစ်ချုံ ၊ ဆူးတစ်ချုံမှာ
ယာတစ်ကွက်ခြား ၊ နှစ်ကွက်ခြားလျင်
ပိုင်းခြားကန့်ကန့် ၊ ယာကိုသန့်။

ကန်စွန်းကြီးရုံ၊ ချင်းယားရုံလည်း
ဟိုရုံသည်ရုံ ၊ ယာစပ်ရုံကာ
ခိုလှုံယာငွေ့ ၊ ရင်ခွင်မွေ့။

ယာတစ်ကွက်တွင်
ဗူးပင်တစ်အုံ
သီးမျိုးစုံ ။

ယာတစ်ကွက် ၌
ပဲစိုက်တိုင်ထောင် ၊ သီးမျိုးအောင် ။

ယာတစ်ကွက် ထဲ
ဖရဲ ဖရုံ
ကင်းပုံ သခွား ၊ သီးမျိုးထွား။

ဤမြေဤယာ၊
ဘယ်သူ့ ယာ......
ဤယာဤမြေ ၊
ဘယ်သူ့မြေ.......
တို့မြေတို့ယာ...တို့မြေသာတည့်။

တို့ယာမြေကြော ၊ စာရေပေါလည်း
တို့တောဘ၀ ၊ ယာအလှကို
တို့က မေ့ပြီ ဆိုမှဖြင့်.......။

ယာမေ့ ရွာမေ့ ၊ မြို့ကိုမေ့
မြို့မေ့နယ်မေ့ ၊တိုင်းကိုမေ့ကာ
ပြည်မေ့ ထိုကျိုး ၊အဖြစ်ဆိုး
အမျိုးဘယ်မှာ ၊ခိုင်တော့အံ့ ......။ ။

မေအောင်

Read more...

ပျို့တောလား

>> Sunday, June 14, 2009

ဘလော့စာမျက်နှာတွေကို ရအောင် မဖမ်းယူနိုင်သည့် ကျွန်မ၏ မကျွမ်းကျင်သော
အင်တာနက်အသုံးပြုပုံ…………
အချိန်များများတွင် အာရုံစိုက်ရသော ကျွန်မ၏ အလုပ်တာဝန်တို့ကြောင့်….
အရင်က အင်တာနက်မှ တဆင့် အိုးဝေ အိုးဝေမှတဆင့် ကျွန်မသွားခဲ့ဖူးသော
ရသ၊ဗဟုသုတပေးရာ…..များစွာသော ဘလော့စာမျက်နှာတို့ကို မြင်ယောင်တိုင်း
ပြန်မရနိုင်သေးသော အိပ်မက်ချိုတို့အတွက် ကျွန်မပူလောင်ခံစားရ၏။
ဘယ်သူတွေ ဘာတွေးရေးနေမလဲ?
ဖတ်ချင်စိတ်က မခံနိုင်အောင် နှိပ်စက်တတ်၏။
လက်တွေ့မှာ ကိုယ်ရေးသော စာမျက်နှာကိုပင် မြင်ခွင့်မရ။
သွားနေကြ ဘလော့များတွင်လည်း E mail မှတစ်ဆင့် ဖတ်လိုကြောင်းမချိတ်ခဲ့ရ။
နောင်တတွေ ရနေမိ၏။
ဒီစာရေးရင်း ကျွန်မ၏ moonbright2007@gmail.com သို့ ကျွန်မအား
ဖတ်စေချင်သော ဘလော့ပို့စ် များပို့ပေးရန် အိုးဝေ၏မိတ်ဆွေဘလော့ဂါများကို
လေးစားစွာတောင်းဆိုချင်ပါသည်။
ကျွန်မ ရေးဖြစ်သော စာများကိုလည်း ညီမလေးမှတဆင့် အိုးဝေတွင် ဆက်လက်တင်သွားပါမည်။
အဖိုးတန်စာပေလင်္ကာ ရတနာများ ဖြန့်ဝေနိုင်ပါစေ…
မေအောင်

