စိတ်ခြေရာ
>> Monday, February 18, 2008
အပြင်မှာ
နှင်းသိမ်းကားတွေရဲ့အသံ
ဆူညံနေတယ်….။
အခန်းထဲမှာတော့
မသန့်ရှင်းတဲ့အတွေးတွေက
မီးခိုးငွေ့လိုအမှောင်တိုက်
လှောင်အိုက်လို့ပေါ့။
သီချင်းက
ထမနဲပွဲလည်း
နွှဲကြသည်…..တဲ့။
ပြီးရင်
မောင်မလာရှောင်ကာထွက်တော့
ဆယ့်နှစ်လရာသီ
ရှိပြီမောင်ရဲ့လို့
မမြ၀င်းက လွမ်းပြဦးမယ်။
ဘ၀ဟာ
ရှင်းရခက်တဲ့ချည်မျှင်တစ်ထုံးလို
သုံးလို့မှရပါတော့မလား…။
ကံကိုယိုးမယ်ဖွဲ့
သိမ်းခဲ့တဲ့
နှင်းဆီစက္ကူပန်းပွင့်
ဝေးဝေးကြီးလွှင့်ပစ်လဲ
ပွင့်ချပ်တွေကမကြွေ
အသက်ဝင်နေဆဲရယ်။
နှင်းသိမ်းကားတွေရဲ့အသံ
ဆူညံနေတယ်….။
အခန်းထဲမှာတော့
မသန့်ရှင်းတဲ့အတွေးတွေက
မီးခိုးငွေ့လိုအမှောင်တိုက်
လှောင်အိုက်လို့ပေါ့။
သီချင်းက
ထမနဲပွဲလည်း
နွှဲကြသည်…..တဲ့။
ပြီးရင်
မောင်မလာရှောင်ကာထွက်တော့
ဆယ့်နှစ်လရာသီ
ရှိပြီမောင်ရဲ့လို့
မမြ၀င်းက လွမ်းပြဦးမယ်။
ဘ၀ဟာ
ရှင်းရခက်တဲ့ချည်မျှင်တစ်ထုံးလို
သုံးလို့မှရပါတော့မလား…။
ကံကိုယိုးမယ်ဖွဲ့
သိမ်းခဲ့တဲ့
နှင်းဆီစက္ကူပန်းပွင့်
ဝေးဝေးကြီးလွှင့်ပစ်လဲ
ပွင့်ချပ်တွေကမကြွေ
အသက်ဝင်နေဆဲရယ်။
မွန်းအိန်ဂျယ်လ်
1 comments:
မမွန်းအိမ်ဂျယ်လ် ရေ….ဖြူသီက ‘ အချစ်ရေ…အချစ်ရေ…လို့တကြော်ကြော်ခေါ်ရက်နဲ့များ ’ လို့မလုပ်တော့ဘူးလား..
Post a Comment