ချစ်ချစ်အတွက်စလင်းဘက်
>> Thursday, January 1, 2009
အခုရက်ပိုင်း နေ့တိုင်းနီးပါး ဈေးဝယ်သွားတယ်။ ညရောက်ရင် ပင်ပမ်းလို့ အိပ်လို့နေပေါ့။ ခြေထောက်တွေလည်း ညောင်းလှပြီ။ မောတော့မောတယ်။ ဒါပေမယ့် မမောဘူး။ သိတယ်ဟုတ် ချစ်ချစ်အတွက် စလင်းဘက်သွားဝယ်နေလို့လေ။
ရာသီဥတုက အေးတော့ ဟီတာဖွင့်ရော။ ဟီတာသုံးတာများလို့ အခန်းထဲမှာ ပူခြောက်ကြီးဖြစ်နေပြန်တယ်။ လူက နေလို့ မကောင်းဘူး။ နှာခေါင်းတွေ စပ်လာတာနဲ့ အသက်ရှုမွန်းသလို ဖြစ်တာနဲ့။ အကြောင်းရင်းက အခန်းမှာ ရေငွေ့တွေခြောက်ခန်းကုန်တာ။ ဒါနဲ့ ကိုဇနိအကြံပေးတာက ရေဇလုံတခုတည်ထားဖို့။ ရေဖြန်းပေးဖို့။ ဒါလည်း သိပ်အဆင်မပြေလှဘူး။ နှုတ်ခမ်းတွေခြောက်၊ အသားတွေခြောက်တယ်လို့ အမတစ်ယောက်ကို ပြောပြမိမှ Humidifier သုံးကြည့်ပါလားတဲ့။ မမြင်ဖူးလို့ အင်တာနက်မှာရှာကြည့်တော့ ပုံလေးတွေတွေ့ရော။ ကဲဝယ်အုံးမှနဲ့ လျှောက်ရှာလိုက်တာ တွေ့ပါတယ်။ အရုပ်မျိုးစုံလေးတွေနဲ့ ချစ်စရာတောင်ကောင်းနေသေး။ တကယ်က ဆိုင်တွေမှာ တွေ့နေတာပါ။ အဲဒီပစ္စည်းမှန်း မသိဘူး။ ယန်း ၁၀၀၀ လည်း ဈေးလျှော့ထားတာနဲ့ အရွယ်ကြီးတာ ၀ယ်လာခဲ့တယ်။ ရေအပြည့်ဖြည့်ထားရင် (၁၀) နာရီလောက်ခံမယ်ထင်ပါတယ်။ အခုတော့ အခန်းမှာ နေရတာ အဆင်ပြေသွားပြီ။ အရုပ်လေးကလည်း ချစ်စရာလေး။ ဒါလေးဝယ်လိုက်တော့ ကိုဇနိလည်း နားပူသက်သာရော့မယ်။ မဟုတ်ရင် တချိန်လုံး ညည်းညူနေတာနဲ့။
ကိုဇနိအတွက်လည်း နှစ်သစ်လက်ဆောင်ပို့ပေးရအုံးမယ်။ သူ့ကို နာရီဆင်ပေးချင်တာ ကြာပေါ့။ နာရီကောင်တာနားသွားလိုက်ရင် သောင်းသုံးဆယ်ဝန်းကျင်တွေဆိုတော့ ကြောက်လို့မသွားရဲဘူး။ မသွားဖြစ်တာလည်း ကြာပေါ့။ အခုတော့ သူ့ကိုပေးချင်တာ သတိရတာနဲ့ မျက်စိမှိတ် ဝယ်လာခဲ့တယ်။ Seiko နာရီလေး။ တိုက်တေနီယမ်နဲ့လုပ်ထားတာ ခဲရောင်လေး။ သူကြိုက်မကြိုက်တော့မသိဘူး။ ကျွန်မတော့ ကြိုက်တယ်။ ဆိုင်ကကောင်လေး ပတ်ပြလိုက်တာလည်း လှပါ့။ ယောက်ျားလေးလက်ပတ်နာရီ မိန်းကလေးဝယ်လို့ သူတို့က မေးတောင်မမေးဘူး။ ပါကင်လှလှလေး လုပ်ပေးလိုက်တယ်။ ကိုယ့်အတွက်တော့ အတော်ပဲဖြစ်သွားရော။ နာရီက ဘာဒစ်စကောင့်မှ မရှိဘူး။ လက်ဆောင် စာအုပ်အသေးလေးတခုတော့ ပေးလိုက်တယ်။
