မော်စကိုသို့ပေးစာ

>> Tuesday, February 19, 2008

ပီဆာကျယ်တို့ မအားရပုံများ ယားတဲ့နေရာတောင် နောက်အားမှကုတ်ရအောင် ထုံးတို့ထားရလိမ့်မယ်။ မနက်ဖယ်ရီမှီဖို့ အစောကြီးထပြေးရ၊ ညမိုးချုပ်မှအိမ်ပြန်၊ နောက်နေ့အတွက် သင်ခန်းစာပြင်ဆင်ရနဲ့ လေဒီပီဆာကျယ်ဆီတောင် အခစားမှန်မှန်မ၀င်အားဘူး။ ဘလော့မှာ ရေးမယ်ရေးမယ်နဲ့ မရေးအားခဲ့ဘူး။ ဟိုပြေး ဒီပြေး ရွာဆော်ကြီးခွေးလို ကျောင်းနှစ် ကျောင်းကူးပြီးစာသင်နေရတယ်။ ညီဆရာတွေရဲ့ စူးရှပြောင်မြောက်တဲ့ ပို့ (စ)လေးတွေဖတ်ပြီး ကျေနပ်နေရတယ်။ ရန်ကုန်မှာ ပူနေပေမဲ့ မြို့တော်မော်စကိုမှာ အေးကောင်းတုန်းနေမှာပေါ့။ ညီဆရာတို့ရဲ့သုတေသနပြုလုပ်ချက်တွေကို ကွန်ဖရန့်(စ)တွေမှာ အောင်မြင်စွာ တင်ပြနိုင်ခဲ့ကြတာလည်း အဝေးကနေ ဂုဏ်ယူကျေနပ် အားပေးနေမိပါတယ်။ အမိမြေကဝေးကွာပြီး ဘယ်လိုမှအံဝင်ဂွင်ကျ မဖြစ်နိုင်တဲ့ ရာသီဥတု၊ လူမှုအဖွဲ့အစည်း ကြားမှာ ကျားကုတ်ကျားခဲ ပညာသင်ကြားနေရတာကို ကိုယ်ချင်းစာမိပါတယ်။ သင်ကြားတတ်မြောက်လာတဲ့ ပညာရပ်တွေကို အမိမြေက ပညာငတ်မွတ်နေတဲ့ ကလေးတွေကို ပညာဆီမီး ထွန်းညှိပေးနိုင်ဖို့ ပြင်ဆင်လာခဲ့ကြနော်။ ပညာမြင့်မှလူမျိုးမြင့်မယ်၊ ဘာညာ စကားလုံးအကြီးကြီးတွေ မပြောချင်ပေမဲ့ တတ်ထားတဲ့ပညာ ဖြန့်ဖြူးပေးနိုင်တဲ့ ဆရာကောင်း၊သမာားကောင်းတွေ အများကြီး တို့ဆီမှာလိုနေသေးတယ်ဆိုတာ ညီဆရာတို့ကို ပြောချင်တယ်။

ဆရာဇနိပြောသလို ဒီဘလော့လေးက အချင်းချင်း ရေးကြပြောကြ တဲ့ဘော်ဒါတွေဆုံဆည်းရာလေးပါ။ အပေါင်းအသင်းအားလုံး အားတဲ့အချိန်မှာ ဖတ်နိုင်အောင် အီးမေးကနေမပို့တော့ပဲ ဘလော့ကနေ ရေးလိုက်ရတာကို အခြားလာရောက်အားပေးကြတဲ့ ဧည့်သည်တော်များနားလည်နိုင်ပါစေလို့ တောင်းပန်ပါရစေ။ ဆရာရွက်ဝါရေ ဆရာလုပ်ကျွေးတဲ့ ငှက်ပျောသီးကို မီးဖုတ်ပြီး နွားနို့နဲ့ရောစားရတာကို သတိရကျေးဇူးတင်နေပါတယ်။ ကိုလုံးတို့၊ မောင်ဖြူတို့၊ ကိုမြင်းတို့ ( ဘလော့နစ်(ခ)ကိုမမှတ်မိတာ ခွင့်လွှတ်နော်၊ ပီဆာကျယ်က offline နဲ့ အိမ်ကရေးနေရလို့ပါ) ပြန်လာရင် ဗေါ့(ဒ)ကာ ယူခဲ့နော်။ ဆရာ NA ကတော့ ဘိုင်ဘိုင်စုရုအော့ ရှိတဲအိမတ်(ရှ)တ လုပ်သွားပြီထင်တယ်။ ဘလော့ကို ခြေဦးလှည့်မလာတော့ဘူး။ မဇနိရော နိဟွန်းမှာစာတွေ အတော်ပိနေရောပေါ့။ “အိဆုဒဲမော့ မခဲနိုင်းဒဲ ခူဒါဇိုက်။ ဂန်ဘတ်တဲ့”။
ဇန်န၀ါရီလက မန္တလေး၊ တောင်သမန်အင်း၊ မေမြို့သွားခဲ့တဲ့ပုံတွေ ဘော်ဒါတွေအမှတ်တရ ဖြစ်စေဖို့ တင်ပေးလိုက်တယ်နော်။ ဒီဂျစ်တယ်ကင်မရာ ရမှပဲ လုလုချန်တို့ သွားရေယိုသွားအောင် ပီဆာာကျယ် တစ်ကိုယ်တည်း၊ လူပျိုကြီး ချက်စားတဲ့ဟင်းတွေကို “Pisarkyae Can Cook” အစီအစဉ် ဘလော့မှာ တင်ဦးမယ်လို့ တင်ကြို ဘွတ်ကင်လုပ်လိုက်တယ်နော်။
ရွှင်လန်းချမ်းမြေ့ပါစေ။
ပီဆာကျယ်





2 comments:

Anonymous February 20, 2008 at 2:31 PM  

အိုနိအိစန်.....
အိုဟိဇရှိဘုရိနယ်....
အိမ အတရရှိအိ အိအဲ စဂရှိတဲ့အီမ.....
မအိနိချိ တိုင်းဟန်းနယ်....
ဒဲ့မို...ဂမ်ဘရိမ(စ်)...
နိဟိန်းဒဲ့ အိဆုမို မွန်းဒိုင်းက
အရု...ဒခါရ...တိုင်းဟန်းဒသို့...အိုမိုရိမ(စ်)
အသိုဒဲ့...မြန်းမားနော့ရောရိကို ....တဘဲတိုင်း
ဇဲဟိ...ဒိဂျိတဲရု ကမဲရဒဲ့ ရှိရရှင်းကို သို့တဲ့ခုဒစိုင်း... မြန်းမားနော့အိုအိရှိအိ ရောရိကို မိတိုင်း..
ဂျ...မတနယ်...

Anonymous February 26, 2008 at 3:25 AM  

cpa si ba
cpa si ba.

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP