>> Thursday, January 1, 2009

နှစ်သစ်ကူးခဲ့ပြန်ပြီ….
နှစ်တစ်နှစ်ကို ပျော်ရွှင်မှု့တွေနဲ့ အစပြုသူတွေရှိသလို….. အကြောင်းအမျိုးမျိုးကြောင့်
အခြားအခြားသောခံစားချက်တွေနဲ့ အစပြုရသူတွေလည်းရှိနေမှာပါ။
ငြိမ်းချမ်းစွာဘဝကို ဖြတ်သန်းသွားချင်ကြတာကတော့ အားလုံးရဲ့  တူညီသောဆန္ဒဖြစ်ပါလိမ့်မယ်။
ဘဝဟာတိုတိုလေးပါလားလို့ အသက်တစ်ရာပြည့်သွားပြီဖြစ်တဲ့ ကျွန်မရဲ့  အဘွားက ဆိုနေတတ်ပါတယ်။
ဒီလိုခံစားချက်တွေနဲ့သာ ဘဝရှည်ရှည်ကို ဆက်လျှောက်ရမယ်ဆိုရင်တော့ ဘယ်လိုအင်အားနဲ့ရှေ့ ဆက်ရပါ့  လို့
အသက်ငယ်ငယ်နဲ့ တာဝန်အကြီးကြီးယူထားရတဲ့ ညီမလေးတစ်ဦးက ငြီးငြူခဲ့တယ်…..
ဘဝရဲ့ အလယ်ခရီးကို ရောက်နေပြီဖြစ်တဲ့ကျွန်မကတော့ လျှောက်ခဲ့ရတဲ့လမ်းတွေကို မေ့သွားပြီဖြစ်သလို
ရှေ့ ဆက်လျှောက်ရမဲ့ဘဝခရီးကိုရော ဘယ်ပုံစံနဲ့ သွားဖြစ်မလဲဆိုတာ ခန့်မှန်းလို့ မတတ်ပြန်ဘူး
ခုတစ်လောမှာတော့ ငြိမ်းချမ်းလွတ်လပ်တဲ့ ဘလော့ဂ်အသိုင်းအဝိုင်းလေးမှာ ပျော်ရွှင်နေပါတယ်…။
အားလုံးသော ဘလော့ဂ်ဂါမောင်နှစ်မများ နှစ်သစ်မှာ စိတ်ကူးသစ်တွေနဲ့ ပျော်ရွှင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

1 comments:

Anonymous January 1, 2009 at 9:40 AM  

ခုတစ်လောမှာတော့ ငြိမ်းချမ်းလွတ်လပ်တဲ့ ဘလော့ဂ်အသိုင်းအဝိုင်းလေးမှာ ပျော်ရွှင်နေပါတယ်…။ ထပ်တူပါပဲဗျို့ အမြဲဆက်လက် ပျော်ရွှင်နိုင်ပါစေလို့ ဘလော့မြင်းကြီးကို စီးပြီးးး ခရီးဆက်ကြတာပေါ့။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP