Mahatma Gandhi Quotes

>> Sunday, January 4, 2009


ဒီနေ့ ဇန်နဝါရီလ(၄)ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ဖြစ်ပါတယ်။ လွတ်လပ်ရေးနေ့မှာ အမှတ်တရလေးတခုခု ရေးချင်စိတ်ပေါ်လာပါတယ်။ ဒီတော့ မဟတ္တမ ဂန္ဒီရဲ့ အဆိုအမိန့်တချို့ကို ရှာဖွေဖတ်ပြီး ဘာသာပြန်ပါဦးမယ်။


Freedom is not worth having if it does not include the freedom to make mistakes.
မှားယွင်းမှုတွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးမထားသေးရင် အဲဒါက လွတ်လပ်တယ် မမည်သေးပါဘူး။

(လူဆိုတာက မှားတတ်တဲ့ အမျိုးပဲ မဟုတ်လား။ သူ့ရဲ့အတွေးအခေါ် အလုပ်အကိုင်တွေက လူအများနဲ့ ဆန့်ကျင်နေပါစေ၊ လူအများကို မထိခိုက်တဲ့ အပြုအမှုမျိုးဆိုရင် သူ့ရဲ့ လွတ်လပ်စွာ မှားပိုင်ခွင့်ကို မထိန်းချုပ်သင့်ပါဘူး။)

Live as if your were to die tomorrow. Learn as if you were to live forever.
သင် မနက်ဖြန်ပဲ သေတော့မလိုလို နေထိုင်ပါ။ ထာဝရပဲ အသက်ရှင်တော့မလိုလို သင်ယူပါ။


Honest disagreement is often a good sign of progress.
ရိုးရိုးသားသား သဘောထားကွဲလွဲခြင်းဟာ များသောအားဖြင့်တော့ တိုးတက်မှုအတွက် ကောင်းသော လက္ခဏာပါ။


Happiness is when what you think, what you say, and what you do are in harmony.
ပျော်ရွှင်မှုဆိုသည်မှာ သင်တွေးတာတွေ၊ သင်ပြောတာတာတွေ၊ သင်လုပ်ကိုင်တာတွေ သဟဇာတဖြစ်နေခြင်းပါ။


Always aim at complete harmony of thought and word and deed. Always aim at purifying your thoughts and everything will be well.
အတွေးအခေါ်၊ အပြောအဆို၊ အလုပ်အကိုင်များကို အလုံးစုံ သဟာဇာတဖြစ်အောင် အမြဲတမ်းအားထုတ်ပါ။ အတွေးတွေကို စင်ကြယ်အောင် အမြဲကြိုးစားပါ။ အရာရာဟာ ကောင်းမွန်လာပါလိမ့်မယ်။


The weak can never forgive. Forgiveness is the attribute of the strong.
စိတ်ဓာတ်ခပ်ပျော့ပျော့ ကောင်တွေက ဘယ်တော့မှ ခွင့်မလွှတ်တတ်။ ခွင့်လွှင့်ခြင်းဆိုသည်မှာ စိတ်ဓာတ်ခိုင်မာသူတွေရဲ့ ပင်ကိုယ်အရည်အချင်းပါ။


Whatever you do will be insignificant, but it is very important that you do it.
သင်လုပ်ကိုင်သမျှဟာ မထင်မရှား ဖြစ်ရင် ဖြစ်နေပါလိမ့်မယ်၊ ဒါပေမယ့် အဲဒီအရာကို သင်လုပ်တယ်ဆိုတာက အလွန် အရေးကြီးပါတယ်။


7 comments:

rhyme January 4, 2009 at 7:12 AM  

What about ' be the change you want to see'?

PAUK January 4, 2009 at 7:33 AM  

မှတ်သားသွားပါတယ်...
လွတ်လပ်ရေးကွင်းကိုသွားလည်ချင်လိုက်တာ..
ဖုန်တွေထဲမှာ..လည်လိုက်..ပတ်လိုက်..စားလိုက်..
ငေးလိုက်..

RePublic January 4, 2009 at 11:31 AM  

ဖတ်မှတ်သွားတယ် ကိုနိ၊၊
ထူးထူးခြားခြားလေးတွေ ကောင်းဒယ်၊၊

မီယာ January 4, 2009 at 11:42 AM  

တို့လည်း နှစ်သက်သော ဂန္ဒီ့အဆိုအမိန့်များ ဆိုပြီး မှတ်ထားတာလေးရှိတယ်။ ကိုဇနိ မှတ်ထား တာလေးတွေနဲ့ ဆို ပိုများသွားပြီ။ ကျေးဇူးပါပဲ။

တားမြစ် ထားသော... January 4, 2009 at 12:00 PM  

Honest disagreement is often a good sign of progress.
**********************
Whatever you do will be insignificant, but it is very important that you do it.


မှတ်သားသွားတယ်ဗျာ။
ပိုစ့်ကောင်းတစ်ခုပါပဲ။

ပျော်ရွှင်အဆင်ပြေပါစေ။

သုခမိန်(E-Journal)

PAUK January 4, 2009 at 4:14 PM  

အမ်..
မမကလဲ...
ကျနော်လဲမှတ်သားသွားပါတယ်..
``သင် မနက်ဖြန်ပဲ သေတော့မလိုလို နေထိုင်ပါ။။
ထာဝရပဲ အသက်ရှင်တော့မလိုလို သင်ယူပါ။။´´
ဒါပေမယ့်လည်း..
လွတ်လပ်ရေးလို့ဆိုလိုက်တာနဲ့...
လွတ်လပ်ရေးပွဲကိုလည်တာ အရင်ဆုံး
ပြေးသတိရတာပဲ...ဟီးး

Anonymous January 5, 2009 at 7:58 AM  

ကိုနိ ဝေမျှပေးတာ ကျေးဇူး မှတ်သားလောက်စရာ စကားလေးတွေ အတွက် ။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP