Monday, October 6, 2008

မဇနိ၏ လက်ရာများ


မဇနိရဲ့ အစားအစာတွေကို ကျနော် ကိုဇနိက တင်ပေးလိုက်ပါတယ်။
ညီလေး မောင်မျိုးက ထိုးထည့် သိပ်ထည့် ပို့စ်ရေးတော့ သွားကြော်ငြာမိသေးတယ်။ ဒီနေ့ မဇနိက သူချက်စားတာတွေ တင်ဦးမှာလို့။ လာငေးစားလို့။ သူ့လို မလုပ်တတ်ပေမယ့် ဘယ်လိုပဲနေနေ ကိုယ့်ဗိုက်ကလေးတော့ ပြည့်အောင် ဖြည့်ရမှာ မဟုတ်လား။ တော်ကြာ အစားပုံမှန်မစားမလို့ ဗိုက်ဒုက္ခရောက်မှာ စိုးရတယ်လေ။ ကျနော်က ကြားထဲက လေဝင်ရှည်နေတာ မဇနိရဲ့ လက်ရာတွေကို မြည်းစမ်းစားကြည့်ပါဦး။


ကြာဆံကြော်


ဒီကနေ့ ရာသီဥတုက အေးတယ်။ ထမင်းမစားချင်ဘူး။ မနက်စာဘာလုပ်စားရမလဲ စိတ်ကူးလိုက်တော့ မစားရတာကြာနေတဲ့ ကြာဆံကြော်ဖို့ လုပ်လိုက်တယ်။
အချဉ်အတွက် ဂေါ်ဖီထုပ်ပါးပါးလှီး၊ ကြက်သွန်နီပါးပါးလှီး၊ ငရုပ်သီးစိမ်းလေးညှပ်ထားပြီး သံပုရာရည်နဲ့ လုပ်ထားလိုက်တယ်။
ကြာဆံကို နာရီဝက်လောက် ရေစိမ်ထားတယ်။
ပုဇွန်၊ ၀က်အူချောင်း၊ ကြက်သွန်ဖြူကို အဆင်သင့်လုပ်ထားလိုက်ပြီး ဆီဆူရင် ကြက်သွန်ဖြူဆီသတ်တယ်။
ပုဇွန်ကို နောက်မှထည့်ရင် ညှီမှာစိုးလို့ ဆီသတ်ကတည်းက ထည့်ပါတယ်။ အညှီဆို ကြောက်တတ်လို့ ဘာသားဖြစ်ဖြစ် အရင်ထည့်ကြော်ချင်နေတာပါ။ မန်ကျည်းမှည့်ကို ရေဖျော်ထားတယ်။ ကြိုက်တတ်ရင် မန်ကျည်းမှည့်ရည်လေးပါ ထည့်ကြော်ဖို့။ ဆီသတ်ထားတဲ့ထဲကို ကြာဆံထည့်၊ ငံပြာရည်၊ ငရုပ်သီးမှုန့်၊ မန်ကျည်းမှည့်ရည်လေးပါ ထည့်ပြီး ကြာကြာကြော်ပါတယ်။ ခြောက်ခြောက်လေးစားချင်လို့ပါ။ ပူစီနံရယ် အချဉ်ရယ်ပါ တွဲစားလိုက်ရင် မနက်စာတော့ အိုကေသွားတယ်။ ပူစီနံကလည်း ရွှေထက်ရှားတော့ ၀ယ်လို့ရတုန်းလေး အသုပ်လေးတွေပါ လုပ်စားရတာ။ တကယ်တော့ မြန်မာစာကို ကြိုက်တတ်တဲ့သူအတွက် ပိုက်ဆံပိုကုန်ပါတယ်။ အသားများများစားမယ်ဆိုရင် ဈေးဝယ်ရတာ အကုန်သက်သာမလား တွေးမိပေမယ့် ကိုယ့်အကြိုက်နဲ့ ကန့်လန့်ဖြစ်နေတော့ ဖြစ်သမျှအကြောင်း အကောင်းလို့ပဲ သဘောထားပြီး မသိချင်ယောင်ဆောင် နေရတော့တာ။

မုန့်ဖတ်သုပ်


ညပိုင်းဗိုက်ဆာလို့ သတ်သတ်လွတ်မုန့်ဟင်းခါးဖတ် သုတ်စားဖြစ်တာလည်း ပြောလိုက်အုံးမယ်။ မုန့်ဖတ်ကို ပြုတ်ပြီး ရေစစ်ထားလိုက်တယ်။ ကြက်သွန်ဖြူဆီချက်၊ ငံပြာရည်ချက်ထားတယ်။ မုန့်ဖတ်ရယ် ဆီချက်ရယ် ပဲမှုန့်ရယ်နဲ့ အသားမပါ သတ်သတ်လွတ် မုန့်ဖတ်သုပ်ပေါ့။ နံနံပင် ပူစီနံလည်း ထည့်သုပ်တော့ မွှေးရှာပါတယ်။

ကြက်သားသုပ်



တနေ့ကတော့ ကြက်သားသုပ်စားတယ်။ ပို့စ်မတင်ဖြစ်လို့ အခုတခါထဲ ပေါင်းတင်လိုက်ပါတယ်။ ကြက်သားသုပ်တာကတော့ လွယ်ပါတယ်။ ကြက်သားကြော်ကို အမွှာလေးတွေလုပ်ထားပြီး ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ နံနံပင်၊ ကြက်သွန်နီလေးနဲ့ သုပ်လိုက်တာပါ။ ငရုပ်ကောင်းကြိုက်တတ်ရင် ငရုပ်ကောင်းမှုန့်လေးထည့်မွှေလိုက်လည်း စားကောင်းပါတယ်။ အမြဲတမ်းမစားချင်ပေမယ့် တခါတလေတော့ ကြက်သားသုပ်လေးနဲ့ ထမင်းလေးစားရတာ မဆိုးပါဘူး။

