>> Friday, February 13, 2009

ထာဝရပြည့်ဖခင်....သို့



  • ဤနေ့ရက်သည်
    ပြည်ထောင်အတွက်
    အသွေး အသက်
    ဝိညဉ်ဆက်ရန်
    ထွန်းထွက်ပေါ်လာ
    ကြင်သတို့သား
    သူမွေးဖွားရာ..ရက်မြတ်သာ....။

  • လူ့လောကဝယ်
    သူ့မှာခဏ
    နေခွင့်ရလည်း
    မမျှဝန်ထမ်း၊ သူ့ကျိုးပမ်းမှု့
    တုမစွမ်းသာ ဂုဏ်ရည်ဖြာခဲ့..။

  • ပြည်ရွာအကျိုး
    သူသယ်ပိုးရင်း..လူမျိုးရှေ့ဆောင်
    ဂုဏ်ရည်ပြောင်ခဲ့..။

  • ပြည်သူ့အသက်
    မေတ္တာလက်ဖြင့်
    သူထွေးဖက်ခဲ့
    ပြည်ထောင်တစ်ခု
    ဖြစ်တည်မှု့ကို
    မမှု့ကိုယ်ကျိုး၊ စွန့်သယ်ပိုးခဲ့..။

  • သူနှင့် သူသာ နှိုင်း စရာဟု
    အောက်မေ့ယုံကြည်
    သူ့ ဂုဏ်ရည်ကို
    ကမ္ဘာတည်သရွေ့
    ဘယ်မမေ့ ။ ။

4 comments:

happyquake February 13, 2009 at 1:45 PM  

Really, really nice to read such a poem on such a particular day.
Good title, Good Idea & Good Writing!!!

Thank you so much, Ma May Aung.

Welcome February 13, 2009 at 3:12 PM  

တန်ဖိုးရှိတဲ့ အမှတ်တရ ကဗျာလေး လာဖတ်ပါတယ်။
သူ့ဂုဏ်ရည်ကိုဖြင့်
ကမ္ဘာတည်သရွှေ့
မမေ့အပ်တာ အမှန်ပါ...

မေ့သမီး February 15, 2009 at 6:47 AM  

သူနဲ့နှိုင်းစရာ တခြားလူမရှိတာအမှန်ပါ။ နောက်ဆုံးအပိုဒ်ကိုအကြိုက်ဆုံးပဲ။

RePublic February 21, 2009 at 11:02 AM  

အလေးလာပြုတာ ၊၊
မkom ဆီမှာ ဘစ်စကားကိုနေရာ စုံကစီးသွားတယ်ဆိုလို့ ၊၊ ခေါင်မိုးပေါ်ရောပါသေးလား မမေအောင် ၊၊ :P

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP