Sunday, March 15, 2009

နွေ.. .ကြွေ..လေ


နွေ အဦး
ပုရစ်ဖူး စီအရီ..
ညှာ အသစ်
လွှာဝတ် ငုံတံချီနှင့်
အင်ကြင်း သန္တာနီက
ထွန်းရောင်ရှိန် သူရိန်မင်းကို
ပူအဆင်း ကင်းလျော့စေပြီ။

ကြွေ အသစ်
ဝေလှစ်ကယ် ဖြာရီ..
လက်ပံနီ ညှာတံချို့ရယ်က
ယှက်ပျံချီ ကမ္ဗလာနီ စို့
မခို့တရို့  သစ်သစ်လွင်။

လေ အနော့
ပြေ လျော့ခွေ
ဆွေကျော့ကေ တစ်မေပန်းတာမို့
ငွေ့ခန်း ရွှေရင်အုံက
အပူစုံ လွမ်းပုံသစ်ကိုဖြင့်
မယူတုံ လမ်းဆုံပစ်ချင် ရဲ့
မြင်လှည့်..
တွက် ဆ ပြစ်မယူ
သက်မျှ ချစ်သူ။

4 comments:

  1. ကောင်းလိုက်တာဗျာ။
    တော်ရုံတန်ရုံပါရမီ မဟုတ်ဘူး။
    မွေးရာပါကဗျာဓာတ်နဲ့သာ ရေးစပ်လို့ရတဲ့ကဗျာ။
    နွေ အဦး
    ပုရစ်ဖူး စီအရီ..
    ညှာ အသစ်
    လွှာဝတ် ငုံတံချီနှင့်
    အင်ကြင်း သန္တာနီက
    ထွန်းရောင်ရှိန် သူရိန်မင်းကို
    ပူအဆင်း ကင်းလျော့စေပြီ။.. မှာ နောက်ဆုံးအချ “ပူအဆင်း ကင်းလျော့စေပြီ” မှာ အသံပျောက်သွား၊ အားပျော့သွားသလို (စာလုံးပေါင်းအရတော့ ကာရန်မိပေမယ့်) ခံစားရတယ်။
    ဘာနည်းပညာမှတော့ မသိပါ။ ခံစားရသလို ပြောသွားခြင်းမျှသက်သက်သာ။

    ReplyDelete
  2. နွေ အဦး
    ပုရစ်ဖူး စီအရီ..
    ညှာ အသစ်
    လွှာဝတ် ငုံတံချီနှင့်

    တပုဒ်လုံးကြိုက်တယ်--
    ရင်ထဲအထိတိုးဝင်သွားပါတယ်--

    ReplyDelete
  3. ညီမလေး ကဗျာဖတ်ပြီး နွေကို လွမ်းလိုက်ဦးမယ်.. ဒီမှာတော့ နွေရောက်ပြီသာ ဆိုတယ်.. အေးတုန်းပဲနော်.. :)

    ReplyDelete
  4. နွေ .. ကြွေ .. လေ ။
    ကဗျာတစ်ပုဒ်ပါလေ။

    သုခမိန်(E-Journal)

    ReplyDelete