Saturday, October 4, 2008

ဖြစ်သလိုလေး စားလိုက်တယ်


သူများတွေ ဖြစ်သလိုစားတဲ့အကြောင်း ပို့စ်တင်တာတွေ့လို့ မဇနိလည်း ဖြစ်သလိုစားတာလေး တင်လိုက်ပါတယ်။
လုပ်စားဖြစ်တာတွေကတော့ ခေါက်ဆွဲကြော်ရယ်၊ ပဲပြုတ်သုတ်ရယ်၊ ချဉ်ပေါင်းဟင်းရယ်ပါ။
ကြိုက်သူတွေ စားသွားကြပါဦး။



ခေါက်ဆွဲကြော်ကို တယောက်စာ မြန်မြန်လေးကြော်စားလိုက်တော့ ဒီပုံလေးအတိုင်းရပါတယ်။
ခေါက်ဆွဲအစိုဖတ်ကို ရေနွေးဖျောပြီး ရေစစ်ထားလိုက်တယ်။
ကြက်သားပြုတ်ကြော်လုပ်ထားတဲ့ထဲက လိုသလောက်ခွဲယူပြီး နွှာထားတယ်။
ကန်စွန်းရွက်ကိုသင်၊ ရေဆေး ရေစစ်ထားတယ်။
ဆီပူပူမှာ ကြက်သွန်ဖြူဆီသတ်ပြီး ကြက်သားနွှာထားတာကိုပါ ဆီသတ်တဲ့အထဲထည့်ထားတယ်။
ခဏမွှေပြီး ကန်စွန်းရွက်ထည့်ကြော်၊ ခေါက်ဆွဲဖတ်ပါထည့်ပြီး အတန်ကြာကြာလေးကြော်ပါတယ်။
ကြာညို့မကြိုက်လို့ မထည့်ပါဘူး။ ငံပြာရည်လိုသလောက်ထည့်တယ်။

ဒါနဲ့အတူ ရေနွေးကြမ်းသောက်ရင်စားဖို့ ပဲလည်းပြုတ်ထားတယ်။
ပဲပြုတ်ကို ကြက်သွန်ဖြူဆီချက်၊ ကြက်သွန်နီလေးနဲ့ သုပ်လိုက်တယ်။
ပဲက မပြုတ်ခင် (၁) နာရီလောက် ရေစိမ်ထားလိုက်လို့ အနေတော်စားလို့ကောင်းပါတယ်။

ပဲပြုတ်လို့ရလာတဲ့ ပဲရေကိုတော့ အချဉ်ပေါင်းချက်စားဖြစ်တယ်။
လက်ပံခေါင်းခြောက်၊ ရုံးပတီသီး၊ ချဉ်ပေါင်ရွက်ခြောက်၊ မျှစ်ခြောက်၊ သရက်သီးခြောက်နဲ့အတူ ငါးခြောက်သေးသေးလေးတွေပါရောပြီး ချဉ်ပေါင်းဟင်းချက်လိုက်တာ အတော်စားကောင်းပါတယ်။
ပဲပြုတ်ကလည်း မစားရတာကြာလို့လားမသိ (၂) ခါခွဲသုပ်တာ တခါထဲစားလို့ကုန်သွားရော။

မဇနိ

14 comments:

  1. နိနိရေ
    ဖြစ်သလိုကလည်ဲး စားချင်စဖွယ်လေးပါ့လား
    ဦးဦးဖျားဖျားစားသွားတယ်..
    အဟိ

    ReplyDelete
  2. ကျနော် ပဲသုတ်အရမ်းကြိုက်တာ စားချင်တယ် ထမင်းပူပူလေးနဲ့  စတော်ပဲ သုတ်လေး စားလိုက်ရရင် ဘယ်လောက်ကောင်းးးးးးးးးးးးးးး

    ReplyDelete
  3. ဟီး အ ချဉ်ပေါင်းဟင်း မစားဖူးဘူး ၊ အရမ်းချဉ်လားမသိ ခေါက်ဆွဲနဲ့ ပဲသုတ်က စားချင်စရာကြီး အချဉ်ကတော့ မီးမီးကြောက်ကြောက် :D

    ReplyDelete
  4. အန်တီဇနီရေ...ကျနော်လည်းဆာဆာနဲ့ဝင်တီးသွားတယ်
    ဂျ...ဖြစ်သလိုလို့ပဲနော်...ရှယ်ချက်ရင်နတ်သုဒ္ဒာများ
    ဖြစ်လောက်တယ်...ကောင်းမှကောင်း :D

    ReplyDelete
  5. တို့ရဲ့ဖြစ်သလိုကတော့မနက် က ပေါင်မုန့်ထောပတ်သုတ်လေးချပ်နဲ့ ကာဖီတခွက်ပါ။ အဲဒါနေဲ့မဝလို. မဇနိရဲဖြစ်သလိုကို လာရောက် ငေးမော သွားပါတယ်. (ဟုတ်တယ်လေ ကုန်သွားပြါ့ပီဆိုမှ စားချင် ဦးလို့ရမလား နောက် တခါ များများ လုပ်ပါ.။)

    ReplyDelete
  6. လာလိုက်ရင် ကုန်သွားတာနဲ့ ပဲတိုးနေတာပဲ ။ :((
    နောက်ဆိုရင် များများလုပ်ထား။ ဒီလောက် ရောင်းအားကောင်းနေတာ မသိဘူးလား ။ :naa
    ဒါပဲ ။ ပြောကို မပြောချင်ဘူး ။ ဒါပေမယ့် ပြောနေရတာပဲ။ :P

    ReplyDelete
  7. ဖြစ်သလိုလေး ကလည်း....
    ချဉ်ပေါင်းဟင်းစားဖူးချင်တယ်..
    လက်ပံခေါင်းဆိုတာ မြင်တောင်မမြင်ဖူးဘူး..

    ReplyDelete
  8. ချဉ်ပေါင်းဟင်းစားချင်တယ်။ စားလို့ ကောင်းမဲ့ပုံလေး ရှားရှားပါးပါး လက်ပံခေါင်းခြောက်လေးတောင်ပါသေးတယ်။

    ReplyDelete
  9. မမကွိ က ကန်စွန်းရွက် ကြိုက်တယ်နဲ့တူတယ် ၊၊အာရုံ ရတာ ၊၊ ရောက်တာနောက်ကျလို့ ပုံလေးတွေကြည့်ပြီးပဲ သွားရည်ကျသွားတယ်ဗျာ ၊၊
    အင်း ..ဒီလို ဟင်းတွေ မစားရတာကြာပီ မမကွိ ရေ ၊၊

    ကိုကြီးဝီ

    ReplyDelete
  10. နိနိတို့ကတော့ လုပ်ချလိုက်ပြန်ပြီ။
    သူ့ ဖြစ်သလို ကလဲ တို့အတွက် နတ်သုဒ္ဓါ ပါလားဟေ့။

    ReplyDelete
  11. ဒီဘလော့ဂ်ကို လာရင် တခုခုစားပြီးမှ လာရတယ် မဟုတ်ရင် ဒုက္ခရောက်လွန်းလို့ ခုနက ထမင်းမစားရသေးခင် ၀င်အုံးမလို့ နောက်မှ သတိရပြီး ထမင်းစားပြီးမှ ၀င်ကြည့်တာတောင် ဂလု ဂလု ဖြစ်ပြီး ပြန်သွားရပါတယ်၊ တော်တော် နှိပ်စက်ပါ့၊

    ReplyDelete
  12. အင်းးးး မမနိရဲ့ဖြစ်သလို....
    ပဲသုတ်လေးကောင်းမယ့်ပုံ.... ရေနွေးကြမ်းနဲ့သောက်. ရှယ်ပဲနေမယ်နော်. ခေါက်ဆွဲကြော်ကတော့ သိပ်မကြိုက်ဘူး ကြာဇံကြော်ပဲကြိုက်တယ် .. ကြာဇံကြော်ရင်ခေါ်နော်.... :P
    ရှလွတ်... သွားရည်တွေအသာသိမ်း.... :P

    ReplyDelete
  13. ဟွန်း.. ဖြစ်သလိုတဲ့.. မဇနိရဲ့ ဟင်းချက်ထားတာတွေကို ဒီက ရဲရဲတောင် မကြည့်ရဲဘူး.. သွားရည်တွေ ကီးဘုတ်ပေါ်ကျကုန်မှာစိုးလို့..:D အခုတော့ နေ့လည်စာ ထမင်းစားပြီးမှ လာလည်တာ.. ဒါတောင် ပဲပြုတ်သုပ်လေး စားချင်လိုက်တာ.. :D

    ReplyDelete
  14. စားချင်စဖွယ်လေးဆိုလို့ ကျေးဇူးနော် ပေါက်

    ထမင်းပူပူလေးနဲ့ ပဲသုပ် အမလည်းကြိုက်တယ် မောင်မျိုး

    အရမ်းမချဉ်ပါဘူး ညီမငေး မေမိုးရယ်

    လာလည်ရင် စားသွားနော် တူလေး သံလွင်HeRo

    များများလုပ်မယ် မမကေအိုအမ်အတွက် နော်

    ပြောတော့ပြောပါအုံး မောင်ငယ်

    လက်ပဲခေါင်းကို မစားဖူးဘူးလား sin dan lar ရေ။ အညာဘက်မှာတော့ ပေါတယ်

    ချဉ်ပေါင်းဟင်းစားချင်တဲ့ လင်း အတွက် ချက်လိုက်တာပါ

    ကန်စွန်းရွက် သိပ်ကြိုက်တာ ကိုကြီး ၀ီ ရ။ တယောက်ထဲ မနေနဲ့ ကိုကြီး ၀ီ ချက်ကျွေးမယ့်သူရှာ။
    မဟုတ်ရင် ကွိကွိရှာပေးမယ်

    မမချိုသင်းကတော့ လုပ်ချလိုက်ပြန်ပြီ

    Anonymous ရေ မနှိပ်စက်ပါဘူးနော်

    ကြာဇံကြော်ပီ ဝေလေး အခုလာတော့

    မမနုစံ ပဲပြုတ်သုပ်လေးနဲ့ ရေနွေးကြမ်းလေးနဲ့ ချစ်ချစ်နဲ့တူတူ စားပေါ့ဗျာ

    ReplyDelete