Monday, May 5, 2008

မဇနိသို့မွေးနေ့ဆုတောင်း


စိတ်ထားဖြူစင် အိနြေ္ဒရှင် ရွှေရုပ်သွင်ရှိ
မဇနိ၏ မွေးနေ့မင်္ဂလာ
နောင်နှစ်တစ်ရာ ကျင်းပနိုင်စေ
ဆုမွန်ချွေပြီး အောင်စည်တီး၍ ဆုတောင်းမည်။

နာဇီ ဖက်ဆစ် ကွန်မြူနစ် နှင့် မေတ္တာရှင်တို့
ဆုံဆည်းရာမြေ ထိုအိုးဝေသည်
မွေးနေ့အရှင် သခင်မအား
လေးလေးစားစား ဂုဏ်ပြုသည်။

သခင်မမွေးနေ့ ပျော်မွေ့ပါစေ
အသက်ရှည်ကြောင်း ဆုမွန်တောင်းကာ
တစ်သက်တာတွက် ကြင်ယာဖက်ဖြစ်
အချစ်ကြီးသူ “ဇနိ”လူကို ဆက်နှင်းသည်။

နောက်မွေးနေ့တွင် တူတွဲယှဉ်ကာ
ပျော်ရွှင်စွာနှင့် ဖယောင်းတိုင်မှုတ်
လက်ခုပ်တွေတီး ကိတ်မုန့်လှီးပြီး
ချစ်သဲညွန့်အား ကိတ်မုန့်ခွံ့၍ကျွေးနိုင်စေ။

2 comments:

  1. ကဗျာရေးပြီးဆုတောင်းပေးတာ ကျေးဇူးကမ္ဘာပါ ကိုလူအေးရေ။ ကဗျာဥာဏ်ကလှော်တိုင်းထွက်တဲ့ ကိုလူအေးကိုတော့ လေးစားသဗျာ။

    ReplyDelete
  2. ကိုလူအေး..
    ကျေးဇူးအများကြီးတင်ပါတယ်..
    အခုလို ကဗျာလေးပါ စပ်ပေးလို့..
    အမှတ်တရလဲ သိမ်းထားလိုက်ပီ..
    ကိုလူအေးပေးတဲ့ လက်ဆောင်တွေလဲ
    အကုန်ယူသွားပြီ..
    ကိုလူအေးလဲ ချစ်သဲညှာနဲ့
    ဆုံစည်းနိုင်ပါစေနော်...

    ReplyDelete