မဇနိ

13 comments:

  1. အင်း.. ဇနိတို့အိမ်လေးလည်း အလည်လာရတာ ဒုတ်ခရောက်ပါတယ်။
    သရည်ကျပြီး ပြန်သွားရတယ်။
    နိပ်ဆက်ကြပါ.....း)

    သုခမိန်(E-Journal)

    ReplyDelete
  2. ကိုနိ...ညီပြောတာမမေ့နဲ့ နော့်း) မြန်၂နီးအောင်လုပ် ဒါမှ ဟင်းကောင်းကောင်းလေးတွေ စားရမှာ ။ကြက်သားသုတ်လည်းကြိုက်တာပဲ စပ်စပ်လေးဆို ပိုကောင်းးး......။ အသုတ်နဲ့  ဟင်းချိုလေးဆို ထမင်းမစားပဲ အ၀ကိုတီးပစ်လိုက်ချင်တာ.........ဟင်း တကယ်လည်း စားလို့ မရ အီလည်လည်ကြီးဖြစ်သွားပြီး ပြန်တော့မယ်...................။

    ReplyDelete
  3. မမနိရေ .. ကြက်သားသုတ် ကျန်သေးလားဗျာ ၊၊ ကြက်သားသုတ် စားချင်တယ် ၊၊ ကင်းတွေ အစုံ ချက်တတ်တဲ့ မမနိ .. ပျော်ရွင်ကျန်းမာပါစေဗျာ ၊၊

    ကိုကြီးဝီ

    ReplyDelete
  4. မမနိရေ .. ကြက်သားသုတ် ကျန်သေးလားဗျာ ၊၊ ကြက်သားသုတ် စားချင်တယ် ၊၊ ကင်းတွေ အစုံ ချက်တတ်တဲ့ မမနိ .. ပျော်ရွင်ကျန်းမာပါစေဗျာ ၊၊

    ကိုကြီးဝီ

    ReplyDelete
  5. ဟင်းတွေ တယ်ချက်နေသကိုး အမရဲ့။
    ချက်ထားချက်ထား။ ချက်ပြီးမှ လက်ဆုံစားဖို့ ကိုနိကို လွမ်းမနေနဲ့ဦး။ မြန်မြန်စားလိုက်။ ပြီးမှ လွမ်း။ ဟီး

    ReplyDelete
  6. မမနိ စင်ကာပူမှာဆိုင်လာဖွင့်ပါဗျိုး ။ ဟီး အလကားလာစားမလို့ :P

    ReplyDelete
  7. နိနိရေ..သွားရည်ယိုလာပြီ
    အကုန် နည်းနည်း နည်းနည်း မြည်းသွားပါတယ်။။

    ReplyDelete
  8. ရှယ်ဘဲမဇနိရယ် .ကိုနိနဲ့ မယူပါနဲ့. တို.တူ ကို စောင်.ယူပါနော်။

    ReplyDelete
  9. မုန်းဟင်းခါးသုပ်ကိုစိတ် အဝင်စားဆူံးဘဲ

    ReplyDelete
  10. မမခင်ဦးမေက မုန့်ဟင်းခါးသုပ်ဆို အမက ကြက်သားသုပ် စိတ်ဝင်စားတယ်.. :D

    မဇနိကို ချီးကျူးတယ်.. တကယ်ချက်လည်း ချက်နိုင် လုပ်လည်းလုပ်နိုင်လို့.. ကိုဇနိကြီး ကံကောင်းလိုက်တာ.. :)

    ReplyDelete
  11. မမနိ ကြာဇံကြော်ပြီကွ.... အပီစား .... အင်း ကြည့်သွားရတယ် :P
    ရှလွတ် ရှလွတ်. ဗိုက်တောင်ဆာလာပြီ......
    ကြက်သားသုတ်လေးလဲ စားချင်တယ်.... မုန့်ဖတ်သုတ်ကတော့ နည်းနည်းမြည်းသွားတယ်.. ဟီးး :P
    တစ်ခုမှအလွတ်မပေးပါဘူး ... :D

    ReplyDelete
  12. နှိပ်စက်ဘူးနော် ကိုတားမြစ်ထားသော ပျော်ပျော်ပါးပါးလာလည်ပါ

    လူကြီးကို မြှောက်ပေးနေတယ် မောင်မျိုး

    ကင်းတွေအစုံတော့ ချက်တတ်ဘူး ကိုကြီး ၀ီ ရ ဟီး ဟီး

    မရဘူး လွမ်းမှာပဲ တောင်ငူသားရေ

    သာမီး မေမိုး ရေ ဂယ်လာလိုက်မှာ

    နည်းနည်းပဲ မြည်းနော် ပေါက်

    မမကေအိုအမ် အဲဒီစကားကို စိတ်ဝင်စားနေတာ စောင့်မယ် စောင့်မယ်

    ကိုဇနိကြီး ကံကောင်းချက်တော့ နော် မမနုစံ

    တခုမှ အလွတ်မပေးဘူးလား ဝေလေး အစားပုပ်လေးပေါ့

    ReplyDelete
  13. ကိုဇနိတော့ ပိန်ပို့ လမ်းမမြင်ဘူး....မဇနိက ဟင်းချက်ကောင်းတော့ မဇနိချက်ကြွေးတာတွေစားပီး စည်ပိုင်းကြီးဖြစ်ဦးမယ်...:P

    ReplyDelete