Saturday, February 2, 2008

သူငယ်ချင်းတွေရဲ့ ရှယ်ယာ

ကြိုးစားရင်း…….

အိုမင်းခြင်းတွေကိုရက်ရွှေ့

သေမဲ့နေ့ကိုလည်း မေ့ကြရအောင်

ဘ၀ဟာ

ခဏတာ

မျှသာ……ဆိုသော်လည်း

ဘုံတစ်ကွေ့

ကြုံတွေ့ရတဲ့ ပြဿနာ

(တကယ်) များစွာ..။

ရင်ဆိုင်တဲ့ အခါ

နိုင်တဲ့အခါနည်း

ရှုံးပွဲက များများ

လောကဓံဟာ

ရှစ်ပါးသာရှိတယ်

ရှစ်.ပါး.သာ. ရှိတယ်။

တစ်နေ့တော့

ရိုးသားခြင်းရဲ့အရောင်

ပြောင်လက်ဝင်းပ

အထင်ကရနဲ့

အဆင်းရောအချင်းပါလှသူဟာ

ဘယ်သူဖြစ်မလဲ.မင်းပဲပေါ့ကွယ်။

မွန်းအိန်ဂျယ်လ်

No comments:

Post a Comment