ဒေါင်လိုက်သီအိုရီ

>> Sunday, June 24, 2007

တချို့ကပြောကြတယ်
ဘ၀ဆိုတာမြင်းကျားလိုပဲတဲ့
ပျော်ရွှင်ကြည်နူးမှုအဖြူရောင်အစင်းကြောင်းတွေနဲ့
ဝမ်းနည်းပူဆွေးကြေကွဲမှု အနက်ရောင်အစင်းကြောင်းတွေ
အချိုးမညီစွာပေါင်းစပ်ထားတာ ဘ၀တစ်ခုပေါ့တဲ့။
တကယ်တော့
ဘ၀ဆိုတာ အဖြူအနက်
ဟန်ချက်ညီညီရောယှက်ထားတဲ့
လောကဇာတ်ခုံပေါ်က
ကစားစရာ ကျားကွက်တစ်ခုလိုပါပဲ။
ကံကြမ္မာဆိုးရဲ့ ၀ါးမျိုမှုအောက်
အလူးအလဲရောက်မသွားဖို့ကတော့
စားဖို့ချည်းမြင်ပြီး အကွက်ရွှေ့မမှားကြဖို့ပါပဲ။
သူငယ်ချင်းရေ
မင်းဘ၀ရှေ့လျှောက်
အဖြူရောင်ကွက်တွေသာ
ဒေါင်လိုက်တက်လို့
ဟိုမှာဘက်ဘ၀ကျားခုံရဲ့အဆုံးသတ်မှာ
ဘုရင် သို့မဟုတ်
ဘုရင်မတစ်ယောက်ဖြစ်နိုင်ပါစေလို့။ ။
မောင်ဖြူ

1 comments:

Unknown July 6, 2007 at 7:00 PM  

hay.. It's very good... I like it...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP