စစ်အေးတိုက်ပွဲ ဆင်နွှဲကာနေ…

>> Thursday, January 17, 2008


အစတုန်းကတော့ မပြောတော့ဘူးနေတာ။ သည်းခံနေတာ၊ 'အ'တယ်လို့ အထင်ခံရမှာစိုးလို့။ ဒီမှာလာပြောပြတာ။ လူမှုရေးလည်း နားမလည်ဘူး။ လေးခါတောင်ဗျာ။ လွန်လွန်းတယ်။ ဒီလို၊ သူငယ်ချင်းတယောက့်အကို မင်္ဂလာဆောင်မှာ ရိုက်ထားတဲ့ ဗွီဒီယိုအခွေရလို့ ကျနော်က ကြည့်နေတာ။ မင်္ဂလာဆောင်ကို အားကျသလိုလိုဖြစ်လိုက်၊ ပြီး ကိုယ့်မှာ ယူစရာမရှိလို့ အားငယ်သလိုလိုဖြစ်လိုက် ဖြစ်နေတာ၊ သူကငြိမ်ငြိမ်မကြည့်ဘူး။ ဗွီဒီယိုအခွေထဲက ဟိုရေခဲမုန့်လေးကွာ စားချင်လိုက်တာတဲ့။ မျက်စောင်းတချက်ထိုးကြည့်တယ် နားမလည်ဘူး။ ဟာ ခွံ့ကျွေးနေတယ်တဲ့။ ဆက်ပြောတယ်။ အဟမ်း၊အဟမ်းလို့လုပ်တာ မရဘူး။ ငါ့အလှည့်ကျတော့လည်း ခွံ့ကျွေးမှာတဲ့။ ခက်တော့တာပဲ။ ရည်းစားလေးတစ်ယောက်ရသွားတာနဲ့ ရူးကြောင်ကြောင်ကိုဖြစ်နေတာ။ ဟေ့ကောင် သိပ်မရူးနဲ့ကွာ၊ ငါ့လိုရည်းစားအများကြီးထားခဲ့ဖူးရင် မင်းဘယ်လိုနေမလဲ- လို့စိတ်ထဲကလှမ်းပြောလိုက်တယ်။ မရဘူး၊ တဟီးဟီးနဲ့ ။ မျက်လုံးကြီးကလည်း အရည်တွေရွှမ်းနေတာပဲ။ အရောင်တွေကို လက်နေတာ။ သဘောတွေကျ၊ ကြည့်ရင်းနဲ့ စိတ်ကူးတွေကို ပိုက်ဆံမပေးရတိုင်ယဉ်ပစ်လိုက်တာနေမှာပေါ့။ ဟန်းနီးမွန်းပါတစ်ခါတည်း ထွက်လိုက်သေးတယ်ထင်တယ်။ ကျုပ်ကလည်း ငွေဆောင်မှာ ဒီကောင် ရေကူးရင် ရေနစ်ပါစေဗျာ-လို့ သောက်မြင်ကပ်လို့ ဆုတောင်းလိုက်သေးတယ်။ ဒီကောင်ရေမကူးတတ်တာ ကျနော်သိတယ်။ ဟေ့ မင်္ဂလာဆောင်လာတဲ့သူတွေကလည်း အ၀တ်အစားအသစ်တွေဝတ်လာတာဆိုတော့ ထိုးထိုးထောင်ထောင်နဲ့ ကြည့်မကောင်းဘူးကွာ၊ ဆိုပြီး ပြောတာ အောက်သံ တချက်ပါတွဲထွက်လာတယ်။ အော် သတိလက်လွတ်ဖြစ်သွားတာနေမယ်ပေါ့။ မသိချင်ယောင်ဆောင်နေလိုက်တယ်။ သူက ဒီလောက်ကြီး လေဖောနေမှတော့ ကိုယ်လည်း လိုက်ဖောလိုက်ဦးမယ်ဆိုပြီး အေးကွာ ဆိုပြီး ပြောတာပေါ့။ ဟေ့ဟေ့ ဟိုမှာ ငါတို့ကောင်ကြီးဆိုပြီး နောက်တလုံကပ်ပါလာတယ်။ ဒီကောင်လွန်လွန်းပြီ။ သည်းမခံဘူးကွာ။ ငါ့အကြောင်းသိရမယ်ဆိုပြီး ရှာကြံစု၊ ကြိုးစားပြီးအောင့်ထားလိုက်တယ်။ ဒီတခါတော့ကိုယ်ကစပြီး- ဟာ ဟာ တို့ကောင်ကြီးကလည်းဝလို့၊ သူ့ကောင်မလေးကတော့ ပိုလှနေတယ်ကွလို့ ဦးအောင်ပြောပြီး စုထားတဲ့ တလုံးမသိမသာလွှတ်လိုက်တယ်။ အမယ် ကိုယ်တော့ချောက ဖော်လိုလိုက်တာများ မင်းကလည်း သူ့ကောင်မလေးက အရင်တုန်းကတည်းက အချောစားပါဟ ဆိုပြီး၊ မင်းလည်းဆော်တာပဲ အားမနာတော့ဘူးကွာ၊ ငါလည်း လွှတ်သကွာဆိုပြီးတော့များလား မသိဘူး၊ အောက်သံတချက်ပါအဖော်ထည့်ပေးလိုက်တယ်။ ကျနော်လည်း မနေနိုင်တော့ တံခါးလေးထဖွင့်၊ တီဗွီနဲ့ခပ်လှမ်းလှမ်းကကုလားထိုင်လေးပေါ်သွားထိုင်နေရတယ်။ ဒါကိုမရဘူး ခဏနေတော့ ဟေ့ မောင်ဖြူရ လာပါဟ၊ တစ်ယောက်တည်းကြည့်ရတာ ပျင်းလွန်းလို့ပါ လို့ခေါ်တော့ သွားထိုင်ပါတယ်။ အခွေပြီးကြည့်ပြီးတော့ တစ်နေ့နေ့တော့ ငါ့အလှည့်ပေါ့ကွာ၊ သူငယ်ချင်းတွေကို အကုန်စုံအောင်ဖိတ်ဦးမှာဆိုပြီ နှုတ်ဆက်ဘူလေးနဲထွက်သွားတယ်ဗျာ။
ဇာတ်လမ်းက ဒါပါပဲဗျာ။ သူလေးချက်ဆော်တာကို ကျနော်တချက်နဲ့ ပြန်သတိပေးတာ မသိသလိုလုပ်ပြီးနေလို့ ဒီကနေသတိပေးတာပါ။ မောင်လုံး မင်းကိုနောက်နေ့ကျ ငါလေးချက်ပြန်ဆော်မှာ။ အခုကုလားပဲတွေ ရေစိမ်ထားတယ်။ နောက်နေ့ မင်းတော့ နာပြီသာမှတ်။

4 comments:

Anonymous January 17, 2008 at 12:40 AM  

အဟီး… ကိုဇနိရဲ့နားကတော်တော် ပါးတာပဲ…

Anonymous January 17, 2008 at 1:13 AM  

မောင်ဖြူနဲ့မောင်လုံးက ပါးစပ်နဲ့တင်မကဘူး။ အဲဒီလိုတစ်ဘူဘူ နဲ့လည်း စကားပြောတတ်ကြတယ်ဗျ။ တစ်ခါတစ်လေ သူတို့အခန်းကို အလည်ရောက်နေရင်တောင် သူတို့ချင်းပစ်တဲ့ဗုံးဒဏ်ကို ကြားလူးက ခေါင်းမူအောင်ခံရတတ်တယ်။

Anonymous January 20, 2008 at 8:40 AM  

အဟားးး ရယ်ရတယ်ဗျ ။ သူတို့အခန်းနားနေရသူတွေကိုတော့ သနားပါတယ် ။

NSA September 4, 2008 at 8:56 AM  

ဟယ်...
တော်လိုက်တာဟယ်....
အီးပေါက်တဲ့အကြောင်းတောင်
စာတစ်ပုဒ်ဖြစ်အောင်ရေးတတ်တယ်....

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP