မောင်ဇနိ အိမ်သစ်ထူထောင်ခြင်း

>> Friday, January 9, 2009


အားလုံး မင်္ဂလာပါ။
ကျနော် မောင်ဇနိတစ်ယောက် အိမ်အသစ် ထူထောင်ပြီဖြစ်ကြောင်း အသိပေးပါရစေ။ မယ်ဇနိကတော့ “ရောင်နောက် ဆံထုံးပါ”ပါဆိုတဲ့ စကားအတိုင်း ကျနော့်နောက်ကို တကောက်ကောက် လိုက်လာမှာ ဖြစ်ပါတယ်။ ကျနော်တို့ နှစ်ယောက်ရဲ့ အိမ်အသစ်လေးကို May and Juneလို့ အမည် ပေးထားပါတယ်။ မေနဲ့ဇွန်ဆိုတဲ့ လတွေမှာ သူမနဲ့ ကျနော့်ကို မွေးဖွားခဲ့တာဆိုတော့ အဲဒီလတွေကို အမှတ်တရအဖြစ် ဘလော့ဂ်နာမည်ကို May and Juneလို့ ပေးထားတာပါ။

အိုးဝေဘလော့ဂ်ကို ရှင်သန်အောင် ရေးသားကြတဲ့ အိုးဝေဘလော့ဂ် ကွန်ထရီဗြူတာ သူငယ်ချင်းများကို ကျေးဇူးတင်ကြောင်း ပြောပါရစေ။ သူတို့ကိုလည်း ဆက်လက်ရေးကြပါလို့ တိုက်တွန်းသလို၊ ပရိတ်သတ်များကလည်း ဆက်လက် အားပေးကြပါလို့ ပန်ကြားပါတယ်။ ကျနော်လည်း အိုးဝေဘလော့ဂ်မှာ ဆက်ရှိနေမှာဖြစ်သလို ဆက်လက် အားပေးသူလည်း ဖြစ်နေမှာပါ။

ကျနော်တို့ အိမ်အသစ်လေးဖြစ်တဲ့ May and Juneကိုလည်း အလည်လာဖို့ သူငယ်ချင်းများ အားလုံးကို ဖိတ်ခေါ်ပါတယ်။

ကိုဇနိ


5 comments:

PAUK January 9, 2009 at 6:16 AM  

သွားခဲ့ပြီနော်..
အိမ်လေးက လှတယ်..ဟီဟိ

Thinzar January 9, 2009 at 8:51 AM  

မောင်ဇနိ အိမ်သစ်ထူထောင်တယ်ဆိုတော့ ဘာများလည်းလို့ :D May and June နောက်လည်း လိုက်ပြီး အားပေးနေဦးမှာပါ

nu-san January 11, 2009 at 5:43 AM  

ကိုဇနိက အိမ်သစ်ထူထောင်တယ်ဆိုလို့ ပြေးလာလိုက်ရတာ မောသွားပြီ.. May & June တဲ့.. လှတယ် နာမည်လေးက.. အိမ်သစ်တော့ မရောက်ဖူးသေးဘူး.. အခုပဲ သွားလည်မယ်.. :)

JulyDream February 3, 2009 at 4:17 PM  

May... June ပြီးရင် July ဆိုတော့ ဇနိမောင်နှံက ကျွန်တော်ထက် စီနီယာ ကြီးတာပေါ့ဗျာ။ နောက်ဆို August တို့ September တွေများ ပေါ်လာအုံးမလားပဲ။

pandora February 8, 2009 at 3:09 PM  

မရောက်ခဲ့လို့ မသိခဲ့တာ
အခုတော့ အိမ်သစ်ကို လင့်ခ်ထားလိုက်ပါပြီ

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP