Saturday, January 12, 2008

ကျိန်စာသင့်တဲ့ည


ကျိန်စာသင့်တဲ့ည

ည... အာကာတခွင်
မှောင်ရိပ်တွေဆင်း
ဝန်းကျင်တိတ်ဆိတ်
ရင်ခုန်သံတိတ်ဆိတ်တဲ ည...
ည... အချစ်တွေပျက်သုန်း
အလွမ်းနဲ့ဆုံး
ကြေကွဲလှတဲ့ ည...
ည... တုန်ရီမတ်ကွဲ
ကွဲကြေနှုတ်ဆက်
ဝမ်းနည်လှိုက်ဖို
သောကတွေပို
မျက်ရည်စိုတဲ့ ည...
ည... မှတ်တိုင်လမ်းခွဲ
နေရာလေးမှာ
လက်ပြခွဲခွာ
ချစ်သူအဝေး ပြေးထွက်တဲ့
ည...မျက်ရည်တွေကြွေ
အလွမ်းတွေဝေ
ကျိန်စာသင့်တဲ့
ဒီညကို...
နတ်ဆိုးကျိန်စာ
အကြိမ်တစ်ရာထက်ကို
ကြောက်ရွံနေမိသူပါ...

မြူနှင်းသစ်

No comments:

Post a Comment