Friday, March 27, 2009

ကွေကွင်းရက်

နှုတ်ဆက်ကြစဉ်၊ ဝေ့ရွှန်းမျက်ရည်၊
အလွမ်းတွေကို၊ မောင့်ရင်ထဲထိ
မငြိစေချင်၊ မျက်ဝန်းဖယ်လွှဲ၊
မကြည့်ဘဲနေ၊ နှုတ်လဲတိတ်ဆိတ်၊
ကြိတ်မှိတ်နင့်နဲ၊ ရင်ထဲဘဲငို၊
ပြိုသွားခဲ့ရ၊ အိပ်မက်လှများ၊
သယ်ယူသွားရင်း၊ လှိုင်းနဲ့လေပြေ
ကြာတွေရနံ့၊ သင်းပျံ့ဆွတ်ကြင်၊
ကန်ရေပြင်ထိပ်၊ မှုန်မှေးမှိတ်ပေါ့၊
ဆောင်းလဆည်းဆာပုံရိပ်များ ။ ။
ခိုင်ခင်အင်ကြင်း


5 comments:

  1. မမရေ..ဒီကဗျာလေးတင်တဲ့နေ့က
    အမှတ်တရနေ့ပေါ့...
    အိမ်မက်လှလှတွေ မပြိုချင်သလို
    ကန်ရေပြင်ထိပ်က ဆောင်းရဲ့ပုံရိပ်တွေကိုလဲ မှုန်ဝါးမသွားစေချင်လို့လေ....

    ReplyDelete
  2. ကဗျာလေးကောင်းတယ်--
    ပျော်ရွှင်ပါစေ--

    ReplyDelete
  3. မင်္ဂလာနှစ်သစ်ပါ ၊၊ ပျော်ရွှင်ချမ်းမြေ့ပါစေ ၊၊

    ReplyDelete
  4. နှစ်သစ်မှာ
    စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့
    ပြည့်စုံကြပါစေ ..


    လေးစားလျက်

    ReplyDelete
  5. ဟေမန္တဆည်းဆာက
    လွမ်းမောဖွယ်ရာပုံရိပ်များကို
    ထင်ထင်ရှားရှားတွေ့ရပါကြောင်း

    ReplyDelete