ပျို့  တောလား

ပျိုတစ်မေ့
လျှိုအကွေ့
မှိုတွေ့ရင် နှုတ်ရအောင်….။

မိုးတစ်ဖြိုက်
ရိုးတစ်ဝိုက်
ဆိုးမိုက်တဲ့ ဆူးတွေရှောင်..။

မှိုမရလည်း
ကိုယ်ကတော့ မပူပေါင်
တောချောင်မှာ ချုံစဉ်ကူး…။

ကန်စွန်း ဆူးပုတ်နဲ့
ကျီးအာနွယ် တစ်ဆုပ်နှစ်ဆုပ်..
မိုးချုပ်လို့ ပြန်ချိန်နီးလာတော့
သီးကင်းပုံ ဗုံလုံခါးကိုလ
ဝါးတံချူ အားကူလို့
နားမပူ ……
စားသူမွေ့စေဖို့
တွေ့သမျှ ခူး ။ ။

မေအောင်

Read more...

ပန်းမြတ်မဉ္စူ

ဒီအိုးဝေကို လာဖတ်ကြသောအပေါင်းအသင်းများအားလုံး မင်္ဂလာပါ။ ဒီအိုးဝေမှာ ကဗျာတွေချည်းဖတ်နေရတာငြီးငွေ့နေမှာစိုးတဲ့အတွက် ခံစားမှုရသ၀တ္ထုတိုလေးတစ်ပုဒ်ကိုတတ်နိုင်သလောက် ကြိုးကြိုးစားစားရေးဖွဲ့တင်ပြလိုက်ပါတယ်ရှင်...
ဝတ္ထုတစ်ပုဒ်လုံးကိုတခါထဲတင်လိုက်ရင်
စာလာဖတ်သူအတွက်အချိန်အဆင်မပြေမှာစိုးသည့်အတွက်
နဲနဲစီတင်ပြပါရစေ...
အချိန်ယူပြီးလာဖတ်ကြတဲ့အတွက်
အားလုံးကို ကျေးဇူးတင်ပါတယ်...
ခိုင်ခင်အင်ကြင်း

'' ပန်းမြတ်မဉ္စူ ''