သူ့အတွက်နောက်လက်ဆောင်က ကင်မရာ။ ဒါလည်း သူလိုချင်နေတာ သိနေတယ်။ ပိုက်ပိုက်နှမြောလို့ လိုချင်တယ်မပြောဘူး။ ဈေးလည်းမဆိုးပါဘူးဆိုပြီး ဝယ်လာလိုက်တာ။ Sony ကို ဝယ်မလို့လုပ်တော့ အင်္ဂလိပ်ဗားရှင်းက မရှိဘူးတဲ့။ ဒါနဲ့ Canon ကိုပဲ ယူလာလိုက်တယ်။ သူကတော့ လက်ဆော့စရာတခုရလို့ ပျော်နေမယ်ထင်ပါတယ်။ ဒါတွေက နှစ်သစ်အမှီတော့ မရောက်တော့ဘူး။ လလည်လောက်မှ ရောက်အောင်ပို့နိုင်တော့မယ်။ နှစ်သစ်အမှီပို့တဲ့ စားစရာပါဆယ်ကလည်း အမှီမရောက်သွားဘူး။ အခုထိလည်း မရသေးဘူးတဲ့။ အုအဲနိုကို ဈေးဝယ်သွားတဲ့နေ့ကလည်း တိုးလိုက်ရတဲ့လူတွေ။ လက်ကိုင်အိတ်တွေ ဒစ်စကောင့်ချတော့ လူတွေမှ တိုးလို့မပေါက်ဘူး။ ဒစ်စကောင့်ကလည်း ယန်း ၂၈၀၀၀ တန်တွေကို ရောင်းနေတာကိုး။ မိန်းမလက်ကိုင်အိတ်တွေကို ဝယ်ဖို့တိုးနေတာ ဂျပန်အဖိုးကြီးတွေ။ မိန်းမတွေ မတိုးနိုင်ဘူး။ အဲဒီကနေ တရုတ်ဆိုင်တွေဆီရောက်ဖို့ ခြေတလှမ်းချင်းရွေ့နေရတာနဲ့ ဘယ်မှကို မသွားနိုင်ဘူး။ ပဲမှုန့်အစိမ်း၊ စပါးလင်၊ နံနံပင်၊ ပုဇွန်ခြောက်နဲ့ လိုတာလေးတွေဝယ်ပြန်လာတော့ လူက အတော်ပင်ပမ်းနေပေါ့။ မုန့်ဟင်းခါးချက်မလို့ ချက်တဲ့ဆီကို မရောက်နိုင်သေးဘူး။
မဇနိ
8 comments:
ိဆိုင်ကို လေးလိုချင်သား..
ပေါက်လဲ ယောင်္ကျားပတ်လေးတွေကြိုက်တယ်..
(ဟဲဟဲ)
မုန့်ဟင်းခါးလဲစားချင်တယ်..
ဝေး...ကွိကွိ .. ချစ်စရာကောင်းတဲ့ လက်ဆောင်လေးတွေဗျို့ ၊၊ ကိုနိ မနိ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ ၊၊
လှတယ်။ရွေးတတ်လိုက်တာ။
ကိုဇနိ ကံကောင်းတယ်ဗျို့
ကိုနိ ထောပြီဗျိုး :P မမနိကြိုက်ရင်ကိုနိလဲကြိုက်မှာပါ လှတယ်
ဟဲဟဲ..တယ်ဟုတ်ပါလား..ဒါမျိုးလေးတွေ မြင်ရတာ စိတ်ချမ်းသာရပါတယ်..ချစ်စရာလေးတွေ.. ပစ္ဏည်းလေးတွေရော..တယောက်ကို တစ်ယောက် ကရုစိုက်ကြတာတွေကိုရော..။
နာရီလေးလှလိုက်တာ
လက်ဆောင်ဆိုတာ ရတာထက် ပေးရတာက ပိုပျော်ဖို့ကောင်းတယ်တဲ့
ကိုကိုနိထက် မမနိကို ပိုအားကျတယ်
ကြည်နူးစရာလေးတွေ မမနိ က အလိုက်သိလိုက်တာ လွန်ပါရော ကိုနိ တော့ သဘောတွေခွေ့နေလိုက်မယ့်ဖြစ်ချင်း ဟိုအစ်ကိုကြီး ပါစပ်မစိတော့တာ မြင်နေရတယ်နော် သိပ်မရယ်ပြနေနဲ့ နာလိုတာမဟုတ်ဘူးး =)
Post a Comment