အချစ်ငှက်..
လည်ပင်းမှာအပြောက်နဲ့တဲ့..
(ဘာမှန်းမသိခဲ့..)
ခုတော့
အချစ်ငှက်..
လည်ပင်းမှာအပြောက်မရှိပေမဲ့..
အသည်းမှာ အပျောက်တွေနဲ့..
အချစ်တခု..အပြောက်တခုတဲ့..
အပြောက်…(အစက်အပြောက်ကိုဆိုလိုခြင်းဖြစ်သည်.)
လူးလူး
တေးများ
မုန့်ဝေစားသလို ဝေစားဖို့
ဟောဒီမှာ ရော့၊
ငါတို့ စိတ်ပျက်လက်ပျက် သွေးပျက်ခဲ့ကြပုံ
ငါတို့ ရယ်ကျဲကျဲ သွားဖြဲခဲ့ကြပုံ။
စကားလုံးတွေ ကုန်ခဲ့တယ်
အဖြစ်အပျက်တွေ မထူးဆန်းဘူး
နေမပူဘူး
ညမမှောင်ဘူး၊
နွေတွေ မိုးတွေ ဆောင်းတွေ
တောင်တန်းတွေ
လောင်းကြေးတွေ
အငမ်းမရ ဖျားနာခြင်းတွေ။
နာရီများ စိတ်မချရ
သမိုင်းဟာ အမောအပန်းမရှိ။
ကမ္ဘာကြီးနဲ့ ငါတို့အကြား
ဒီထက် မတတ်နိုင်တော့ပြီလား။
လူတွေသေခဲ့
လူတွေရှင်ခဲ့။
ငါ့ရဲ့ ပက်လက်ကုလားထိုင်လဲ အိုမင်းခဲ့။
မနေ့ကများ
ခြားလဲခြားနားခဲ့
တူလဲတူခဲ့။
အရေးကြီးသော သံဝေဂများ
အရေးမကြီးသော အရေးကြီးမှုများ
‘သောမတ်မိုး’ လဲ ‘သောမတ်မိုး’ အလျောက်
‘ဂျူယုံဂျီး’ လဲ ‘ဂျူယုံဂျီး’ အလျောက်
ငါလဲ ငါ့အလျောက်
စဉ်းစားရကြပ်ခဲ့။
‘ငါမှားသလား’ ဆိုတော့လဲ
မမှားဘူး။
ဘယ်သူဟာ ဘယ်သူနဲ့တူလဲ
ဘယ်သူဟာ ဘယ်သူဖြစ်စေချင်တဲ့အတိုင်း
ဖြစ်လာရတာလဲတဲ့
ငါတို့ကကော ဘယ်သူဖြစ်စေချင်တဲ့အတိုင်း
ဖြစ်ရမှာလဲ။
တရားမဲ့သူအတွက်လဲ
တရားရှိခဲ့။
တရားရှိသူအတွက်လဲ
တရားရှိခဲ့။
တရားနဲ့မဖြေနိုင်သူကတော့
ဝဋ်ရှိသမျှပေါ့။
ငါရှုံးပါစေ
တရားက နို်င်ပါစေ။
သူငယ်ချင်း အဘိုးကြီးနှစ်ယောက်လို
တစ်ယောက်ကို တစ်ယောက် လက်ဖက်ရည်တိုက်ကြ။
ဒီစာရွက်ပေါ်က ငါ့ ‘ခြစ်ရာ’ များ
ခင်ဗျားအသံကိုလဲ ကိုယ်စားပြုနိုင်ပါစေသား။ ။
အောင်ချိမ့်
၁၉၉၈၊ဇွန်၊ရနံ့သစ်
English for All,1998,July, No.134
သတိရတယ်သူငယ်ချင်း
တစ်ပတ်မှာ
၃၆ နာရီလက်ဖက်ရည်ဆိုင်ထိုင်ခဲ့တယ်
တဖြည်းဖြည်းနဲ့
လက်ဖက်ရည်ဆိုင်က ထိုင်ခုံတွေလို
တို့ဘ၀တွေ ပုဝင်နေခဲ့။
ရန်ကုန်မြို့ကြီးကို
၃ နှစ်လောက် အကြောပေးလိုက်ဦးမယ်ဆိုတဲ့
ငါ့ရဲ့ သူငယ်ချင်းရေ
အခု မင်းဘယ်ရောက်နေသလဲ။
ဘယ်လိုမှ မေ့ပျောက်လို့ မရတဲ့နေ့တွေ
တစ်ဟုန်ထိုး မောင်းထွက်သွားတဲ့ ဘ၀တွေ။
လက်ဖက်ရည်ဆိုင် ထိုင်တာကို ကြည့်ပြီး အထင်မသေးနဲ့
လက်ဖက်ရည်ဆိုင် ထိုင်တာကို ကြည့်ပြီး ၀မ်းမနည်းနဲ့
လက်ဖက်ရည်ဆိုင် ထိုင်တာကိုလဲ ဂုဏ်မယူနဲ့။
၁၉၉၈ ဟာအပေါင်ဆုံးခဲ့ပါပြီ
တစ်ဘ၀ လုံးပုံအောခဲ့တဲ့ ကစားဝိုင်းက မသိမ်းသေးပါဘူး။
လှသန်း
ရနံ့သစ်၊မတ်လ၊၁၉၉၉
English for All, 1999,May, No.144
.jpg)
.jpg)
.jpg)
.jpg)
နိပွန်တို့ပြည်ကို ကျွန်မရောက်စက မိတ်ဆက်တော့ “မင်္ဂလာပါ“ နဲ့နှုတ်ခွန်းဆက်ရင်း၊ ဒီနိုင်ငံမှာသုံးတဲ့မနက်တစ်မျိုး၊ နေ့လည်တစ်ဖုံ၊ ညနေတစ်နည်း နှုတ်ခွန်းဆက်စကားတွေလို အချိန်လိုက်ပြီးမပြောင်းပဲ အမြဲသုံးတဲ့နှုတ်ခွန်းဆက်စကားဟာ “မင်္ဂလာပါ“ဖြစ်ကြောင်း ရှင်းပြထားလိုက်ပါတယ်။ ဒီနောက်ပိုင်းရက်တွေမှာ ခင်တဲ့သူငယ်ချင်းအချို့ဟာ ကျွန်မကို “မင်္ဂလာပါ“ လို့မပီမသအသံလေးတွေနဲ့ နှုတ်ဆက်လေ့ရှိကြတယ်။ ပရော်ဖက်ဆာကလည်း တစ်ပတ်တစ်ခါကျွန်မနဲ့ဆုံတိုင်း “မင်္ဂလာပါ“ လို့နှုတ်ဆက်တယ်။
ကျွန်မလည်း ကျောင်းစာတွေကလုံးချာလည်နေတော့ နှုတ်ခွန်းဆက်စကားတွေအပေါ် ထူးထူးခြားခြားအတွေးမရောက်မိပါ။ ကိုဇနိရဲ့ နှုတ်ခွန်းဆက်စကားဆောင်းပါးကို ဖတ်ရတော့လဲ အင်းဟုတ်ပါရဲ့ဆိုတဲ့အတွေးထက် ပိုမစဉ်းစား ဖြစ်ခဲ့ပါ။ ခုမှ လွန်ခဲ့နှစ်က ကျွန်မတို့ရဲ့ နှစ်သစ်ကူးနှစ်ဆန်းတစ်ရက်နေ့မှာ စကားအသုံးအနှုံးတစ်ခုကြောင့် ကျွန်မဒုက္ခရောက်ပုံ ကိုပြောပြချင်လာတယ်။ မနှစ်က မြန်မာနှစ်ဆန်းတစ်ရက်နေ့ဟာလဲ အင်္ဂလိပ်လို၁၇ရက်နေ့ ဖြစ်ပါတယ်။ အကြောင်းတိုက်ဆိုင်စွာပဲ အဲဒီနေ့ဟာ ကျွန်မကိုကြိုဆိုပွဲလုပ်ပေးတဲ့ welcomeပါတီနေ့လည်း ဖြစ်ပါတယ်။ ပါတီဆိုတော့ ထုံးစံအတိုင်းညမှာပဲပေါ့။ ကျွန်မလည်းမြန်မာဝတ်စုံအပြည့်နဲ့လှအောင် ပုလဲပုတီးတွေဘာတွေဆွဲပြီး ရှိုးလုပ်သွားပါတယ်။ အဲဒီမှာ ပထမဆုံးပရော်ဖက်ဆာက သူတို့တက္ကသိုလ်ရဲ့ ကောင်းခြင်းများစွာကို အရင်ပြောပါတယ်။ နောက်မှ အဲဒီလို အင်မတန်ကောင်းတဲ့ ကျောင်းတော်ကြီးကိုရွေးခြယ်ရောက်ရှိလာတဲ့ ကျွန်မကို တာဝန်ရှိသူုများနဲ့ မိတ်ဆက်ပေးပါတယ်။ ကျွန်မဟာ အခန်းမှာကျက်ခဲ့လေ့ကျင့်ခဲ့သည့် သူတို့ဘာသာနှင့်မိတ်ဆက် စကားများအပြင် အပိုစိတ်ကူး ရလာပြီး ဒီနေ့ဟာ ကျွန်မတို့မြန်မာနိုင်ငံရဲ့ နှစ်သစ်ကူးနေ့ဖြစ်ကြောင်းကိုလည်း မတတ်တတတ်ပြောလိုက်မိပါတယ်။ ဒီမှာပဲ ကျွန်မဒုက္ခအိုးထဲမှာ ဇာက်ထိုးကျဖို့ အကြောင်းဖန်လာတော့တာပါ။ ဒီမှာက ပါတီအစမှာ သူတို့ လုပ်လေ့လုပ်ထရှိတာက ဖန်ခွက်တွေမှာ နှစ်သက်ရာဖျော်ရည်၊ အရက်စသည်ဖြင့်ထည့်ကာမြှောက်ကိုင်ပြီး သူတို့ဘာသာစကားဖြင့် ““ကန်ပိုင်“ ဟုရွတ်ဆိုကာခွက်ခြင်းတိုက်ပြီးမှ စပြီးစားကြသောက်ကြ တယ်။ ““ချီယားစ်““လုပ်သလိုမျိုးပေါ့။ ဒီနေ့မှာတော့ ထူးထူးခြားခြား မြန်မာနှစ်သစ်ကူးဖြစ်လို့ ကျွန်မကိုအထူးဂုဏ်ပြုရမယ်လို့ ပရော်ဖက်ဆာက ဆိုပါတယ်။ ဒါကြောင့်် သူတို့ပြောနေကြ ““ကန်ပိုင်““ လို့မပြောပဲ မြန်မာလိုပြောကြမယ်၊ ဘယ်လိုပြောရမလဲ၊ သူတို့ကိုအရင်သင် ပေးပါလို့ပြောပါတယ်။ တကယ်ပါ ကျွန်မဟာချက်ခြင်း ချွေးဇောတွေပြန်လာပါတယ်။ ဒီလိုတွေ မသောက်ကြဘူးဆိုပြန်ရင်လဲ ကျွန်မ ညာတာ၊ အဲလိုမျိုး ပြောလေ့မရှိဘူးလို့လဲပြောလို့မဖြစ၊် စာပေယဉ်ကျေးမှု့ဘာသာစကား အင်မတန်ထွန်းကားလှတဲ့ ကျွန်မတို့မြန်မာနိုင်ငံလေ။ သင့်တော်တာကို စဉ်းစားနေဖို့ကလဲ သူတို့ကျွန်မကိုဝိုင်းကြည့်နေကြတာနဲ့တင် တုန်ခိုက်လှပြီ။ ဒီမှာပဲ ကျွန်မမျက်စေ့ထဲမှာ ရုပ်ရှင်ထဲကလူတွေ ချကွာလို့ပြောပြီး ခွက်ခြင်းတိုက်တာမြင်ယောင်လာပြီး ချကွာ လို့ပါးစပ်ကလည်းထွက်သွားပါတယ်။ ပရော်ဖက်ဆာနှင့်တကွ ပရိတ်သတ်အယောက်နှစ်ဆယ်ဟာ ““ချကွာ““ ဟုအသံကိုတူအောင်တခဲနက် အော်ကာ ခွက်ခြင်းတိုက်ပြီး ပါတီကိုဖွင့်လှစ်လိုက်ပါတော့တယ်။ ဒါနဲ့ပါတီကတော့ အောင်မြင်စွာပြီးဆုံးသွားပါတယ်။ ပါတီပြီးတဲ့အထိ ကျွန်မမျက်နှာတွေထူပူနေရပါတယ်။
အခန်းပြန်ရောက်တော့ ရုပ်ရှင်ထဲမှာက အရက်ဝိုင်း၊ ထန်းရေ၀ိုင်းမှာပြောတာကြီးကို......မတတ်နိုင်ဘူး ရုတ်တရက်မျက်စေ့ထဲ ပေါ်လာတာပြောရတာကိုး….ဘယ်လိုပြောရမှန်းမှမသိတာနှင့်…အတွေးတွေရှုပ်ထွေးလို့။ ညဉ့်နက်နေပြီဖြစ်ပေမဲ့ သူများတွေရော ကျွန်မလိုကြုံလာရင် ဘယ်လိုပြောမလဲသိချင်စိတ်က မြိုသိပ်မရတာကြောင့် အနီးဆုံးညီမလေးဆီကိုဖုန်းခေါ်ပါတယ်။ (ကျွန်မဖြစ်ခဲ့တာမပြောပဲ) တကယ်လို့များအဲလိုကြုံတွေ့လာရင် ဘယ်လို ပြောမလဲလို့မေးတော့ သူကနာရီဝက်လောက်ကြာအောင် စဉ်းစားပြီး မှညီမကတော့ “လုပ်ဟေ့“ လို့ပြောမည် ဟုဆိုသည်။ အမ်....။ သြော်ငါလူကြီးတောင်စဉ်းစားရခက်နေတာ သူက ပိုဆိုးရှာမှာပေါ့ဟု တွေးသည်။ ဒါပေမဲ့ အမေးရှိရင်အဖြေရှိလာမှာပဲဟု စိတ်နှင့်ဖုန်းကိုပြန်ကောက်ကိုင်ကာ ဗဟုသုတစုံလင်လှသော စီနီယာအစ်မကြီးကို သန်းခေါင်သန်းနွှဲအလိုက်ကမ်းဆိုးမသိခေါ်လိုက်သည်။ အစ်မကြီးမှာ အင်တာနက်တွင်ဗဟုသုတများရှားမှီးနေ၍ မအိပ်သေးပါဟုဆိုမှ တော်ပါသေးရဲ့တွေးကာ ညီမလေးကိုမေးသည့်မေးခွန်းအတိုင်း မေးရသည်။ မေးခွန်းကို လေးလေးနက်နက်စဉ်းစားပြီးနောက် အစ်မကြီးက “သောက်စို့“ လို့ပြောရမယ်ဟု အမိန့်ချ၏။ ကဲ….ဒါကိုမှမကျေနပ်သေးလျင် ကျွန်မဘယ်သူ့ကို မေးရပါ့။ နောက်တစ်ခါပါတီလုပ်ရင် နေမကောင်းချင်ယောင်ဆောင်ပြီး မတက်တော့ဖို့ပဲ ဆုံးဖြတ်ချက်ချလိုက်တယ်။

















.jpg)