ယမုံနာပေါင်းလောင်းစစ်တောင်းမြစ်ရစ်ခွေစီးဆင်းနေသော နဒီမြစ်ဝှမ်းတွင် အလွမ်းရတုဘုရင် မင်းနတ်သျှင် စိုးမိုးပိုင်သခဲ့ဖူးသည့် ကေတုမတီမြို့သည်သဇင်ဝေ၏ဇာတိမြို့။
အခြေအနေအရဇာတိမြို့တွင်အလျဉ်းသင့်သလိုအလုပ်ဝင်ခဲ့ရာ အကျဉ်းဦးစီးဌာန၌တာဝန်ထမ်းဆောင်နေရင်းမှ အဝေးသင်ဖြေပြီးနောက်၊ နှစ်မကြာမီတောင်လေးလုံးသို့ပြောင်းရွှေ့ခဲ့ရ၍၊ အဝေးမှလွမ်းတိုင်းဇာတိမြေသို့ ခွင့်ယူကာ ခဏခဏမပြန်နိုင်သည့်တိုင်အောင်၊သဇင်ဝေကတနှစ်တခါပြန်ဖြစ်အောင်ပြန်သည်။
ဖြစ်နိုင်ရင် တနှစ်တွင်နှစ်ခါလောက်ပြန်မှ၊အလွမ်းသက်သာမှာဖြစ်ပေမယ့် သည်းခံနေရလေသည်။
သဇင်ဝေ၌လွမ်းစရာတို့များလှပါ၏၊အစ်ကိုနှင့်မောင်ငယ်လည်း အဝေးတွင်တာဝန်ကိုယ်စီဖြစ်ပြီး၊နာတာရှည်ဖြစ်လာသူဖခင်အား စောင့်ကြည့်ပြုစုနေရလျက်..သူတကာထက်အကြင်နာပိုသူမိခင်ကြီးစောင့်စားနေရာမြို့၊ထီးမွေနန်းမွေအဖြစ် ကြွင်းကျန်ရစ်သည့်ကျုံးလေးတန်ထဲမှ တစ်တန်သာပဲမြစိမ်းရောင်ရေကြည်တို့အခါမလပ်ပြည့်လျှမ်းလျက် ညှင်းလေပြေသုတ်ဖြူးနေတတ်သောကျုံးကလေး၊ အဲဒီကျုံးကလေးအနီးမှာကြီးပြင်းနေထိုင်ခဲ့လေရာဖြစ်သည့်အတွက
်ကျောင်းနေစဉ်ဘ၀တလျှောက်နဲ့
ဝာာဝန်ကိုထမ်းဆောင်ချိန်တိုင်၊
ကျုံးကလေးရဲ့သုံးဘက်သုံးတန်ရှင်းလင်းနေသောလမ်းဖြူးဖြူးလေးများမှ
ဖြတ်သန်းသွားတိုင်းအလိုလိုပျော်မွေ့မှုများခံစားရရင်း သဘာဝရဲ့သာယာမှုများအပေါ်အမှတ်ထင်ထင
်ရင်ထဲဝင်တတ်စပြုတဲ့အရွယ်ကစတင်လို့ စိတ်ကူးထဲကကျုံးကလေးကိုမြရည်နန္ဒာဆိုပြီး အမည်ပေးခဲ့လေတော့ကျုံးကလေးကလဲကျေနပ်ပီတိဖြစ်နေဘိအလား လျှောက်လှမ်းသွားစဉ်တွေမှာ မြစိမ်းရောင်ပိုမိုလဲ့နေသလိုမြင်ရသောကျုံးကလေး မြရည်နန္ဒာ၊
ပြီးတော့ ကေတုမတီရတုမြေ၌ကျောင်းတော်ကြီးတွေအမှတ်စဉ်များစွာ၊သူ့အလှ၊
သူ့ပသာဒရှိကြတဲ့အထဲက အမှတ်စဉ်(၁)၊အ.ထ.ကကျောင်းတော်ကြီးအားဗိသုကာရှင်များစိတ်ကူးယဉ်လျက် ပေါင်းလောင်းမြစ်နဒီ စစ်တောင်းမြစ်အကွေ့ကမ်းနဖူးထိပ်မှာမှ တမင်ရွေးချယ်တည်ဆောက်ခဲ့လေသည့်အလား ဥတုသုံးလီတွင်သုံးပန်လှရှုခင်းတွေနဲ့သာယာကြည်နူးဖွယ်မြင်ခဲ့ရလေသူတိုင်း ပြန်လည်မြင်ယောင်လွမ်းဆွတ်စေမယ့် ကျောင်းတော်ကြီး၊
ဒါတင်မက နှစ်များစွာရဲ့နေ့ရက်တို့တွင်မနက်ကညနေအထိ၊
တနေ့လုံးလိုဘ၀ခရီးကိုလျှောက်လှမ်းနိုင်မယ့် ပညာများအား တဆင့်စီမြှင့်တင်ပေးဝေခဲ့လေသူ
ဆရာဆရာမများနှင့်ကျောင်းတော်ကြီးရှိ ပင်မအဆောင်ကြီးသုံးဆောင်အပါအ၀င် အဆောက်အအုံငယ်လေးများထဲ၌တလှည့်စီရောက်ခါတမိုးတယံထဲအောက်တွင် အခြေခံနှင့်အဆင့်မြင့်ဘာသာရပ်အစုံစုံတို့ အတူသင်ယူနေထိုင်ခဲ့ကြသည်ကြောင့် သဇင်ဝေလိုတွယ်တာတတ်သူများအဖို့ မည်သည့်ပြိုင်ဘက်မှမဟုတ်ဘဲ၊မောင်နှမညီမများသဖွယ်တူသည့်သူငယ်ချင်းများ။
သို့တစေလည်း ကိုယ်စီဘ၀အကြောင်းများအရ သူငယ်ချင်းအတော်များများကိုမတွေ့တော့၊ ဇာတိမြို့ကပြောင်းရွှေ့များသူများအပြင် မိဘများအလုပ်တာဝန်ကျ၍နှစ်အနည်းငယ်နေထိုင်ပြီး၊ အခြားတာဝန်ကျရာမြို့များသို့လိုက်ပါသွားရသူသူငယ်ချင်းများရှိရာ၊ တတန်းတည်းနေကာတခင်တမင်ရှိခဲ့သောသူငယ်ချင်းများကိုလဲ ရံဖန်ရံခါသတိရနေမိသည်။
ဆက်ရန်...

Read more...

လွတ်ခွင့်ရည်သန်

သံသရာနှောင်အတွင်းမှာလ၊
ဝပ်စင်းလို့လွမ်းစိတ်ကြွယ်၊
အားငယ်သမို့တရားတွယ်ကာ၊
ရုန်းဖယ်မယ်စိတ်ကူး။
သနစ်ထူးဖြစ်ထွေထွေကို၊
ဝဋ်တွေသာဖြေဖို့ရည်စူး။
နတ်လူသခင့်တရားရှင်တွင်၊
နေ့စဉ်ပင်မျှော်ဖူး၊
ဆွမ်းဦးနှင့်ရေချမ်းတင်၊
အေးစွဘ၀င်။
ဒုက္ခဘုံလောကီအကွေ့မှာတော့၊
ယောဂီဓလေ့ခုံမင်မည်၊
ကုသိုလ်တွေဖွေရှာပြုနေလျက်၊
ဘယ်ကံကွက်ကြေကွဲစေသည်၊
ဖြေမဆည်သေစေညွှန်းသည်သို့၊
ဘ၀င်ကျွမ်းနာကြွေ။
ပန်းဖွက်သူ့ဝင်္ကဘာဗွေနယ်၊
ရှောင်သွေဖယ်နေအုံးမည်ကွဲ့လေး။

ခိုင်ခင်အင်ကြင်း

Read more...

ဒီရေလှိုင်းပဲ့တင်သံ

မဟာ...
အော်...သမုဒ္ဒရာတို့၊
ခြားအောင်။
ဝေးကွာသွားတဲ့၊
ဘ၀။
ယိုးမယ်ဖွဲ့သမျှ၊
ကြမ္မာကို။
မျက်ရည်ခံထိုးရင်း၊
ချောက်ချား။
ဘ၀င်ကြွေအသဲ၊
နဲ့သာ။
ရင်စည်းရင်းဘဲခံ၊
လွမ်းတယ်။
ချစ်သူမောင်တပါး၊
နားထောင်။
လှိုင်းဂယက်တွေတောင်၊
ရှိုက်နေ။

ခိုင်ခင်အင်ကြင်း

Read more...

OVER CONFIDENCE

>> Thursday, May 14, 2009

တွေးတတ်တဲ့ ဦးနှောက်မှာ
ဖျောက်မရသရွေ့...
မေ့ မတတ်နိုင် ။
လွမ်းတတ်တဲ့ နှလုံသားမှာ
ချန်ထားခဲ့သရွေ့...
မေ့ မတတ်နိုင် ။
တွယ်တာတဲ့ အချစ်
အမြစ်မပြတ်သရွေ့...
မေ့ မတတ်နိုင် ။
တွေးတတ်တဲ့ ဦးနှောက်
လွမ်းတတ်တဲ့ နှလုံသား
တွယ်တာတဲ့ အချစ်
ဒီသုံးရစ်နဲ့(လွန်ပူတစ်ချောင်း.... လို)
ကို့ နှလုံးသားအတွင်း
အရင်းထိလှိုက်စားပစ်မယ်။
မေအောင်

Read more...

ကွေကွင်းရက်

>> Friday, March 27, 2009

နှုတ်ဆက်ကြစဉ်၊ ဝေ့ရွှန်းမျက်ရည်၊
အလွမ်းတွေကို၊ မောင့်ရင်ထဲထိ
မငြိစေချင်၊ မျက်ဝန်းဖယ်လွှဲ၊
မကြည့်ဘဲနေ၊ နှုတ်လဲတိတ်ဆိတ်၊
ကြိတ်မှိတ်နင့်နဲ၊ ရင်ထဲဘဲငို၊
ပြိုသွားခဲ့ရ၊ အိပ်မက်လှများ၊
သယ်ယူသွားရင်း၊ လှိုင်းနဲ့လေပြေ
ကြာတွေရနံ့၊ သင်းပျံ့ဆွတ်ကြင်၊
ကန်ရေပြင်ထိပ်၊ မှုန်မှေးမှိတ်ပေါ့၊
ဆောင်းလဆည်းဆာပုံရိပ်များ ။ ။
ခိုင်ခင်အင်ကြင်း


Read more...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP