အင်အားမဲ့အလွမ်း

>> Saturday, July 4, 2009

စက္ကူတရွက်ကို၊
နောက်ကျောဘက်
လှန်သလို၊
ငြိတွယ်စေသောနေ့နဲ့၊
လွမ်းစေသောနေ့တို့
နီးကပ်လွန်းတယ်။
ကြိုမမြင်နိုင်တဲ့၊
ကြမ္မာကို၊
အရှုံးပေးရန်မှတပါး၊
ကျွန်မ၌မည်သည့်အင်အားမျှ၊
မရှိပါ"မောင်"၊
ဆုတောင်းခက်၊
ရေစက်များမမီမကမ်းမို့၊
တသက်သက်တမ်းတကာ၊
ဖြေမဆည်နိုင်တော့၊
ကြေကွဲသည်အမျှ၊
လိမ်ပြာငယ်လှတယ်။

ခိုင်ခင်အင်ကြင်း

0 comments:

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP