ကြားဖူးနားဝ ရီစရာများ(၅)
>> Tuesday, February 12, 2008
ဟိုစဉ်အခါက ရှမ်းဘုန်းကြီးတစ်ပါး ကျေးတောရွာတစ်ရွာသို့ ကြွလာတဲ့အခါ ဒီရွာနေလူတွေ စကားပြောကြပုံကို သုံးနှုန်းကြပုံကို အသေအချာလေ့လာမိတယ်။ ဒီမှာဒကာကြီး ချောင်းရိုးရဲ့ဟိုဘက် ကမ်းစပ်ကသောင်ပြင် ဘယ့်နှယ်ခေါ်သလဲ ဒကာ။ မှန်ပါဘုရား….ချောင်းရိုးရဲ့ဟိုဘက် ကမ်းစပ်ကသောင်ပြင် လတာပြင်ခေါ်ပါ့ ဘုရား။ ဒီမယ် ဒကာ ချောင်းရိုးဟိုဘက်ကမ်းမှာ အပင်တွေ အများကြီးစုလို့ပေါက်နေ….ဘယ်လိုခေါ်လဲကွဲ့။ မှန်ပါ ဘုရား အဲဒါ လမုတောပါ…တကယ်ပဲ အများကြီးပေါက်လို့နေပါတယ် ဘုရား။ ထိုစဉ်အခါ ချောင်းရိုးမှာ ခွေးသေကောင် မျောလို့ပါလာတယ်။ ဟောဟို ခွေးသေကောင်ပေါ်က အသားစားတဲ့ငှက်ကြီး ဘယ့်နှယ်ခေါ်သလဲ ဒကာ။ မှန်ပါ့ဘုရား…ခွေးသေကောင်ပေါ်က အသားစားတဲ့ငှက်ကြီး လဒ ကြီးပါ ဘုရား။ ထိုအခါ ဘုန်းဘုန်းက ဒီလိုတွေးမိတယ် `ဒီရွာနေလူတွေ စကားပြောကြရင် `လ` ဆိုတဲ့ အက္ခရာရှေ့ထားကာ တကယ်ပဲ သုံးနှုန်းတတ်ကြတယ်`… ထိုစဉ်အခါ ဘုန်းဘုန်းမှာ ဆွမ်းစားချိန်နီလို့လာပီပေါ့။ ဆွမ်းစားချန်တန်တော့ ဘုန်းဘုန်းက ဒကာတွေကို ဒီလိုမိန့်လိုက်ပါတယ်….´ဒီမှာ လဒကာ လမွန်းတည့်တော့မယ် လကွာ… လဆွမ်းကပ်တော့လေ လကွာ…လဒကာကြီးရာ´
0 comments:
Post a Comment