ပန်းမြတ်မဉ္စူ
>> Sunday, June 14, 2009
ဒီအိုးဝေကို လာဖတ်ကြသောအပေါင်းအသင်းများအားလုံး မင်္ဂလာပါ။ ဒီအိုးဝေမှာ ကဗျာတွေချည်းဖတ်နေရတာငြီးငွေ့နေမှာစိုးတဲ့အတွက် ခံစားမှုရသ၀တ္ထုတိုလေးတစ်ပုဒ်ကိုတတ်နိုင်သလောက် ကြိုးကြိုးစားစားရေးဖွဲ့တင်ပြလိုက်ပါတယ်ရှင်...
ဝတ္ထုတစ်ပုဒ်လုံးကိုတခါထဲတင်လိုက်ရင်
စာလာဖတ်သူအတွက်အချိန်အဆင်မပြေမှာစိုးသည့်အတွက်
နဲနဲစီတင်ပြပါရစေ...
အချိန်ယူပြီးလာဖတ်ကြတဲ့အတွက်အားလုံးကို ကျေးဇူးတင်ပါတယ်...
ယမုံနာပေါင်းလောင်းစစ်တောင်းမြစ်ရစ်ခွေစီးဆင်းနေသော နဒီမြစ်ဝှမ်းတွင် အလွမ်းရတုဘုရင် မင်းနတ်သျှင် စိုးမိုးပိုင်သခဲ့ဖူးသည့် ကေတုမတီမြို့သည်သဇင်ဝေ၏ဇာတိမြို့။
အခြေအနေအရဇာတိမြို့တွင်အလျဉ်းသင့်သလိုအလုပ်ဝင်ခဲ့ရာ အကျဉ်းဦးစီးဌာန၌တာဝန်ထမ်းဆောင်နေရင်းမှ အဝေးသင်ဖြေပြီးနောက်၊ နှစ်မကြာမီတောင်လေးလုံးသို့ပြောင်းရွှေ့ခဲ့ရ၍၊ အဝေးမှလွမ်းတိုင်းဇာတိမြေသို့ ခွင့်ယူကာ ခဏခဏမပြန်နိုင်သည့်တိုင်အောင်၊သဇင်ဝေကတနှစ်တခါပြန်ဖြစ်အောင်ပြန်သည်။
ဖြစ်နိုင်ရင် တနှစ်တွင်နှစ်ခါလောက်ပြန်မှ၊အလွမ်းသက်သာမှာဖြစ်ပေမယ့် သည်းခံနေရလေသည်။
သဇင်ဝေ၌လွမ်းစရာတို့များလှပါ၏၊အစ်ကိုနှင့်မောင်ငယ်လည်း အဝေးတွင်တာဝန်ကိုယ်စီဖြစ်ပြီး၊နာတာရှည်ဖြစ်လာသူဖခင်အား စောင့်ကြည့်ပြုစုနေရလျက်..သူတကာထက်အကြင်နာပိုသူမိခင်ကြီးစောင့်စားနေရာမြို့၊ထီးမွေနန်းမွေအဖြစ် ကြွင်းကျန်ရစ်သည့်ကျုံးလေးတန်ထဲမှ တစ်တန်သာပဲမြစိမ်းရောင်ရေကြည်တို့အခါမလပ်ပြည့်လျှမ်းလျက် ညှင်းလေပြေသုတ်ဖြူးနေတတ်သောကျုံးကလေး၊ အဲဒီကျုံးကလေးအနီးမှာကြီးပြင်းနေထိုင်ခဲ့လေရာဖြစ်သည့်အတွက
်ကျောင်းနေစဉ်ဘ၀တလျှောက်နဲ့
ဝာာဝန်ကိုထမ်းဆောင်ချိန်တိုင်၊
ကျုံးကလေးရဲ့သုံးဘက်သုံးတန်ရှင်းလင်းနေသောလမ်းဖြူးဖြူးလေးများမှ
ဖြတ်သန်းသွားတိုင်းအလိုလိုပျော်မွေ့မှုများခံစားရရင်း သဘာဝရဲ့သာယာမှုများအပေါ်အမှတ်ထင်ထင
်ရင်ထဲဝင်တတ်စပြုတဲ့အရွယ်ကစတင်လို့ စိတ်ကူးထဲကကျုံးကလေးကိုမြရည်နန္ဒာဆိုပြီး အမည်ပေးခဲ့လေတော့ကျုံးကလေးကလဲကျေနပ်ပီတိဖြစ်နေဘိအလား လျှောက်လှမ်းသွားစဉ်တွေမှာ မြစိမ်းရောင်ပိုမိုလဲ့နေသလိုမြင်ရသောကျုံးကလေး မြရည်နန္ဒာ၊
ပြီးတော့ ကေတုမတီရတုမြေ၌ကျောင်းတော်ကြီးတွေအမှတ်စဉ်များစွာ၊သူ့အလှ၊
သူ့ပသာဒရှိကြတဲ့အထဲက အမှတ်စဉ်(၁)၊အ.ထ.ကကျောင်းတော်ကြီးအားဗိသုကာရှင်များစိတ်ကူးယဉ်လျက် ပေါင်းလောင်းမြစ်နဒီ စစ်တောင်းမြစ်အကွေ့ကမ်းနဖူးထိပ်မှာမှ တမင်ရွေးချယ်တည်ဆောက်ခဲ့လေသည့်အလား ဥတုသုံးလီတွင်သုံးပန်လှရှုခင်းတွေနဲ့သာယာကြည်နူးဖွယ်မြင်ခဲ့ရလေသူတိုင်း ပြန်လည်မြင်ယောင်လွမ်းဆွတ်စေမယ့် ကျောင်းတော်ကြီး၊
ဒါတင်မက နှစ်များစွာရဲ့နေ့ရက်တို့တွင်မနက်ကညနေအထိ၊
တနေ့လုံးလိုဘ၀ခရီးကိုလျှောက်လှမ်းနိုင်မယ့် ပညာများအား တဆင့်စီမြှင့်တင်ပေးဝေခဲ့လေသူ
ဆရာဆရာမများနှင့်ကျောင်းတော်ကြီးရှိ ပင်မအဆောင်ကြီးသုံးဆောင်အပါအ၀င် အဆောက်အအုံငယ်လေးများထဲ၌တလှည့်စီရောက်ခါတမိုးတယံထဲအောက်တွင် အခြေခံနှင့်အဆင့်မြင့်ဘာသာရပ်အစုံစုံတို့ အတူသင်ယူနေထိုင်ခဲ့ကြသည်ကြောင့် သဇင်ဝေလိုတွယ်တာတတ်သူများအဖို့ မည်သည့်ပြိုင်ဘက်မှမဟုတ်ဘဲ၊မောင်နှမညီမများသဖွယ်တူသည့်သူငယ်ချင်းများ။
သို့တစေလည်း ကိုယ်စီဘ၀အကြောင်းများအရ သူငယ်ချင်းအတော်များများကိုမတွေ့တော့၊ ဇာတိမြို့ကပြောင်းရွှေ့များသူများအပြင် မိဘများအလုပ်တာဝန်ကျ၍နှစ်အနည်းငယ်နေထိုင်ပြီး၊ အခြားတာဝန်ကျရာမြို့များသို့လိုက်ပါသွားရသူသူငယ်ချင်းများရှိရာ၊ တတန်းတည်းနေကာတခင်တမင်ရှိခဲ့သောသူငယ်ချင်းများကိုလဲ ရံဖန်ရံခါသတိရနေမိသည်။
ဆက်ရန်...

ခိုင်ခင်အင်ကြင်း
'' ပန်းမြတ်မဉ္စူ ''

0 comments:
Post a Comment