မုန့်ဟင်းခါးနဲ့ ဆလပ်ရွက်သုပ်

>> Saturday, January 3, 2009


တနေ့က အုအဲနိုမှာ စပါးလင်၊ နံနံပင်ဝယ်လာဖြစ်တယ်။ ဒါနဲ့ ဒီနေ့ မုန့်ဟင်းခါးချက်စားတယ်ပေါ့။ စုံစုံလင်လင်ထည့်ပြီး စိတ်ရှည်ရှည်ချက်လို့ ဒီတခါ မုန့်ဟင်းခါး တော်တော်စားကောင်းတယ်။ စပါးလင်ပါတော့ ပိုမွှေးတာလည်း ဖြစ်မယ်။ ပဲကြော်မရှိတော့ ကြက်သားကို ဂျုံမှုန့်နဲ့ကြော်ထားတာ ထည့်စားတယ်။ ဆလပ်ရွက်တွေရှိလို့ ခရမ်းချဉ်သီး၊ မြေပဲဆံ၊ ပဲမှုန့်လေးနဲ့ သုပ်လိုက်သေးတယ်။ အသုပ်လေးစားလိုက် မုန့်ဟင်းခါးလေးသောက်လိုက်ပေါ့။










မဇနိ

11 comments:

Anonymous January 3, 2009 at 4:38 PM  

ဒို့ နံပါတ် one ;)

Anonymous January 3, 2009 at 4:40 PM  

ဆလပ်ရွက် ဆို အရမ်းကြိုက်တာ သုတ်တာတော့ မစားဖူးသေးဘူး မမနိ ဟင်းတွေကြည့်မှ တစ်ခါမှ မစားဖူးတာတွေ စားချင်နေတာပဲ ။

လင်း January 3, 2009 at 5:31 PM  

စားချင်လိုက်တာ

khin oo may January 3, 2009 at 5:32 PM  

you are the best cooker....

PAUK January 3, 2009 at 6:09 PM  

အညာမုနိ့်ဟင်ဒခါးလေးစားချင်လိုက်တာဟယ်...

May Moe January 3, 2009 at 6:39 PM  

မုန့်ဟင်းခါးလေးစားချင်လိုက်တာ ဆလတ်ရွက်သုတ်မစားဘူးသေးဘူး ဂလု ဂလု

RePublic January 4, 2009 at 4:33 AM  

မကွိ .. မနက်မိုးလင်း မုန့်ဟင်းခါးလာစားတာ ၊၊ ဆလတ်ရွှက် တော့စားဘူးတယ် ၊၊ အသုတ်တော့ မစားဖူးဘူး ၊၊ အားလုံး စားမယ် ၊၊ ၃ပွဲပေး ပါ ၊၊

မွန် January 4, 2009 at 4:35 AM  

ကိုကိုနိ မမနိ မွန့်ကိုပေးခဲ့တဲ့ ကောမန့်လေးအတွက် တော်တော်နဲ့အိပ်မရအောင် ပျော်နေတယ်ဆိုတာ ဝန်ခံပါရစေ
မမတို့လို မွန်အရမ်းလေးစားအားကျတဲ့ ဘလော့ဂါတွေက ပထမဆုံးပေးတဲ့ကောမန့်လေးက အားပေးချီးမြှင့်စကားဖြစ်နေတာ ယုံတောင်မယုံပါဘူး အရမ်းကျေးဇူးတင်ပါတယ်ရှင့်
မုန့်ကျွေးချင်ပေမယ့် မမနိကျွေးတာတွေပဲ အငမ်းမရဝါးပြီး ပြန်ပြီ ဟိ

:P January 4, 2009 at 4:53 AM  

Chief Cook ပဲ... အားကျလိုက်တာ။
အဲလို ချက်တတ်ချင်တယ်။

မီယာ January 4, 2009 at 11:45 AM  

ဆလပ်ရွက်သုပ်စားဖို့ စိတ်ကူးနေတယ်။ အားရက်မှာ ကြိုက်တာတွေချက်စားပြီး ကိုယ်ကပိုလေးလာသလိုပဲ နိနိရေ။

nu-san January 5, 2009 at 7:06 AM  

မဇနိရေ.. မုန့်ဟင်းခါးသုပ်လေး လုပ်ပါဦး.. ရုံးပြန်တက်ရတော့ ပျင်းလည်း ပျင်းတယ် ထမင်းလည်း စားမကောင်းဘူးရယ်.. :D

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP