>> Friday, February 13, 2009
ထာဝရပြည့်ဖခင်....သို့
ပြည်ထောင်အတွက်
အသွေး အသက်
ဝိညဉ်ဆက်ရန်
ထွန်းထွက်ပေါ်လာ
ကြင်သတို့သား
သူမွေးဖွားရာ..ရက်မြတ်သာ....။
သူ့မှာခဏ
နေခွင့်ရလည်း
မမျှဝန်ထမ်း၊ သူ့ကျိုးပမ်းမှု့
တုမစွမ်းသာ ဂုဏ်ရည်ဖြာခဲ့..။
သူသယ်ပိုးရင်း..လူမျိုးရှေ့ဆောင်
ဂုဏ်ရည်ပြောင်ခဲ့..။
မေတ္တာလက်ဖြင့်
သူထွေးဖက်ခဲ့
ပြည်ထောင်တစ်ခု
ဖြစ်တည်မှု့ကို
မမှု့ကိုယ်ကျိုး၊ စွန့်သယ်ပိုးခဲ့..။
အောက်မေ့ယုံကြည်
သူ့ ဂုဏ်ရည်ကို
ကမ္ဘာတည်သရွေ့
ဘယ်မမေ့ ။ ။
4 comments:
Really, really nice to read such a poem on such a particular day.
Good title, Good Idea & Good Writing!!!
Thank you so much, Ma May Aung.
တန်ဖိုးရှိတဲ့ အမှတ်တရ ကဗျာလေး လာဖတ်ပါတယ်။
သူ့ဂုဏ်ရည်ကိုဖြင့်
ကမ္ဘာတည်သရွှေ့
မမေ့အပ်တာ အမှန်ပါ...
သူနဲ့နှိုင်းစရာ တခြားလူမရှိတာအမှန်ပါ။ နောက်ဆုံးအပိုဒ်ကိုအကြိုက်ဆုံးပဲ။
အလေးလာပြုတာ ၊၊
မkom ဆီမှာ ဘစ်စကားကိုနေရာ စုံကစီးသွားတယ်ဆိုလို့ ၊၊ ခေါင်မိုးပေါ်ရောပါသေးလား မမေအောင် ၊၊ :P
Post a Comment