အချစ်=အချစ်

>> Monday, July 16, 2007

အချစ်=အချစ်
လမ်းပြကြယ်အဖြစ်တင်စားရင်း...
ကိုယ့်ရှေ့ကနေဦးဆောင်ဖို့
ငါဟာခေါင်းငုံ့လို့ အလျှော့ပေးခဲ့ပေမယ့်လည်း
မင်းငြင်းဆန်ခဲ့တယ်... ကို....
ဆူးခင်းတဲ့လမ်းတို့
ငါ့လမ်းငါဖေါက်ရင်း
မင်းရဲ့ဖ၀ါးတို့ ဆူးမထိစေဖို့
ငါလမ်းပြခဲ့ပေမယ့်လည်း
မင်းငြင်းပယ်ခဲ့တယ်..... ကို....
အတ္တကြီးခဲ့သူ ငါတစ်ယောက်
ငါ့အတ္တတို့ ခ၀ါချ
မင်းရှေ့မှောက်ငါခေါင်းငုံ့ခဲ့ပေမယ့်လဲ
ကိုရေ.... ငါမင်းကို နားလည်ချင်ပြီကွာ....
နိုင်းနဒီ

0 comments:

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP