ဘယ်သူ့ကို ထုချင်ကြလဲ။

>> Sunday, November 11, 2007



ဒီအရုပ်ပုံလေးက domino effect animation လေးပါ။ ဒီမှာပဲ upload လုပ်တာ အရုပ်ကလေးက မလှုပ်လို့ ပုံကိုကလစ်နှိပ်ပြီး နောက် ၀င်းဒိုးတစ်ခုမှာကြည့်ရင်လည်း ဖြစ်ပါတယ်။ ကိုယ့်စက်ပေါ်မှာ save လုပ်ပြီးမှ ကြည့်ရင်လည်းကြည့်ပါ။ ကလေးလေးကိုတော့ တကယ်က တူနဲ့မထုချင်ပါဘူး။ ထုချင်တဲ့လူကို စိတ်ကူးထဲမှာထည့်ပြီး တူနဲ့အားရပါရထုတာကို ကြည့်ကြပါတော့။

Read more...

မျက်မှန်

လယ်သမားအဖိုးအိုတစ်ယောက် ရှိတယ်။ ငယ်ငယ်တုန်းကနေ အခုအချိန်ထိ အတန်းပညာကို မလေ့လာခဲ့၊ မဆည်းဘူးခဲ့တော့ စာမဖတ်တတ်ဘူး။ တစ်နေ့တော့ စစ်တပ်မှာတာဝန်ထမ်းဆောင်နေတဲ့ သားတော်မောင်ဆီက စာတစ်စောင်ရောက်လာတယ်။ အဖိုးအိုက စဉ်းစားတယ်… အင်း… ရွာမှာရှိတဲ့ စာတတ်ပေတတ် ကျေးလက်ဆရာဝန်ဆီကိုသွားပြီး ဒီစာကိုဖတ်ခိုင်းမယ်… ဒီလိုနဲ့ဆရာဝန်ကြီးဆီကိုသွားတယ်ပေါ့။ ဆရာဝန်ကြီးက သူ့မျက်မှန်ကိုတပ်ပြီး အဖိုးအိုရဲ့စာကို အလျှင်အမြန်ဖတ်ပြလိုက်တယ်။ အဲဒီမှာတင် အဖိုးအိုတစ်ယောက် တော်တော်အံ့သြသွားတယ်။ ဆရာဝန်ကြီးရဲ့ မျက်မှန်က တော်တော်ထူးဆန်းတာပဲ… စာတွေကိုဖတ်တတ်အောင်လုပ်ပေးနိုင်တယ်လို့ အဖိုးအိုက ထင်တာပေါ့။ ဒါနဲ့ အဖိုးအိုလည်း မြို့ကိုရောက်တုန်း မျက်မှန်တစ်လက်ဝယ်မယ်ဆိုပြီး မျက်မှန်ရောင်းတဲ့ဆိုင်ကိုဝင်တာပေါ့။ ဆိုင်က အရောင်းစာရေးကို မျက်မှန်တစ်လက်ပေးဖို့ပြောလိုက်တယ်။ အရောင်းစာရေးကလည်း အဖိုးအိုနဲ့သင့်တော်မဲ့ မျက်မှန်အမျိုးမျိုးကို ပြတယ်။ အဖိုးအိုလည်း မျက်မှန်အကုန်လုံးကို တပ်ကြည့်ပါတယ်။ ဒါပေမဲ့ အဖိုးအို သူကြိုက်တဲ့ မျက်မှန်ကို ရှာမတွေ့ဘူးဖြစ်နေတယ်။ အရောင်းစာရေးလည်း စိတ်မရှည်နိုင်တော့တာနဲ့ အဖိုးအိုကို…
“ခင်ဗျား စာမဖတ်တတ်ဘူးလား” မေးလိုက်တယ်။
အဖိုးအို အဲဒီမေးခွန်းကိုကြားလိုက်ရတော့ အတော်အံ့အားသင့်သွားပြီး ပြန်ပြောလိုက်တာကတော့
“ဟုတ်တယ်ကွ… ငါကစာမဖတ်တတ်ဘူး… တကယ်လို့စာဖတ်တတ်မယ်ဆိုရင် မင်းတို့ဆိုင်ကိုဘယ်လာမလဲကွ… မျက်မှန်ဝယ်ဖို့ ပိုက်ဆံအပိုမသုံးဘူးပေါ့ကွာ”…

Read more...

~:D)

>> Saturday, November 10, 2007





Read more...

ကျိန်စာ

>> Monday, November 5, 2007

မင်းလည်းသိ ငါလည်းသိ
ဒါကိုပဲ ကျိန်စာတွေမိနေသလိုမျိုး
ပြောမရ အန်မရ ခက်လှပါလားကွယ်။

ရိုးသားလှတဲ့ ဖြစ်စဉ်
ကလိမ့်စေ့ ငြမ်းဆင်တာ တစ်ခုမှလည်း မပါဘူး
မင့်နားမှာပေါက် ပြောလို့မခက်ရအောင်
မင့်ခံရတဲ့ ကျိန်စာပြေပါတော့လားကွယ်။

အနိုင်အရှုံးရှိလိုတဲ့ ကစားပွဲဆိုလည်း
ရိုးသားတဲ့ စည်းကမ်းတွေထားဖို့လိုတာပေါ့။

မဖက်ပြိုင်လိုသူတွေကိုမှ အလဲထိုး
တစ်ဖက်သတ်ကျိန်စာသင့်ပွဲတွေပေါ့။

ဒိုင်လူကြီးမရှိ
ဥပဒေမရှိ
စည်းမရှိ
ဘာမျှမရှိ အားလုံးနတ္ထိ။

ကျဆုံးလိုက်ကြစမ်း
ကျဆုံးလိုက်ကြစမ်းပါ
ရှုံးနိမ့်သူတို့အောင်ပွဲဆိုတာတွေကို
နှောင်းလူတွေ အက္ခရာတင်ရအောင်
ကျိန်စာတွေကို ဖယ်ရှားလိုက်ကြ။

ကျိန်စာတွေကို အသုံးချ
လိုတရ သဘောနဲ့
အောင်ပွဲ အောင်ပွဲလို့
ထပ်ခါတလဲလဲ ပြောနေပေမယ့်
အရာမထင်ခဲ့တာ စဉ်းစားစရာပါ။

ဒါကြောင့်
အောင်ပွဲဆိုတာ လက်တကမ်း
အမိအရ ဖမ်းနိုင်ဖို့
တို့တစ်တွေ ညီညွတ်စွာ
ကျိန်စာတွေကို တိုက်ဖျက်ကြစို့လား။

ဇနိ၊မောင်ဖြူ၊ကိုလုံး

Read more...

လွမ်းအိပ်မက်

လေလှိုင်းထဲကအိပ်မက်
မပျောက်ပြယ်ခဲ့ပါဘူး ကောင်မလေးရယ်…။
အနေဝေး ခဲ့ကြပေမယ့် အချိန်တိုင်း
တွေးမိနေတာက မင်းရဲ့အကြောင်းတွေပါ…။
ဟိုတစ်ချိန်က ပြောခဲ့တဲ့ စကာလေးတွေ
ပြန်လည်ကြားယောင်ရင်း အလွမ်းစိတ်ကို ဖြေသိမ့်ခဲ့တယ်…။
ဒါပေမယ့် အဲဒီအလွမ်းတွေကတော့
မင်းရဲ့အမည်နာမကို တမ်းတမ်းတတ ရေရွတ်နေတယ်…။
မင်းနဲ့ဝေးသွားတဲ့ ငါ့ရင်ထဲမှာ ဆက်တိုက်ဆိုသလို
အလွမ်းမီးတွေ လောင်မြိုက်ခဲ့တာပါ…။
လေတွေတိုက်ခဲ့တဲ့ မှောင်မိုက်တဲ့ညတွေထဲမှာ
ငါတစ်ယောက်ထဲ အထီးကျန် လမ်းပျောက်ခဲ့ရတော့
မင်းနဲ့ချစ်နေဖို့ ရင်ထဲမှာ မျှော်လင့်နေမိနေပြီ…။

ပီတာမောင်လုံး

Read more...

ဒိုင်ယာရီ (သို့) ဒဏ္ဌာရီ

>> Saturday, November 3, 2007


- အားလပ်ရက်များထဲမှ ဖဲ့ထုတ်ယူငင်သွားခဲ့သောအချိန်များ
- ညဥ့်နက်သန်းခေါင်ယံများထဲမှ အိပ်မက်ကမ္ဘာထိတိုင် လွှမ်းမိုးအနိုင်ယူသွားခဲ့သော ကျူးကျော်မှုများ
- အပျင်းပြေဝါးထွေးခဲ့သောကွမ်းယာများအား အသည်းနှလုံးပုံချိုချဉ်များနှင့် အစားထိုးခံခဲ့ရမှုများ
- အဝင်မှာခါး၍ မြိုချလျင်မူးတတ်သော်လည်း၊ အပေါင်းအသင်းစုံလျင်သောက်ဖြစ်ခဲ့သော ယမကာများအား၊ စတစ်ကာရောင်စုံအနားသတ်အချိုဗူးများဖြင့် သွေးဆောင်ဖျားယောင်းခဲ့မှုများ
- ရေမွှေးနံ့မပြယ်သေးသည့် ပန်းနုရောင်ပို့စ်ကဒ်များပေါ်မှ၊ တန်ဖိုးစုံတံဆိပ်ခေါင်းများ
- ဟောင်းနွမ်းရိယော်နေပြီဖြစ်သော်လည်း၊ အချိန်နှင့်ရက်စွဲကို အတိအကျမှတ်ပေးထားသော ရုပ်ရှင်လက်မှတ်များ
- အပေါင်းလက္ခဏာပါသော လူနှစ်ယောက်၏ အလှူခံဖြတ်ပိုင်းစများ
- အရောင်ပြယ်လွင့်နေပြီဖြစ်သော်လည်း မကြာခဏထုတ်နမ်းခဲ့ဖူးသော တစ်ရှူးစလေးများပေါ်မှ ရေစိုခံနှုတ်ခမ်းနီရာလေးများ
- မှတ်စုစာအုပ်အချို့၏ ပထမဆုံးစာမျက်နှာမှ ဝိုင်းစက်သောလက်ရေးများနှင့် အနုပညာဆန်သောလက်မှတ်များ
- ရပ်နေပြီဖြစ်သော်လည်း တစ်နေ့လျင်နှစ်ကြိမ်တော့မှန်နေသေးသည့် အမျိုးသမီးလက်ပတ်နာရီဟောင်းလေးတစ်လုံး
- တယ်လီဖုန်းနံပါတ်အချို့…
- ဆံနွယ်စရှည်ရှည်လေးတွေ …
- ရယ်သံလွင်လွင်လေး …
- မာယာမပါသောအပြုံး …
- ကိုယ်သင်းနံ့ဖျော့ဖျော့လေး …
- နောက်ဆုံး……..မာဆတ်ဆတ်နဲ့ပြောလိုက်တယ်….
- နင့်ကိုငါအမုန်းဆုံးတဲ့….
- အဲဒါဒိုင်ယာရီရဲ့အဆုံး။ ။

မောင်ဖြူ

Read more...

ဒီလောက်တန်သတဲ့။

ကိုစိုးထက်က ညွှန်းလို့ မှော်ဆရာဆီကတွေ့လို့ ဒီမှာသွားစစ်လိုက်တာဒီBlogက ဒီလောက်ပဲတန်သတဲ့။


My blog is worth $9,032.64.
How much is your blog worth?

Read more...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP