Tuesday, September 23, 2008
ဘယာကြော်သုပ်
အပေါင်းကြော်တွေကို ခရမ်းချဉ်သီးနဲ့သုပ်စားရတာကြိုက်တဲ့ ကျွန်မအတွက် အခုတလောစားချင်မိတာက ဘယာကြော်သုပ်ပါ။
ကုလားပဲကို အရင်နေ့ကတည်းက ရေစိမ်ထားလိုက်တယ်။
နောက်တနေ့မနက်မှာ ရေစိမ်ထားတဲ့ ကုလားပဲကို ငရုပ်ဆုံနဲ့ မညက်တညက်ထောင်းပါတယ်။ လုံးကွဲလုံးကြေလေးက ကြော်လိုက်ရင် ပိုစားကောင်းတယ်လို့ ထင်မိလို့ပါ။
ဂျင်း၊ ကြက်သွန်ဖြူထောင်းတာကိုလည်း ကုလားပဲထောင်းထားတဲ့အထဲမှာ ထည့်မွှေထားတယ်။
ဆန်မှုန့်အစိမ်းအနည်းငယ်ရောပြီး ရေခပ်ပျစ်ပျစ်လေးနဲ့ ဆားပါထည့်နယ်ထားပါတယ်။
ဒယ်အိုးမှာဆီဆူရင် ထည့်ကြော်လို့ရပါပြီ။
ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ ကြက်သွန်နီကို ပါးပါးလှီး ရေဆေး ရေစစ်ထားတယ်။
ရလာတဲ့ဘယာကြော်ကို နည်းနည်းချေပြီး မဆလာလေးပါကြိုက်ရင်ထည့်၊ လှီးထားတဲ့ခရမ်းချဉ်သီး၊ ဂေါ်ဖိ၊ ငရုပ်သီးစိမ်း နံနံပင်လေးနဲ့ ခပ်ဖွဖွလေးနယ်သုပ်လိုက်ပါတယ်။
သံပရာသီးလေးပါ ညှစ်ထည့်လိုက်ရင် ချဉ်ချဉ်စပ်စပ်လေးနဲ့ အနံ့လေးလည်း အမွှေးသား။
တခါတလေတော့လည်း ဒီလိုအသုပ်လေးနဲ့ ထမင်းပူပူလေးစားလို့ ကောင်းပါတယ်။ ကိုဇနိဆိုရင်တော့ အသားဟင်းမပါဘဲ ဒီအသုပ်နဲ့ထမင်းကျွေးရင် ဇွန်းနဲ့ပန်းကန်ခေါက်နေမှာ မြင်ယောင်မိပါသေးတယ်။
မဇနိ
12 comments:
  1. ဂေါက်..ဂေါက်..ဂေါက်...
    (ဇွန်းနဲ့ ပန်းကန်ခေါက်သံ)
    တကယ်က ဂလု..ဂလု..ဂလု.. ပါ မဇနိရယ်..
    ReplyDelete
  2. လာစားပြီးး.....
    မစားဖူးဘူးတစ်ခါမှစားကောင်းမယ့်ပုံပဲ......။ကျေးဇူးး)
    ReplyDelete
  3. အား ဘေးဘယာတွေဝေးကွာဖို့၊ ဘယာကြော်သုပ်တစ်ပွဲလောက်ဗျို့!
    ReplyDelete
  4. ဘယာကြော်သုပ် အားကြီးကြိုက်...
    ပါဆယ်ပါ ဆွဲသွားပြီနော်... :D
    ReplyDelete
  5. အားပါးပါး စားချင်လိုက်တာနော်။ ပုံလေးမြင်ရတာတောင် သားရေတမျှားမျှား၊ ဂလု ဂွပ်
    ReplyDelete
  6. မမနိ လုပ်ပြန်ပြီ စားချင်တယ် ဂလုဂလု ရန်ကုန်မှာ အဲဒီ ဘရာကြော်သေးသေးလေးတွေဝယ်ပြီး သုတ်စားနေကြ ဟီးသတိရသွားပြီ :)
    ReplyDelete
  7. သောက်ကျိုးနဲ. ဘယာကြော်တောင် လုပ်တတ်တယ်….။ဟုတ်လား။ oh my god…oh my god….ခင် …မင်းအတော်ညံ့ပါလား။ …ညံ့ပါလား။။ (ကိုယ်.ကို ကိုယ် ရှုတ်ချသံ)
    ဆာနေတုံး ကုလားထမင်းကြေ် ၂ ကျပ်ခွဲတန် ဝယ်. ကြက်သားကြေ်. တကျပ်ခွဲ ဘိုးဝယ်ပြီး ဇနိ တို. ကို အရင် လာ ဂါရဝ ပြူတာ ဘယာ ကြော် သုတ်လေး နဲ. ထညိ.စားလိုက်ရ။
    တို.လဲ မနေ့ ကဘယာကြေ် တကျပ်ဘိုးဝယ်ပြီး ဒီ အတိုင်းစားလိုက် မိတယ်။ သုတ်စားဘို.လား။ စိတ်ကူးထဲ တောင် မရှိလိုက်။ ထုံးစံ မရှိပါ။
    နုစံတော.လိုက်လုပ်စားဦးမှာ မြင်ယောင်သေး။ အောင်မြင်ပါစေ...တို.ဟုး တုံ့း က သူပြာ သွားသေးတယ်။။ခွိ.
    ဇွန်းနဲ.့ ပန်းကန် ကို ခေါက်နေတာ ကတော. Waiter မဇနိ ကို ခေါ်နေတာပါလို့ နားလည်ပေးကြပါ.။
    ReplyDelete
  8. နိရေ..အဲ့..မနိရေ..
    အဟီး..နိလို့ခေါ်ရင်..၂နိလုံးထူးနေမှာစိုးလို့
    စားချင်တယ်ဗျိုးး
    ဘယာကြော်တော့စားဖူးတယ်..
    ဘယာကြော်သုပ်မစားဖူးဘူး..
    ReplyDelete
  9. အဟီး.. မမခင်ဦးမေပြောသလိုပဲ.. လုပ်စားလိုက်ဦးမှာ... :D အမ တကယ်နောက်တာပဲ.. ရီရတယ်.. :) အခုထိ တို့ဖူးက မကျိုရသေးဘူး အမရ.. :P
    မဇနိရေ.. ကိုဇနိ ဇွန်းနဲ့ ပန်းကန်ခေါက်သံစကြားနေရပြီ။ ချိတ်ကောက်ပစ်လိုက်ညီမလေး.. :D
    စားချင်စဖွယ်ပဲ ဘယာကြော်သုပ်ပဲ... အမက ရယ်ဒီမိတ်အထုပ်သုံးတယ်... ဒါပေမယ့် သိပ်စားမကောင်းဘူးရယ်.. :(
    ReplyDelete
  10. ဂေါက် ဂေါက် ချင်နေ ဂလု ချင် ဂလု
    မကျွေးပါဘူးနော် ကိုဇနိ
    တခါမှမစားဖူးဘူးလား မောင်မျိုး
    ဟား ဟား ကိုမောင်ဖြုက ဘေးဘယာတွေ ဝေးကွာချင်တယ်လား
    ပါဆယ်တော့ မပေးနိုင်ဘူးနော် ညီမသက်တန့်
    သွားရေတွေကျသွားတယ်ပေါ့ လင်း
    ဘယာကြော်သေးသေးလေးတွေ သုပ်စားရတာလည်း ကြိုက်တယ် ညီမငေး မေမိုး
    “ချင်”လို့ ထူးတာလေ ပေါက် ။ မနိ ပါ
    မမနုစံပြောလို့နော် ချိတ်ကောက်ပစ်လိုက်တာ။ ကိုဂျနိက ကျောနေတယ် “အချိုးရေး” တဲ့။
    ReplyDelete
  11. ဒီမယ် ကိုဇနိ..၊ သူချည်း ပန်းကန်ခေါက်နေတာ၊ သူများလဲ အလှည့်ပေးပါအုံးလို့။
    ခေါက်ပြီနော် ဂေါက်.. ဂေါက်..။
    ReplyDelete
  12. အမချိုသင်းနဲ့ ကိုဇနိ ပန်းကန်လုခေါက်နေကြတာနဲ့ နောက်တခါ ဟင်းထည့်စရာမရှိ ဖြစ်တော့မယ်နော်
    ReplyDelete