ကြားဖူးနားဝ ရီစရာများ(၈)

>> Tuesday, February 5, 2008



ကြားဖူးတဲ့နောက်ဟာသတခုကိုပြောပြချင်ပါသေးတယ်။ ရွာတရွာက လူတတ်ကြီးလုပ်တဲ့ လူတစ်ယောက်က မြို့ကိုရောက်တော့၊ ဖုန်းဆက်သတဲ့။ လမ်းဘေးကပီစီအိုဖုန်းတွေဖြစ်မှာပေါ့။ ဖုန်းကဆက်တတ်တာလည်း ဟုတ်ဖူးရယ် မြင်ဖူး၊ကြားဖူးယုံပဲရှိတာ။ ဖုန်းကို စကားပြောခွက်နဲ့၊ နားထောင်တဲ့ခွက်ကို ပြောင်းပြန်ကြီးကိုင်ပြီး
- ဟ လို ဟ လို - ဆိုပြီးလုပ်နေသတဲ့။
ဘေးက ဖြတ်သွားတဲ့တစ်ယောက်ကလည်း မနေနိုင်တော့
- အကိုကြီး ပြောင်းပြန်ကြီးဖြစ်နေတယ်။
သူကလည်း ဘယ်ရမလဲ ချက်ဖြင်းပြန်ပြောလိုက်တာပေါ့။ ငါသိပါတယ်ကွဆိုပြီး ဖုန်းခွက်ကိုကိုင်ပြီး ပြောလိုက်တာက -
- လဟို လဟို -တဲ့။


0 comments:

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP