>> Sunday, January 11, 2009

...... အကွေ့ ......

အပြုံးတစ်ပွင့်နဲ့
မှန်ထဲကမိန်းမ
အဆိပ်ခွက်တွေမျိုချ
မိုးလင်းခဲ့တဲ့ ညတွေ။

ဆောင်းပါဆိုကွယ်
မိုးစက်တွေ ပြိုတော့
အအေးပေါင်းခ…။

ဟို အရင်
ဟို … ကမ ၻာ
ဟိုးတစ္ခါက ဘဝ
အခါခါပြန်ရချင်ပေမဲ့
နှင်းဆီဆူးတွေပေါ်လျှောက်
ပျောက်သောလမ်းမှာ
(သူမ လဲ) စမ်း တ ဝါး ။

…အဆိပ်ငွေ့နဲ့
အိပ်မွေ့ မချရင်
သူမ
ဒီည မိုးလင်းနိုင်ပါ့မလား။

10 comments:

tg.nwai January 12, 2009 at 7:10 AM  

ကဗျာလေး လာဖတ်သွားပါတယ်..

Welcome January 13, 2009 at 2:40 PM  

သင်ယူသွားကြောင်းပါ

Sonata Cantata January 14, 2009 at 8:43 AM  

ခြေဖျားတွေ အေးလိုက်တာ...
အသည်းလေး နွေးနေသေးလို့ တော်သေး...
ဦးနှောက်တွေကတော့ သွေ့ခြောက်နေတာ ကြာပေါ့။

(အဟီး ဆိုင်လားတော့ မသိဘူး။ ကဗျာကို လိုက်မမှီလို့ ရေးမိရေးရာ ရေးလိုက်ပါသည်။)

Anonymous January 14, 2009 at 8:15 PM  

ကဗျာလေးက လှတယ်ဗျ..

RePublic January 15, 2009 at 4:13 AM  

မိုးလင်းပီ ..ထတော့ ထတော့ ၊၊ လာနိုးသွားပါတယ် ခင်ဗျ၊၊ မင်္ဂလာပါ ၊၊

မသက်ဇင် January 20, 2009 at 4:19 PM  

အခုမှရောက်ဘူးတယ်---
စာတွေဖတ်သွားတယ်--
နောက်တခေါက်လာလည်ဖို့ လင့်ထားလိုက်တယ်--

:P January 28, 2009 at 9:53 AM  

ပျော်အောင်နေ၊ ပျော်အောင်အိပ်ပါ...။

နှင်းပွင့်ဖြူ February 1, 2009 at 1:37 PM  

အပြုံးတစ်ပွင့်နဲ့
မှန်ထဲကမိန်းမ
အဆိပ်ခွက်တွေမျိုချ
မိုးလင်းခဲ့တဲ့ ညတွေ။ .........
တယ်လန်းပါလားးး.. ရေးထားတာလေးက ...
မိုးလင်းတော့ခက်တာကျလို့ ပြန်အိပ်

Apprenticeship February 1, 2009 at 9:16 PM  

ဟိ မပူပါနဲ့ သန်ခေါင်းပြီးရင် အာရုံဦးလာစမြဲပဲ :)

happyquake March 1, 2009 at 3:18 PM  

မမေအောင်ကတော့ “အကွေ့”မှာဝေ့လည်လည်ဖြစ်နေပြီထင်ပါ့။ မ/ကို sonata-cantata ဘဲ ဆက်ပြီးလှော်ပေးလိုက်ပါတော့ဗျာ..
(မ/ကို sonata-cantata ၏ comment ကိုသဘောကျလို့ရေးမိပါသည်။ ဗွေမယူပါရန်.....)

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP