Friday, January 2, 2009

အပြုံးပန်းတွေ ဝေကြမယ်..



ဒီနေ့ အင်တာနက်မှာ သတင်းတခု ဖတ်လိုက်ရတယ်။ ဆိုင်ကယ်စီး ထိုင်းရဲတွေရဲ့ လေထုညစ်ကာကွယ်တဲ့ မျက်နှာဖုံးလေးပေါ်မှာ အနီရောင် ဆေးဆိုးထားတဲ့ အပြုံးဟာ ထိုင်းတွေရဲ့ နာမည်ကျော်အပြုံး နောက်ဆုံးဗားရှင်းဆိုပါလား။ သတင်းကို ဒီနားမှာ ဖတ်နိုင်ပါတယ်။ ဒီလို မျက်နှာဖုံးတွေတပ်ထားတဲ့ ရဲတွေကို လူတွေက ပြန်ပြုံးပြမယ်ဆိုရင် မျက်နှာဖုံးကို နောက်ထပ် ခပ်ကြာကြာဝတ်ဆင်ရမဲ့သဘော။


ဟိုက်ဝေးလမ်းထိုင်းရဲတွေမှာ အမြဲတမ်းဖော်ဖော်ရွေရွေနဲ့ အမြဲတမ်းပြုံးနေရမယ်ဆိုတဲ့ ပေါ်လစီရှိတယ်တဲ့၊ အခုတော့ သူတွေတွေ ပင်ပန်းနွှမ်းလျနေလို့ ပြုံးနေဖို့ သိပ်ခက်တယ်ဆိုပဲ။ ဆန္ဒပြတာတွေရော၊ လေဆိပ်ကို အချိန်ကြာသိမ်းထားတာတွေရောနဲ့ ထိုင်းနိုင်ငံက ခက်ခဲတဲ့ အချိန်ကာလကို ဖြတ်သန်းလိုက်ရတယ်။ ရင်ထဲကနေ အပြုံးစစ်တွေ မလာနိုင်တော့လို့ ဒီလိုအပြုံးမျက်နှာဖုံးတွေ တပ်ရတာပါတဲ့။ ပုံမှန်ကတော့ လူတွေက ပြုံးရွှင်နေတာပါပဲ အပြုံးမျက်နှာဖုံးကို တပ်စရာ မလိုပါဘူး။ အခုနှစ်ပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် ဒေါသတွေထွက်ပြီး ဒေါသထွက်နေတာကို အခြားလူတွေ သိစေချင်နေရတာနဲ့ အပြုံးတွေ ကွယ်ပျောက်ရတာပါတဲ့။

အပေါ်က စာတွေကတော့ ဖတ်မိတဲ့သတင်းကို အဆင်သင့်သလို ဘာသာ ပြန်ချင်တဲ့နေရာ ပြန်ထားတာပါ။ ထိုင်းရဲတွေက ရင်ထဲကအပြုံးစစ်တွေ ထွက်မလာနိုင်သေးတဲ့ အချိန်မှာ မျက်နှာဖုံး အပြုံးတုတွေနဲ့ လူတွေစိတ်ကို ပေါ့ပါးစေချင်တာတဲ့။

ကျနော် သတိထားမိတဲ့ အပြုံးတချို့ကို ပြောပြချင်သေးတယ်။ လေယာဉ်မယ်တွေရဲ့ အပြုံးပေါ့။ ခရီးသွားတွေနဲ့ မျက်နှာချင်းဆိုင်မိတာနဲ့ သူ့မျက်နှာမှာ ပါးစပ်ကို ဖြဲပြီး သွားစေ့ထားတဲ့ ခပ်ခြောက်ခြောက် အပြုံးပန်းတပွင့် ချက်ချင်းပေါ်လာတယ်။ မှတ်မိနေတဲ့ အဲသလို အပြုံးနောက်တခုက ဇာတ်မင်းသမီး၊ မင်းသားတွေရဲ့ အပြုံးပဲ။ ပရိတ်သတ်က ခပ်လှမ်းလှမ်းကနေ သူတို့ကို ကြည့်ရင် ပြုံးနေတယ်လို့ ထင်စေချင်တာနဲ့ ပါးစပ်ကြီးကိုဟ သွားတွေ ဖြီးထားတဲ့ အပြုံးပါ။ သူတို့တွေမှာ ရင်ထဲက မပါတောင်မှ သူတို့ ဝန်ဆောင်မှုပေးနေတဲ့ သူတွေကို ကြည်နူးစေချင်လို့ အပြုံးတုတွေ ဝေပေးနေရတာကိုး။

လူဆိုတဲ့ သဘောက ကိုယ့်ကို အခြားတစ်ယောက်က ကြည်ကြည်နူးနူးနဲ့ ပြုံးပြလိုက်ရင်၊ စိတ်ထဲမှာ ပင်ပန်းနေတဲ့ အချိန်မှာတောင် အော်တို အပြုံးပြန်ဝေတတ်တဲ့ အမျိုးပါ။ ကိုယ်တိုင်က ရွှင်ပြနေရင်တော့ သိပ်ကိုရွှင်လန်းတဲ့ အပြုံးကို ပြန်ပေးမိမှာ အသေအချာပေါ့။ ဒီတော့ ကျနော်တို့တွေ သူများဆီက စပြီး ပြုံးပြတဲ့ အပြုံးကို စောင့်မနေဘဲ ကိုယ်ကဘဲ စပြီး ပြုံးပြကြရအောင်လား။ ကဲ.. ကျနော်တို့တွေ ရင်ထဲက အပြုံးစစ်ကို ထုတ်မရရင်တောင်မှ သွားဖြဲပြုံးလေးတွေနဲ့ သူများကို ကြည်းနူးအောင် ပြုံးလိုက်ကြရအောင်ဗျာ။



13 comments:

  1. ကျွန်တော် ပထမ...ကျွန်တော်အရင်ဆုံး ကိုနိ..မနိကိုရင်ထဲကအပြုံးလေးနဲ့ ပြုံးပြသွားတယ်..ဟဲ .ဟဲ

    ReplyDelete
  2. ဟုတ်လား ဒီမှာတော့ မတွေ့သေးဘူးးဗျ နယ်စွန်ကျလို့လားတော့မသိဘူးး ။သူတို့တွေ ပင်ပန်းနွှမ်းလျနေလို့ ပြုံးနေဖို့ သိပ်ခက်တယ်ဆိုတာ ဟုတ်မယ်ဗျ သူတို့နိုင်ငံလည်း ကျားကြီး ခြေရာကြီးပဲ စိတ်ကုန်စရာကြီး ဒီနေ့ သတင်းမှာလည်း ကွန်ဒို ပုံစံတိုက်ခန်းတွေ မီးလောင်တာ လူတွေကို မီးသွေးခဲဖြစ်လို့ ကြည့်ရတာ စိတ်မကောင်းစရာ။ နာမည်ကျော်အပြုံး နောက်ဆုံးဗားရှင်း လေးက စိတ်ကြည်နူးစရား)

    ReplyDelete
  3. ဟုတ်တယ်ကိုနိရေ..အပြုံးတုပဲ ဖြစ်ဖြစ် အပြုံးစစ်ပဲ ဖြစ်ဖြစ် မဲ့နေတာထက် စာရင်တော့ တော်သေးတာပေါ့လေ..။ စိတ်ပါလက်ပါ ပြုံးကြည့်လိုက်ရင်း စိတ်တွေလည်း ကြည်လင်လာလိမ့်မယ်လို့ ထင်ပါတယ်။ အများကြီး ပြုံးသွားပါတယ်..:) :) :) :)

    ReplyDelete
  4. ကိုနိ မနိ ရေ ..မန့်မန့်ရေးနေရင်းနဲ့ ပြုံးပြလိုက်ပါတယ် ၊၊ တွေ့တယ်ဟုတ် ၊၊ ကွိကွိ :)

    ReplyDelete
  5. ko neith,
    anaw lel smile thwar tal :DDDDDDDDDDDDDDDDDD

    ReplyDelete
  6. ပြုံးပြီး ဖတ်သွားတယ်..
    မဲ့ပြုံး မဟုတ်ပါ..

    ReplyDelete
  7. တချို့လေယာဉ်မယ်တွေ တကယ်ပြုံးတာပါ (သေချာလိုက်ကြည့်ထားတား)
    ကွိကွိ.. အဟီးးး
    သားလည်းနေ့တိုင်း အပြုံးတုတွေပေးနေမိတယ်။ တစ်နေ့လုံးနေလို့ စစ်မှန်တဲ့အပြုံးဆိုတာ မရှိသလောက်ပဲ။ ရုပ်ရှင်ကြည့်ရင်း၊ ဘလော့ဂ်ဖတ်ရင်းနဲ့ ပြုံးမိတဲ့အပြုံးလောက်တော့ရှိတယ်။
    အမြဲပြုံးပြုံးလေးနေတတ်တဲ့ သူတွေကိုသိပ်လေးစားတယ်။

    ReplyDelete
  8. အပြုံးတု အပြုံးစစ်တဲ့ ကိုဇနိတို့ ကတော့ လုပ်ပြန်ပြီ။ လေယာဉ်မယ်တွေ အပြုံးကအပြုံးတု တဲ့။ နိနိရေ ၁မှတ် ပေးလိုက်နော်။

    ReplyDelete
  9. ကိုဇနိနဲ့ မဇနိကို ဒီလိုလေး ပြုံးပြသွားတယ်နော်... :) :) :)

    ReplyDelete
  10. ကိုနိနဲ့  နိနိကို အပြုံးစစ်စစ်လေးဖြင့် ပြုံးပြသွားပါကြောင်း...

    ReplyDelete
  11. ကိုဇနိ+မဒမ်ဇနိ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။ အပြုံးလေးတစ်ပွင့် လက်ဆောင်ပေးသွားပါတယ်.. (ဟမ်)..

    :) <-- ကျနော့်အပြုံးပေါ့ဗျာ။

    ReplyDelete
  12. ဟုတ်တယ်နော်
    သူတပါးဆီက ဥပမာ အရောင်းဝန်ထမ်း စားသောက်ဆိုင်ဝန်ထမ်းတွေဆီက အပြုံးတွေကိုပဲ မျှော်လင့်နေမိပြီး ကိုယ်အရင်ပေးခွင့်ရှိတဲ့ အကုန်အကျအနည်းဆုံးနဲ့ တန်ဖိုးအရှိဆုံးအရာလေးကိုတော့ မေ့ပစ်ထားမိတဲ့ ကိုယ့်ဘဝကိုယ် ရှက်မိရပါပြီ

    ReplyDelete