Monday, February 18, 2008

စိတ်ခြေရာ

အပြင်မှာ
နှင်းသိမ်းကားတွေရဲ့အသံ
ဆူညံနေတယ်….။
အခန်းထဲမှာတော့
မသန့်ရှင်းတဲ့အတွေးတွေက
မီးခိုးငွေ့လိုအမှောင်တိုက်
လှောင်အိုက်လို့ပေါ့။
သီချင်းက
ထမနဲပွဲလည်း
နွှဲကြသည်…..တဲ့။
ပြီးရင်
မောင်မလာရှောင်ကာထွက်တော့
ဆယ့်နှစ်လရာသီ
ရှိပြီမောင်ရဲ့လို့
မမြ၀င်းက လွမ်းပြဦးမယ်။
ဘ၀ဟာ
ရှင်းရခက်တဲ့ချည်မျှင်တစ်ထုံးလို
သုံးလို့မှရပါတော့မလား…။
ကံကိုယိုးမယ်ဖွဲ့
သိမ်းခဲ့တဲ့
နှင်းဆီစက္ကူပန်းပွင့်
ဝေးဝေးကြီးလွှင့်ပစ်လဲ
ပွင့်ချပ်တွေကမကြွေ
အသက်ဝင်နေဆဲရယ်။

မွန်းအိန်ဂျယ်လ်

1 comment:

  1. မမွန်းအိမ်ဂျယ်လ် ရေ….ဖြူသီက ‘ အချစ်ရေ…အချစ်ရေ…လို့တကြော်ကြော်ခေါ်ရက်နဲ့များ ’ လို့မလုပ်တော့ဘူးလား..

    ReplyDelete